Celebrity

ခ်စ္သူေလးရဲ႕ေမြးေန႕မွာ အမွတ္ တရေတြ ဖန္တီးေပးနိုင္လို႕၀မ္းသာ ပီတိျဖစ္ေနတဲ့ ေဂေဂး

Written by Ms Cele

ခ်စ္သူေလးရဲ႕ေမြးေန႕မွာ အမွတ္ တရေတြ ဖန္တီးေပးနိုင္လို႕၀မ္းသာ ပီတိျဖစ္ေနတဲ့ ေဂေဂး

အဆိုေတာ္ ေဂေဂးနဲ့ အလွမယ္ ေဆြဇင္ထက္တို့ ခ်စ္သူနွစ္ေယာက္ ကေတာ့ LGBT စံုတြဲေလး အျဖစ္ ပရိသတ္ေတြၾကားထဲမွာ ထင္ရွားတာ ပဲ ျဖစ္ပါတယ္။ ေဂေဂးနဲ့ ေဆြဇင္ထက္တို့က သူတို့ရဲ့ အခ်စ္ေရးေလးကို သိုသိပ္စြာလွ်ိဳ့ဝွက္ထား ခဲ့ေပမယ့္ Miss Universe Myanmar 2019 ျပိဳင္ပြဲမွာေတာ့ ေဆြဇင္ထက္က သူမတို့ရဲ့ အခ်စ္ေရးကို လူသိရွင္ၾကား ဖြင့္ေျပာခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြ ကလည္း -ိင္ခြဲျခားမႈေတြမရိွပဲ တစ္ေယာက္နဲ့တစ္ေယာက္ ခ်စ္ျခင္းေမတၱာတစ္ခုတည္းနဲ့ တည္ေဆာက္ထားၾကတဲ့ ေဂေဂးနဲ့ ေဆြဇင္ထက္တို့ ခ်စ္သူနွစ္ေယာက္ကို ခ်စ္ခင္အားေပးၾကတာပဲ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ နိုဝင္ဘာလ (၁၅) ရက္ေန့ ကေတာ့ ေဆြဇင္ထက္ရဲ့ ေမြးေန့ေလးပဲျဖစ္ျပီး ေဂေဂးကလည္း သူမရဲ့ခ်စ္သူေလး အတြက္ ေပ်ာ္စရာ အမွတ္တရေတြ အမ်ားၾကီးကို ဖန္တီးေပးနိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ ေဂေဂးက “Happy Birthday ပါ ခ်စ္သူေလးေရ Swe ZinHtetမေန႔ကေရာ ဒီေန႔ေလးေရာ ေမြးေန႔မွာ ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးခြင့္ရလို႔ အရမ္းကိုေပ်ာ္ပါတယ္ အရမ္းလဲ ခ်စ္ပါတယ္ေနာ္။ ေမြးေန႔မွစၿပီး ေနာက္ထပ္ေန႔ရက္ေတြတိုင္း ေအာင္ျမင္ေက်ာ္ၾကားလူႀကိဳက္မ်ားတဲ့ အႏုပညာရွင္ တေယာက္ျဖစ္ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္” ဆိုျပီး ခ်စ္သူ ေဆြဇင္ထက္အတြက္ ေမြးေန့ဆုမြန္ေကာင္းေတာင္းေပးထားတာပဲ ျဖစ္ပါတယ္။

ေဆြဇင္ထက္ ကေတာ့ ခ်စ္သူေလးရဲ့ ဂရုစိုက္မႈေၾကာင့္ မေမ့နိုင္ စရာေကာင္းတဲ့ ေမြးေန့ေလးကို ပိုင္ဆိုင္ခဲ့ရျပီပဲ ျဖစ္ပါတယ္။ ေဂေဂးနဲ့ ေဆြဇင္ထက္တို့ ခ်စ္သူ နွစ္ေယာက္ အခုလိုပဲ ထာဝရေပ်ာ္ရႊင္ ခ်မ္းေျမ့နိုင္ၾကပါေစလို့ ဆုေတာင္းေပး လုိက္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာ ေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။

Credit: Cele Connections

ချစ်သူလေးရဲ့မွေးနေ့မှာ အမှတ် တရတွေ ဖန်တီးပေးနိုင်လို့ဝမ်းသာ ပီတိဖြစ်နေတဲ့ ဂေဂေး

အဆိုတော် ဂေဂေးနဲ့ အလှမယ် ဆွေဇင်ထက်တို့ ချစ်သူနှစ်ယောက် ကတော့ LGBT စုံတွဲလေး အဖြစ် ပရိသတ်တွေကြားထဲမှာ ထင်ရှားတာ ပဲ ဖြစ်ပါတယ်။ ဂေဂေးနဲ့ ဆွေဇင်ထက်တို့က သူတို့ရဲ့ အချစ်ရေးလေးကို သိုသိပ်စွာလျှို့ဝှက်ထား ခဲ့ပေမယ့် Miss Universe Myanmar 2019 ပြိုင်ပွဲမှာတော့ ဆွေဇင်ထက်က သူမတို့ရဲ့ အချစ်ရေးကို လူသိရှင်ကြား ဖွင့်ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း -ိင်ခွဲခြားမှုတွေမရှိပဲ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာတစ်ခုတည်းနဲ့ တည်ဆောက်ထားကြတဲ့ ဂေဂေးနဲ့ ဆွေဇင်ထက်တို့ ချစ်သူနှစ်ယောက်ကို ချစ်ခင်အားပေးကြတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၅) ရက်နေ့ ကတော့ ဆွေဇင်ထက်ရဲ့ မွေးနေ့လေးပဲဖြစ်ပြီး ဂေဂေးကလည်း သူမရဲ့ချစ်သူလေး အတွက် ပျော်စရာ အမှတ်တရတွေ အများကြီးကို ဖန်တီးပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဂေဂေးက “Happy Birthday ပါ ချစ်သူလေးရေ Swe ZinHtetမနေ့ကရော ဒီနေ့လေးရော မွေးနေ့မှာ ပျော်ရွှင်အောင် လုပ်ပေးခွင့်ရလို့ အရမ်းကိုပျော်ပါတယ် အရမ်းလဲ ချစ်ပါတယ်နော်။ မွေးနေ့မှစပြီး နောက်ထပ်နေ့ရက်တွေတိုင်း အောင်မြင်ကျော်ကြားလူကြိုက်များတဲ့ အနုပညာရှင် တယောက်ဖြစ်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်” ဆိုပြီး ချစ်သူ ဆွေဇင်ထက်အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားတာပဲ ဖြစ်ပါတယ်။

ဆွေဇင်ထက် ကတော့ ချစ်သူလေးရဲ့ ဂရုစိုက်မှုကြောင့် မမေ့နိုင် စရာကောင်းတဲ့ မွေးနေ့လေးကို ပိုင်ဆိုင်ခဲ့ရပြီပဲ ဖြစ်ပါတယ်။ ဂေဂေးနဲ့ ဆွေဇင်ထက်တို့ ချစ်သူ နှစ်ယောက် အခုလိုပဲ ထာဝရပျော်ရွှင် ချမ်းမြေ့နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Credit: Cele Connections

About the author

Ms Cele

Leave a Comment