Celebrity
Written by Ms Cele
Credit:Yin Khat Pan
ချစ်သူကောင်မလေး က ကိုယ်ဝန် လွယ်ထား ရပြီ ဖြစ်ကြောင်း အတည်ပြုပြော ကြားလိုက်တဲ့ သရုပ်ဆောင် စည်ဖြိုး
ပရိသတ်ကြီးရေ စည်ဖြိုးဟာ ဆိုရင်ဇာတ်ကားပေါင်းများစွာ ကိုရိုက်ကူးပြီး အနုပညာအလုပ်ကို ဆက်လက် လုပ်ကိုင်နေတဲ့အောင်မြင်နေတဲ့သူ တစ်ယောက်ပါနော်။သူ့ရဲ့ချစ်သူ မိန်းမချောလေး ခင်လွှမ်းနဲ့လည်း ရွှေလက်တွဲပြီး ပျော်ရွှင်ကြည်နူးစရာ ကောင်းတဲ့ အချစ်ကမ္ဘာလေးကိုတည်ဆောက် ထားတာပဲဖြစ်ပါတယ်။
ယခုဆိုရင်တော့စည်ဖြိုး ကတော့ သူ့ရဲ့ချစ်သူလေးမှာကိုယ်ဝန်ရ နေပြီဖြစ်ကြောင်းကို ယနေ့ အောက်တိုဘာလ ၂၆ရက်နေ့မှာ သူ့ရဲ့ဖေ့ဘွတ် စာမျက်နှာမှာ ဓာတ်ပုံလေးတင်ရင်း ပရိသတ်ကြီးကိုပြောပြခဲ့ တာပဲဖြစ်ပါတယ်။သူကိုယ်တိုင်လည်းအရမ်းအံ့သြနေပြီး ဝမ်းသာပျှော်ရွှင်နေပါတယ်နော်။ သူတို့ရဲ့မင်္ဂလာပွဲကို နိုဝင်ဘာလ ပထမအပတ်မှာပြုလုပ် သွားမယ်လို့လည်း စည်ဖြိုးကပြောကြားခဲ့ပါတယ်။
အံ့သြဝမ်းသာနေတဲ့စည်ဖြိုးက”“ ကျွန်တော်ကိုယ်တိုင် လည်း အခုချိန်ထိ ပါးစပ်အဟောင်းသားပါပဲခင်ဗျာ။ဒါက ပရိသတ် ကို စလိုက်တာ မဟုတ်ပါဘူး။April Foolလည်း မလုပ်ပါဘူး။ကျွန်တော့်ရဲ့ကောင်မလေးမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ တကယ်ပါဗျာ။လောလောဆယ်တော့ နိုဝင်ဘာ(၃)ရက်နေ့ ဒါမှမဟုတ်(၅)ရက်နေ့လောက်ကို ကျွန်တော်တို့ အိမ်နားကမန္တလေးကျောင်းလို့ ခေါ်တဲ့ အဲဒီကျောင်းမှာ မင်္ဂလာဆွမ်းကျွေးလုပ်ပါမယ်”လို့ ပြောပြခဲ့ပါတယ်။
စည်ဖြိုးဟာ ယခုဆိုရင် ဖခင်နေရာရောက်ရှိ လာတော့မှာဖြစ်တဲ့အတွက် ပရိသတ်ကြီးလည်းဆက်လက် အားပေးပြီးဂုဏ်ပြုစကားလေးတွေ ပြောသွား ခဲဲ့ကြပါအုံးနော်။စည်ဖြိုးရဲ့ချစ်သူလေး ခင်လွှမ်းကိုလည်းအားပေးပြီးဆက်လက် ချစ်ခင်ပေးကြပါနော်။ နှစ်ဖက်မိဘတွေကလည်း သဘောတူပြီးသားဖြစ်တဲ့ အတွက်ကြောင့် သူတို့နှစ်ဦးရဲ့ ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ မိသားစု ဘဝလေးကို ရောက်ရှိလာမယ့် မျိုးဆက်သစ်လေးနဲ့အတူ လှပစွာဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်။ ဖတ်ရှုပေးတဲ့ချစ်ပရိသတ်ကြီး ကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်နော်။
Credit:Yin Khat Pan
About the author
Ms Cele
Leave a Comment