Celebrity


Written by Ms Cele





Credit:CELELUCKY

ချစ်သူလေးကို မတွေ့ရရင် မနေနိုင်လို့ အမြဲသွားတွေ့ပြီး ချစ်မဝဖြစ်နေတဲ့ နေဒွေး

ပရိသတ်ကြီးရေ သရုပ်ဆောင် နေဒွေး ကို သံစဉ်မောင် ကိစ္စနဲ့ ပတ်သက်ပြီး အားလုံးက အမြင်မကြည် ဖြစ်နေခဲ့ကြ တာပါနော်။ ဒီနောက်ပိုင်း သံစဉ်မောင်ရဲ့ အကြောင်းတွေကို သိသွားတဲ့ လူတွေ ကတော့ နေဒွေးရဲ့ လုပ်ရက်အပေါ် နားလည်နိုင်သွားခဲ့ကြတာပါနော်။

အခုတော့လည်း နေဒွေး တစ်ယောက် မန္တလေးက တရုတ်မလေး တစ်ယောက်နဲ့ ကြိုက်နေတာ ၁၀ လတောင် ရှိနေပါပြီနော်။ ရန်ကုန်နဲ့ မန္တလေးဖြစ်နေပေမယ့် ကောင်မလေးကို တစ်လတစ်ခါ ပုံမှန်သွားတွေ့နေတဲ့ ချစ်တတ်သူကြီးပါပဲနော်။ ကောင်မလေး ကလည်း သူ့အပေါ် အနွံတာခံပြီး ချစ်တဲ့ နေဒွေးကို ရထားတဲ့အတွက် အရမ်းကို စိတ်ချမ်းသာနေတာပါနော်။

နေဒွေးရဲ့ ကောင်မလေး ကလည်း ” အမြဲစနောက်နေသူကြီး ပျော်အောင်လည်း အမြဲထားတယ် စိတ်နည်းနည်းမှ မညစ်ခိုင်းဘူး နှစ်ယောက်လုံး အလုပ်များ သူ အလုပ်ကြိုးစားသူကြီး ” လို့ myday မှာ စာတင်ထားတာ ဖြစ်ပါတယ်နော်။ ဒီတလော မှာလည်း နေဒွေးရဲ့ ကောင်မလေးက ချစ်သူရှိတဲ့ ရန်ကုန်မြို့ကို လာလည်သွားပါသေးတယ်နော်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment