Celebrity

ခ်စ္သူသက္တမ္း (၅)ႏွစ္ျပည့္မွာ ခိုင္ႏွင္းေဝတို႔ ေဂဟာမွာ အလွဴေငြ ၅သိန္း လွဴဒါန္းခဲ့တဲ့ ၿဖိဳးေလးနဲ႔ ဝါဆိုမိုးဦး

Written by Ms Cele

ခ်စ္သူသက္တမ္း (၅)ႏွစ္ျပည့္မွာ ခိုင္ႏွင္းေဝတို႔ ေဂဟာမွာ အလွဴေငြ ၅သိန္း လွဴဒါန္းခဲ့တဲ့ ၿဖိဳးေလးနဲ႔ ဝါဆိုမိုးဦး

ပရိသတ္အခ်စ္ေတာ္ ေမာ္ဒယ္လ္ မင္းသမီး ေခ်ာေလး ဝါဆိုမိုးဦးနဲ႔ Snare အဖြဲ႕က အဆိုေတာ္ ၿဖိဳးေလးတို ႔ႏွစ္ေယာက္ဟာ ဒီေန႔မွာေတာ့ ခ်စ္သူသက္တမ္း (၅)ႏွစ္ျပည့္ခဲ့ၿပီျဖစ္ပါတယ္ ။ ဒီေန႔မွာေတာ့ သူတို႔ႏွစ္ေယာက္ရဲ့ ခ်စ္သူ သက္တမ္း (၅) ႏွစ္ျပည့္အမွတ္တရအေနနဲ႔ ၾကည္ႏူးဖြယ္ အလႉေလးတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္ ။

အဆိုေတာ္ ၿဖိဳးေလးနဲ႔သ႐ုပ္ေဆာင္ ဝါဆိုမိုးဦးတို႔ရဲ့ လာမယ့္ ဒီဇင္ဘာလ (၁၀)ရက္ေန႔မွာ က်ေရာ္ကမယ့္ ခ်စ္သူ သက္တမ္း(၅)ႏွစ္ျပည့္အထိမ္းအမွတ္အျဖစ္ ခိုင္ႏွင္းေဝရင္ေသြးေလး မ်ားေဂဟာသို႔ ေငြက်ပ္ (၅)သိန္းသြားေရာက္လႉဒါန္းခဲ့တာပဲျဖစ္ပါတယ္ ။ ဒါ့အျပင္ ရြာသာႀကီး ဘက္က မိဘမဲ့ေဂဟာမွာ သြားေရာက္လႉဒါန္းဦးမွာျဖစ္တယ္လို႔သိရပါတယ္ ။ Anniversary မွာ အမွတ္တရေလးလည္း ျဖစ္သြားေအာင္ ကုသိုလ္ေလးလဲရေအာင္ ခုလို ခိုင္ႏွင္းေဝရဲ့ ေဂဟာမွာ လာေရာက္လႉဒါန္းခဲ့တာျဖစ္တယ္လို႔သိရပါတယ္ ။

ၿဖိဳးေလးကေတာ့ အေဖနဲ႔အေမ မရွိေတာ့တဲ့အတြက္ မိဘမဲ့ေက်ာင္းေတြ နဲ႔ကေလးငယ္ေလးေတြကို အျမဲလိုလို လႉဒါန္းျဖစ္တယ္လို႔ဆိုပါတယ္ ။ မရွိတဲ့သူေတြကို အကုန္အဆင္ေျပေအာင္ကူညီရတဲ့အတြက္ ၾကည္ႏူး ပီတိျဖစ္ရတယ္လို႔လည္းၿဖိဳးေလးက ပရိသတ္ေတြကိုေျပာျပခဲ့ပါတယ္ ။ အမ်ားႀကီး မတတ္နိုင္ေပမယ့္ နိုင္သေလာက္ေလး လႉဒါန္းရတာ တကယ္ကို ၾကည္ႏူးပီတိျဖစ္ရတယ္လို႔ ဆယ္လီကမၻာ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ၾကပါတယ္

Credit:Cele Gabar

ချစ်သူသက်တမ်း (၅)နှစ်ပြည့်မှာ ခိုင်နှင်းဝေတို့ ဂေဟာမှာ အလှူငွေ ၅သိန်း လှူဒါန်းခဲ့တဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦး

ပရိသတ်အချစ်တော် မော်ဒယ်လ် မင်းသမီး ချောလေး ဝါဆိုမိုးဦးနဲ့ Snare အဖွဲ့က အဆိုတော် ဖြိုးလေးတို ့နှစ်ယောက်ဟာ ဒီနေ့မှာတော့ ချစ်သူသက်တမ်း (၅)နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ် ။ ဒီနေ့မှာတော့ သူတို့နှစ်ယောက်ရဲ့ ချစ်သူ သက်တမ်း (၅) နှစ်ပြည့်အမှတ်တရအနေနဲ့ ကြည်နူးဖွယ် အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ် ။

အဆိုတော် ဖြိုးလေးနဲ့သရုပ်ဆောင် ဝါဆိုမိုးဦးတို့ရဲ့ လာမယ့် ဒီဇင်ဘာလ (၁၀)ရက်နေ့မှာ ကျရော်ကမယ့် ချစ်သူ သက်တမ်း(၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ခိုင်နှင်းဝေရင်သွေးလေး များဂေဟာသို့ ငွေကျပ် (၅)သိန်းသွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ် ။ ဒါ့အပြင် ရွာသာကြီး ဘက်က မိဘမဲ့ဂေဟာမှာ သွားရောက်လှူဒါန်းဦးမှာဖြစ်တယ်လို့သိရပါတယ် ။ Anniversary မှာ အမှတ်တရလေးလည်း ဖြစ်သွားအောင် ကုသိုလ်လေးလဲရအောင် ခုလို ခိုင်နှင်းဝေရဲ့ ဂေဟာမှာ လာရောက်လှူဒါန်းခဲ့တာဖြစ်တယ်လို့သိရပါတယ် ။

ဖြိုးလေးကတော့ အဖေနဲ့အမေ မရှိတော့တဲ့အတွက် မိဘမဲ့ကျောင်းတွေ နဲ့ကလေးငယ်လေးတွေကို အမြဲလိုလို လှူဒါန်းဖြစ်တယ်လို့ဆိုပါတယ် ။ မရှိတဲ့သူတွေကို အကုန်အဆင်ပြေအောင်ကူညီရတဲ့အတွက် ကြည်နူး ပီတိဖြစ်ရတယ်လို့လည်းဖြိုးလေးက ပရိသတ်တွေကိုပြောပြခဲ့ပါတယ် ။ အများကြီး မတတ်နိုင်ပေမယ့် နိုင်သလောက်လေး လှူဒါန်းရတာ တကယ်ကို ကြည်နူးပီတိဖြစ်ရတယ်လို့ ဆယ်လီကမ္ဘာ အင်တာဗျူးမှာ ဖြေဆိုခဲ့ကြပါတယ်

Credit:Cele Gabar

About the author

Ms Cele

Leave a Comment