Celebrity


Written by Ms Cele






ချစ်သူလေးရဲ့မွေးနေ့မှာ သူကိုယ်တိုင်ရွေးပြီး ဝယ်ထားတဲ့ တန်ဖိုးကြီးလက်ဆောင် တစ်ခုကိုပေးလိုက်တဲ့ စွမ်းဇာနည်

မင်းသားချော စွမ်းဇာနည် ကတော့ ဇာတ်သဘင် လောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီး ဗီဒီယို ဇာတ်ကားတွေ မှာလည်း သရုပ်ဆောင်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ အားပေးသူ ပရိသတ်အခိုင်အမာရရှိပြီးသား စွမ်းဇာနည် ကတော့ ပြီးခဲ့တဲ့နှစ်တွေက အလုပ် ကိစ္စပြဿနာ အချို့နဲ့ ကျန်းမာရေး အခြေအနေကြောင့် အလုပ်တွေ လုပ်ကိုင်တာ နည်းပါးသွားပေမယ့် စွမ်းဇာနည် ကတော့ ပရိသတ်တွေကို အရင်လိုပဲ ပြန်လည်ဖျော်ဖြေမှုတွေ လုပ်ဖို့ သူ့ကိုယ်သူ ကြိုးစားနေလျက်ရှိတာပဲ ဖြစ်ပါတယ်။

အချစ်ရေးနဲ့ ပက်သ တ်ပြီးလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားတဲ့ စွမ်းဇာနည် ကတော့ သူ့ရဲ့အချစ်ရေး ကတော့ အေးအေးဆေးဆေးနဲ့ တည်ငြိမ်စွာ ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၁၃) ရက်နေ့ကတော့ စွမ်းဇာနည် ရဲ့ချစ်သူလေး မွေးနေ့ပဲ ဖြစ်ပြီး စွမ်းဇာနည် က ချစ်သူ အတွက် “Happy Birthday ပါကွယ်” ဆိုပြီး တိုတိုတုတ်တုတ် မွေးနေ့ဆုမွန်ကောင်းတောင်း ခဲ့ပေမယ့် ချစ်သူကိုတော့ သူကိုယ်တိုင် သေချာရွေးဝယ်ထားတဲ့ ရွှေခြေကျင်းလေး လက်ဆောင် ပေးပြီး ချစ်တဲ့အကြောင်းတွေ ပြသလာတာပဲ ဖြစ်ပါတယ်။

စွမ်းဇာနည်ကတော့ ချစ်တဲ့ အကြောင်းတွေကို တဖွဖွပြောမနေပေမယ့် ချစ်သူကို အရမ်းချစ်တယ် ဆိုတာကိုတော့ သူ့ရဲ့ ဂရုစိုက်မှုလေးတွေက တဆင့် သိနိုင်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း စွမ်းဇာနည်တို့ ချစ်သူနှစ်ယောက် အစား ကြည်နူးမှုတွေ ကူးစက်သွားမယ် ထင်ပါ တယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment