Celebrity


Written by Ms Cele





Credit:CELELUCKY

ချစ်သူသက်တမ်း(၁၃)နှစ်ပြည့်တဲ့နေ့မှာ ချစ်သူရဲ့ ရက်လည်နေ့ဖြစ်နေတာကြောင့် ကြေကွဲဝမ်းနည်းနေရတဲ့ ညီထွဋ်ခေါင်

ပရိသတ်ကြီးရေ ဒီနေ့ဟာ ညီထွဋ်ခေါင်ရဲ့ ကောင်မလေး ဆုံးတာ ခုနှစ်ရက်ပြည့်တဲ့ နေ့ဖြစ်တာကြောင့် အိမ်မှာဘဲ ရက်လည်ဆွမ်းကျွေး ပြုလုပ်ခဲ့ကြပါတယ်နော်။ တိုက်ဆိုင်စွာနဲ့ပဲ ညီထွဋ်ခေါင်တို့ ချစ်သူနှစ်ဦးရဲ့ (၁၃) နှစ်ပြည့်နှစ်ပတ်လည်နေ့လေးဖြစ်ပြီး ဒီလို ဝမ်းနည်းစရာနေ့လေး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်မိလောက်ပါဘူးနော်။

သရုပ်ဆောင် ကျော်ကျော် ကလည်း သူတို့အရမ်းချစ်ရတဲ့ မမေရဲ့ နာရေးကို ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးရင်း ဝမ်းနည်းကြောင်း ကိုလည်း ” ဪ မမေရဲ့ ရက်လည်တောင်ရောက်လာပီ…မောင်လေး ခုထိ မယုံနိုင်သေးဘူး မမေရယ်…ဒီနေ့က ညီညီနဲ့မမေရဲ့ ၁၃ နှစ်ပြည့်မယ့် နှစ်ပတ်လည်နေ့လေးမို့ ပိုပြီး ခံစားရတယ်…ညီညီဆို ဘယ်လိုနေနေမလဲ…ညီညီကို အားတင်းထားပါလို့ပြောနေရင်းနဲ့ ကျွန်တော်တို့ငိုမိတာကို မမေ နားလည်ပေးပါနော်…ဘယ်တော့မှ မမေ့ဘူး မမေကို 😭” လို့ ရေးထားပါတယ်နော်။

” မေ ဒီနေ့ ရက်လည်ပြီနော် သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ မေ့အတွက် ရည်စူးပြီးကောင်းမှုကုသိုလ် လုပ်ပေးဖြစ်တယ်။ ကောင်းရာဘုံဘဝရောက်ပါစေ မေ။ ပြီးတော့ ဒီနေ့က ငါတို့နှစ်ယောက်ရဲ့ 13th Years Anniversary တဲ့ အဲ့လောက်တိုက်ဆိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး မေရယ် ” လို့ စိတ်မကောင်းစွာဖြင့် ရေးသားထားပါတယ်နော်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment