Celebrity

ခ်စ္သူကို သိန္းရာခ်ီ တန္တဲ့ စိန္နာရီႀကီး လက္ေဆာင္ေပးတဲ့ အေပၚ ေ၀ဖန္ေနသူေတြ ကို ျပင္းျပင္းထန္ထန္ တံု႕ျပန္လိုက္တဲ့ ေဇရဲထက္

Written by Ms Cele

ခ်စ္သူကို သိန္းရာခ်ီ တန္တဲ့ စိန္နာရီႀကီး လက္ေဆာင္ေပးတဲ့ အေပၚ ေ၀ဖန္ေနသူေတြ ကို ျပင္းျပင္းထန္ထန္ တံု႕ျပန္လိုက္တဲ့ ေဇရဲထက္

ေဇရဲထက္ဟာ လက္ရွိ မွာေတာ့ ေအာင္ျမင္တဲ့ အႏုပညာရွင္ တစ္ေယာက္ျဖစ္လာတဲ့ အတြက္ သူ႔ရဲ႕ ေမြးရပ္ဇာတိေျမျဖစ္တဲ့ လယ္ေဝးၿမိဳ႕အတြက္ ဂုဏ္ေဆာင္ႏိုင္ ခဲ့ၿပီလို႔ ဆိုပါတယ္။ သူ႔ရဲ႕ ဘဝအေျခအေန ေတြကို ေျပာျပခဲ့တာဟာ ပရိသတ္ေတြ သင္ခန္းစာရေစ ခ်င္လို႔၊ ဗဟုသုတ ရေစခ်င္တဲ့ ဆႏၵ ေၾကာင့္ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

ေဇရဲထက္ကို ဗီဒီယို ဇာတ္ကားေတြ ကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။ ႐ုပ္ရွင္ေခ်ာေမာလြန္း တာေၾကာင့္ လူႀကီးလူငယ္ ပရိသတ္ေတြရဲ႕ အားေပးမႈ မ်ားစြာ ရရွိခဲ့တာျဖစ္ၿပီး TV ေၾကာ္ျငာေတြလည္း အဆက္မျပတ္႐ိုက္ကူးခဲ့ရတာကို ေတြ႕ရပါတယ္။ အခုခ်ိန္မွာေတာ့ အႏုပညာေလာကမွာ ပရိသတ္အခိုင္အမာနဲ႔ရပ္တည္ေနတဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္လို႔ေနပါၿပီ။

ဟန္ေဆာင္မႈ မရွိပဲ ပြင့္ပြင့္လင္းလင္းေျပာဆို တတ္သူ ေဇရဲထက္ကေတာ့ ခ်စ္သူကို သိန္းရာ ေက်ာ္တန္ စိန္စီထားတဲ့ လက္ပတ္နာရီ လက္ေဆာင္ ေပးတဲ့ အေပၚ ေဝဖန္ေနၾကတာနဲ႔ပတ္သတ္ၿပီး ျပင္းျပင္း ထန္ထန္တုံ႔ျပန္လာခဲ့တာပါ။ ေဇရဲထက္ ေျပာခဲ့တာကေတာ့ “ကိုယ္ေတြကေတာ့ဒဲ့ပဲ စိတ္မပါရင္ သိန္းေသာင္းခ်ီ လာေပးေတာင္ စိတ္မဝင္စားဘူး ကိုယ္လည္း ၾကည္ျဖဴရင္ ေနာက္လွည့္မၾကည့္ဘူး ေနာင္တလည္းမရဘူး တတ္ႏိုင္သေလာက္ ေပးမယ္ ျပတ္သြားလည္း ခ်စ္လို႔ေပးခဲ့တာေလ အမွတ္တရရွိေစခ်င္လို႔

သူဘာလုပ္လုပ္ မေက်နပ္လို႔ လႊင့္ျပစ္လည္း ကိုယ့္အလုပ္မဟုတ္ ေထြးၿပီးသား တြံေတြးေတာ့ ျပန္မငုံတတ္ဘူး” လို႔ တုံ႔ျပန္လာခဲ့တာျဖစ္ပါတယ္ ေဇရဲထက္ကေတာ့ သူ႔ခ်စ္သူကို လက္ေဆာင္ေပးတဲ့ အေပၚ ေဝဖန္ေနၾကသူေတြကို ျပင္းထန္စြာတုံ႔ျပန္လာခဲ့ တာပဲျဖစ္ပါ တယ္ေနာ္ အဆုံးထိဖတ္ရႈေပးၾကတဲ့ အတြက္ ေက်းဇူးတင္ ပါတယ္ေနာ္။

Crd

ချစ်သူကို သိန်းရာချီ တန်တဲ့ စိန်နာရီကြီး လက်ဆောင်ပေးတဲ့ အပေါ် ဝေဖန်နေသူတွေ ကို ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်တဲ့ ဇေရဲထက်

ဇေရဲထက်ဟာ လက်ရှိ မှာတော့ အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်လာတဲ့ အတွက် သူ့ရဲ့ မွေးရပ်ဇာတိမြေဖြစ်တဲ့ လယ်ဝေးမြို့အတွက် ဂုဏ်ဆောင်နိုင် ခဲ့ပြီလို့ ဆိုပါတယ်။ သူ့ရဲ့ ဘဝအခြေအနေ တွေကို ပြောပြခဲ့တာဟာ ပရိသတ်တွေ သင်ခန်းစာရစေ ချင်လို့၊ ဗဟုသုတ ရစေချင်တဲ့ ဆန္ဒ ကြောင့်ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဇေရဲထက်ကို ဗီဒီယို ဇာတ်ကားတွေ ကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ရုပ်ရှင်ချောမောလွန်း တာကြောင့် လူကြီးလူငယ် ပရိသတ်တွေရဲ့ အားပေးမှု များစွာ ရရှိခဲ့တာဖြစ်ပြီး TV ကြော်ငြာတွေလည်း အဆက်မပြတ်ရိုက်ကူးခဲ့ရတာကို တွေ့ရပါတယ်။ အခုချိန်မှာတော့ အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ရပ်တည်နေတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်လို့နေပါပြီ။

ဟန်ဆောင်မှု မရှိပဲ ပွင့်ပွင့်လင်းလင်းပြောဆို တတ်သူ ဇေရဲထက်ကတော့ ချစ်သူကို သိန်းရာ ကျော်တန် စိန်စီထားတဲ့ လက်ပတ်နာရီ လက်ဆောင် ပေးတဲ့ အပေါ် ဝေဖန်နေကြတာနဲ့ပတ်သတ်ပြီး ပြင်းပြင်း ထန်ထန်တုံ့ပြန်လာခဲ့တာပါ။ ဇေရဲထက် ပြောခဲ့တာကတော့ “ကိုယ်တွေကတော့ဒဲ့ပဲ စိတ်မပါရင် သိန်းသောင်းချီ လာပေးတောင် စိတ်မဝင်စားဘူး ကိုယ်လည်း ကြည်ဖြူရင် နောက်လှည့်မကြည့်ဘူး နောင်တလည်းမရဘူး တတ်နိုင်သလောက် ပေးမယ် ပြတ်သွားလည်း ချစ်လို့ပေးခဲ့တာလေ အမှတ်တရရှိစေချင်လို့

သူဘာလုပ်လုပ် မကျေနပ်လို့ လွှင့်ပြစ်လည်း ကိုယ့်အလုပ်မဟုတ် ထွေးပြီးသား တွံတွေးတော့ ပြန်မငုံတတ်ဘူး” လို့ တုံ့ပြန်လာခဲ့တာဖြစ်ပါတယ် ဇေရဲထက်ကတော့ သူ့ချစ်သူကို လက်ဆောင်ပေးတဲ့ အပေါ် ဝေဖန်နေကြသူတွေကို ပြင်းထန်စွာတုံ့ပြန်လာခဲ့ တာပဲဖြစ်ပါ တယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့ အတွက် ကျေးဇူးတင် ပါတယ်နော်။

Crd

About the author

Ms Cele

Leave a Comment