Celebrity


Written by Ms Cele






ချစ်သူဖြိုးလေး ကို ကျေးဇူးတင် ကြောင်းနဲ့ ချစ်စကားတွေကို တဖန်ပြန်ပြော လိုက်တဲ့ ဝါဆိုမိုးဦး

အနုပညာရှင် စုံတွဲတွေ ထဲက လူသိများထင်ရှားတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ကတော့ ပရိသတ်တွေ အားကျရတဲ့ ချစ်သူစုံတွဲလေး တစ်တွဲပဲ ဖြစ်ပါတယ်။ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးက အနုပညာရှင်တွေပီပီ အလုပ်တွေ မအားလပ်တဲ့ကြားထဲကနေ တစ်ယောက်ကို တစ်ယောက် အရိပ်တကြည့်ကြည့် ချစ်လာရင်း သာယာတဲ့ ချစ်သူဘဝလေးကို တည်ဆောက် ထားကြတာပဲ ဖြစ်ပါ တယ်။ ဘာပဲလုပ်လုပ် စိတ်တူကိုယ်တူရှိပြီး အကျင့်စရိုက်ချင်း လည်း တူညီတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦး ကတော့ လက်ထပ်ဖို့ အထိ ရည်ရွယ်ထားကြတဲ့ ချစ်သူစုံတွဲတွေပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့ မှာတော့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ချစ်သူသက်တမ်း (၅) နှစ်ပြည့်တဲ့ နေ့လေးပဲ ဖြစ်ပါတယ်။ ဝါဆိုမိုးဦး ကတော့ သူမတို့ရဲ့ Anniversary နေ့လေးမှာ “Happy 5th anniversary.. သဲကိုအမြဲချစ်ပေးလို ့ကျေးဇူးပါနော်။ ဘာလိုလိုနဲ့ ချစ်သူသက်တမ်း၅နှစ် ရှိသွားပြီနော်။ သဲကိုအမြဲနားလည်ပေးလို့ ကျေးဇူးပါ❤️❤️❤️” ဆိုပြီး သူမအပေါ် အရမ်းချစ်ပြီး နားလည်မှုပေးတဲ့ ဖြိုးလေးကို ကျေးဇူးတင်စကားပြောလာပါတယ်။

ဖြိုးလေး ကတော့ ဝါဆိုမိုးဦးထက် အသက်ကြီးသူ တစ်ယောက်ပီပီ ချစ်သူမိန်းကလေး အပေါ် အရမ်းချစ်၊ အရမ်းနားလည်ပြီး ဖြစ်ချင်တာမှန် သမျှကို ဖြည့်စည်းပေး နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ချစ်သူ နှစ်ယောက်ရဲ့ (၅) နှစ်ပြည့် Anniversary နေ့လေးအတွက် ဝမ်းသာ ဂုဏ်ယူစကား ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment