Celebrity

ခ်စ္သုေဝကို မိတ္ကပ္ျပင္ေပးရင္းနဲ႔ သဒၶါေပါက္ လာလို႔ ေခတ္သစ္ ေဖာင္ေဒးရွင္းအတြက္ အလႉေငြ (၅) သိန္းလႉဒါန္းေပး ခဲ့တဲ့ မိတ္ကပ္မထက္

Written by Ms Cele

ခ်စ္သုေဝကို မိတ္ကပ္ျပင္ေပးရင္းနဲ႔ သဒၶါေပါက္ လာလို႔ ေခတ္သစ္ ေဖာင္ေဒးရွင္းအတြက္ အလႉေငြ (၅) သိန္းလႉဒါန္းေပး ခဲ့တဲ့ မိတ္ကပ္မထက္

အမ်ားအက်ိဳးေဆာင္တဲ့ ေခတ္သစ္ေဖာင္ေဒးရွင္းကို လႉဒါန္းသူေတြမ်ား လာတာနဲ႔အမၽွ ကူညီမႈလည္း ပိုမိုက်ယ္ျပန႔္လာခဲ့ၿပီး ဒုကၡေရာက္ေနတဲ့ဘဝေတြ အမ်ားႀကီးကို အဆင္ေျပတဲ့အေနအထား တစ္ခုထိ ကယ္တင္နိုင္ခဲ့ၾကပါတယ္။ မဖြံ့ၿဖိဳးေသးတဲ့ ေဒသေတြဆီ အေရာက္သြားၿပီး အသိပညာတိုးပြားဖို႔လုပ္ၾကတဲ့ ခ်စ္သုေဝတို႔ဇနီးေမာင္ႏွံဟာ တကယ္ကို ေလးစားထိုက္သူေတြပါ။

ေရတြင္းေရကန္ေတြ၊ စာသင္ေက်ာင္းေတြနဲ႔ စာၾကည့္တိုက္ေတြလည္း လႉဒါန္းတာေၾကာင့္ နယ္မွာရွိတဲ့ကေလးလူႀကီးမေရြး စာဖတ္လာနိုင္ခဲ့ၿပီး အသိဉာဏ္ေတြ ဖြံ့ၿဖိဳးတိုးတက္လာတာ ဝမ္းသာစရာပါပဲ။ ဒီလိုေကာင္းမြန္တဲ့လုပ္ရပ္ေတြကို အျမဲတမ္း လုပ္ေနတာေၾကာင့္ မိတ္ကပ္မထက္ကလည္း ခ်စ္သုေဝကို မိတ္ကပ္လိမ္းေပးရင္း ေခတ္သစ္ေဖာင္ေဒးရွင္းအတြက္ ေစတနာပါပါနဲ႔ ေငြက်ပ္ (၅) သိန္း လႉဒါန္းခဲ့ပါတယ္။

သူမရဲ့ၾကည္ႏူးစရာအလႉေလး အေၾကာင္းကိုလည္း ” ေခတ္နဲ႔သစ္ရဲ့ ေမေမTreza ကိုျပင္ေပးရင္း ‌ေခတ္သစ္ ေဖာင္ေဒးရွင္းမွာ အလႉေငြ (၅) သိန္းလႉျဖစ္တယ္ ဒီေငြက အရင္လက live sale ေတြေရာင္း အျပင္အလုပ္ေတြကရတဲ့ ဝင္ေငြထဲက ဖယ္ထားၿပီး လႉျဖစ္တာပါ အလုပ္ေခၚၾကတဲ့ သူေတြရဲ့ အလႉတခုလိုပါပဲ ပိုက္ဆံေတြမ်ားမ်ားေပါရင္ အလႉအမ်ားႀကီး လုပ္ခ်င္ပါေသးတယ္ ” ဆိုၿပီး လူမႈကြန္ရက္မွာ ေဝမၽွခဲ့ပါတယ္။ ေနာက္လည္းဒီထက္မကလႉဒါန္းနိုင္ပါေစ မထက္ေရ။

Credit:Cele Zone
Source:Ma Htet

ချစ်သုဝေကို မိတ်ကပ်ပြင်ပေးရင်းနဲ့ သဒ္ဓါပေါက် လာလို့ ခေတ်သစ် ဖောင်ဒေးရှင်းအတွက် အလှူငွေ (၅) သိန်းလှူဒါန်းပေး ခဲ့တဲ့ မိတ်ကပ်မထက်

အများအကျိုးဆောင်တဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကို လှူဒါန်းသူတွေများ လာတာနဲ့အမျှ ကူညီမှုလည်း ပိုမိုကျယ်ပြန့်လာခဲ့ပြီး ဒုက္ခရောက်နေတဲ့ဘဝတွေ အများကြီးကို အဆင်ပြေတဲ့အနေအထား တစ်ခုထိ ကယ်တင်နိုင်ခဲ့ကြပါတယ်။ မဖွံ့ဖြိုးသေးတဲ့ ဒေသတွေဆီ အရောက်သွားပြီး အသိပညာတိုးပွားဖို့လုပ်ကြတဲ့ ချစ်သုဝေတို့ဇနီးမောင်နှံဟာ တကယ်ကို လေးစားထိုက်သူတွေပါ။

ရေတွင်းရေကန်တွေ၊ စာသင်ကျောင်းတွေနဲ့ စာကြည့်တိုက်တွေလည်း လှူဒါန်းတာကြောင့် နယ်မှာရှိတဲ့ကလေးလူကြီးမရွေး စာဖတ်လာနိုင်ခဲ့ပြီး အသိဉာဏ်တွေ ဖွံ့ဖြိုးတိုးတက်လာတာ ဝမ်းသာစရာပါပဲ။ ဒီလိုကောင်းမွန်တဲ့လုပ်ရပ်တွေကို အမြဲတမ်း လုပ်နေတာကြောင့် မိတ်ကပ်မထက်ကလည်း ချစ်သုဝေကို မိတ်ကပ်လိမ်းပေးရင်း ခေတ်သစ်ဖောင်ဒေးရှင်းအတွက် စေတနာပါပါနဲ့ ငွေကျပ် (၅) သိန်း လှူဒါန်းခဲ့ပါတယ်။

သူမရဲ့ကြည်နူးစရာအလှူလေး အကြောင်းကိုလည်း ” ခေတ်နဲ့သစ်ရဲ့ မေမေTreza ကိုပြင်ပေးရင်း ‌ခေတ်သစ် ဖောင်ဒေးရှင်းမှာ အလှူငွေ (၅) သိန်းလှူဖြစ်တယ် ဒီငွေက အရင်လက live sale တွေရောင်း အပြင်အလုပ်တွေကရတဲ့ ဝင်ငွေထဲက ဖယ်ထားပြီး လှူဖြစ်တာပါ အလုပ်ခေါ်ကြတဲ့ သူတွေရဲ့ အလှူတခုလိုပါပဲ ပိုက်ဆံတွေများများပေါရင် အလှူအများကြီး လုပ်ချင်ပါသေးတယ် ” ဆိုပြီး လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ နောက်လည်းဒီထက်မကလှူဒါန်းနိုင်ပါစေ မထက်ရေ။

Credit:Cele Zone
Source:Ma Htet

About the author

Ms Cele

Leave a Comment