Celebrity
Written by Ms Cele
Crd:Cele Active World
ချစ်သူနဲ့ အတူတူ မရှိ ရပေမယ့်လည်း Video Callလေး ခေါ်ကာ ထမင်း အတူတူ စားတယ် ဆိုတဲ့ အေသင်ချိုဆွေ
ပရိသတ်ကြီးရေ အဆိုတော်မလေး အေသင်ချိုဆွေ ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာ မလိုအောင် ချစ်ခင်ရင်းနှီးပြီး သားဖြစ်မယ် ထင်ပါတယ်.။ အေသင်ချိုဆွေ ကတော့ အသက် ငယ်ငယ်လေးနဲ့ ဝါသနာပါတဲ့ ဂီတအလုပ်ကို စတင် လုပ်ကိုင်ခဲ့ပြီး အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ခဲ့သူ ပဲဖြစ်ပါတယ်နော်.။
အဆိုတော် တစ်ယောက် အနေနဲ့ အောင်မြင်မှုတွေကို ရရှိခဲ့သလို သရုပ်ဆောင် အလုပ်ကိုပါ လုပ်ကိုင်ခဲ့သူပါ.။ ကိုယ်ရေး ကိုယ်တာ ကိစ္စများကြောင့် အနုပညာ လှုပ်ရှားမှု ရပ်နားခဲ့ပေမယ့် လက်ရှိမှာ ပျော်ရွှင်ရတဲ့ မိသားစု၊ သမီးလေး တို့ကို ပိုင်ဆိုင် ထားကာ ချစ်တဲ့ အနုပညာ အလုပ်တွေကို ပြန်လည် လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်.။
အချစ်ရေးမှာလည်း အချစ်ခံနေရလို့ ပျော်ရွှင်မှုတွေနဲ့ သူမရဲ့ ဘဝလေး အေးချမ်းနေတဲ့ အကြောင်းလေးကို အေသင်က သူမရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ.။ဒီနေ့ ဒီဇင်ဘာလ (၄)ရက်နေ့မှာလည်း အေသင်ချိုဆွေ က အဝေးရောက် နေသူ ချစ်သူနဲ့လည်း Video call နဲ့ အတူတူ ထမင်းစားတဲ့ အကြောင်းလေးကို “ထမင်းစားရင်တောင် အတူတူ” ဆိုပြီး သူမရဲ့ My Day မှာ တင်လာခဲ့ပါတယ်.။
အေသင် တစ်ယောက် ချစ်သူနဲ့အတူတူ ဘေးမှာ မရှိရပေမယ့် အထီး မကျန်ရဘဲ အချစ်ခံနေရပြီး အချစ်တွေနဲ့ ပျော်ရွှင်စိတ်ချမ်းသာ နေရတဲ့ ပုံပါပဲနော်..ပရိသတ်ကြီး.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ် ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိ်ုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်.။
Crd:Cele Active World
About the author
Ms Cele
Leave a Comment