Celebrity


Written by Ms Cele





Credit:CELELUCKY

ချစ်သူက ခိုးပြေးမယ်ဆိုရင်တောင် လိုက်ဖို့အဆင်သင့်ပဲလို့ ပြောလိုက်တဲ့ စံရတီမိုးမြင့်

ပရိသတ်ကြီးရေ သရုပ်ဆောင် စံရတီမိုးမြင့် ကတော့ နွေဦးတော်လှန်ရေး တွင် အခြားအနုပညာရှင် များ နည်းတူပါဝင်ခဲ့ ပါတယ်နော်။ ငြိမ်နေလို့ သွေးအေး သွားပြီလို့ အများက ဝေဖန်နေကြပေမယ့်လည်း ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေအတွက် လိပ်ပြာလုံကြောင်းကိုလည်း ပြောထားပါသေးတယ်နော်။ ဟန်ပြလုပ်ခဲ့တဲ့ သူများထက်စာရင်တော့ စံရတီမိုးမြင့်ရဲ့ လုပ်ရက်တွေက သာပါသေးတယ်နော်။

စံရတီမိုးမြင့်ဟာ 2020 ခုနှစ် ကတည်းက ရည်းစားရှိနေပြီဖြစ်ကြောင်း ပရိသတ်တွေကို အရိပ်အမြွက်ပြော ထားပါတယ်နော်။ သူ့ရဲ့ ချစ်သူကိုတော့ အတိအကျ ထုတ်ပြောထားခြင်း မရှိသေးပါဘူးနော်။ စံရတီမိုးမြင့်ရဲ့ ကောင်လေးဟာ ဘန်ကောက်တွင် နေထိုင်ပြီး နှစ်ယောက်သား long distance relationship အဖြစ် ဖြတ်သန်းနေကြရ တာပါနော်။

မြန်မာနိုင်ငံမှ ထွက်ခွာခွင့် ပိတ်ထားတာကြောင့်တစ်ယောက်နဲ့ တစ်ယောက် အွန်လိုင်းကနေသာ အဆက်အသွယ် လုပ်နေရတာဖြစ်ပါတယ်နော်။ စံရတီမိုးမြင့်ရဲ့ အကောင့်မှာလည်း ချစ်သူနဲ့အတူ တီတီတာတာပြော ထားတာတွေကိုscreenshot ရိုက်ပြီး တင်ထားပါသေး တယ်နော်။ စံရတီမိုးမြင့်ရဲ့ ချစ်သူကတော့ လူကိုယ်တိုင်လာတွေ့လို့မရသေး ‌ပေမယ့်လည်း သူ့ကောင်မလေးအတွက် လက်ဆောင်လေးတွေ ကိုတော့ အမြဲပို့ပြီး Ro နေသူပါနော်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment