Celebrity


Written by Ms Cele









ချစ် စရာမြေးမ လေး အတွက် ဖြစ်စေချင် တဲ့ အရာ လေး တစ်ခု ကို ပြောပြ လိုက်တဲ့ အကယ်ဒမီ ချိုပြုံး

မင်းသမီးကြီး ချိုပြုံးကတော့ အနုပညာ လောကမှာ ထင်ရှားလှတဲ့ အနုပညာရှင်ကြီးဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းကို ရရှိထားသူတစ်ဦးပါ မီဒီယာတွေ့ဆုံမှုတစ်ခု မှာတော့ ချိုပြုံးက ချစ်စရာမြေးမလေး သန့်ဝတ်ရည်မိုး အတွက် ဖြစ်စေချင်တဲ့ အရာတစ် ခုကို ပြောပြ လာခဲ့တာပါ

ချိုပြုံးက “သူကအိမ်ထဲက အိမ်ပြင်တောင်မထွက်ဘူး အခုတောင် မနည်းခေါ်လာရတာ သူကသူ့ဘာသူနေချင်တဲ့ စိတ်ပဲ ရှိတယ် ကျောင်းသွားမယ် ကျောင်းကပြန် လာရင် အိမ်မှာနေမယ် အိမ်ရောက် ရင် Facebook ပွတ်ပြီးတော့ ဂိမ်းကစား တာပေါ့ အဲ့လို ပဲနေတာ”

ဒါပေမယ့် သူ့ကို မေချိုက သီချင်းလေးတော့ဆို ခိုင်းချင်လို့ပေါ့နော်သမီးရယ် သူ့အသံဘယ်လိုနေမလဲတော့ မသိဘူး ဒါပေမယ့် မေချိုကဆရာတစ်ယောက် နဲ့တော့ အပ်ထားတယ် သူ့အသံနည်းနည်း အဆင်ပြေမယ်ဆိုရင် သူ့ကိုသီချင်းဆို ခိုင်းမယ်”

“မြေးမလေး ကိုတော့ ရုပ်ရှင်မင်းသမီးလည်း ဖြစ်စေချင်တယ် အဆိုတော်လည်း ဖြစ်စေချင်တယ် ဒါပေမယ့် မပြောနိုင်ဘူးလေ မေချိုဆိုလို့ရှိရင် ကလေးလေး ယောက်ရတော့မှ ရုပ်ရှင် မင်းသမီးဖြစ်တယ် အဆိုတော် ကတော့ ၁၁ နှစ်သမီးကတည်းကဖြစ်တ ာပေါ့နော်

ကိုယ်ကဖြစ်စေချင် တိုင်းလည်း မဖြစ်ဘူးလေ ပါရမီပါမှ ပရိသတ်က လက်ခံမှ ဒါတွေကဖြစ်တာ
ပရိသတ်ကလည်း လက်ခံမယ် ပါရမီလည်း ပါမယ် ဆို သူဟာ့သူဖြစ်သွားမှာပဲ မေချိုကတော့ အဲ့လိုပါပဲ ဘာလို့ဆို အရမ်းေ လာဘကြီးလို ့မရဘူး မဖြစ်နိုင်တာကြီးကို အတင်းတွန်းတင်လို့ မရဘူး

တွန်းလည်း မတင်ဘူး အခုသူအင်တာဗျူးလေးတစ်ခုပါတယ် လူတွေသူ့ကို အရမ်းစိတ်ဝင်စား ကြတယ် ဘာလို့ဖွက်ထားတာလဲ တို့ဘာတို့ မဟုတ်ပါဘူး မေချိုတို့က သူကကလေး ဆိုတော့
လူရာကို မသွင်းတာ ဟိုလူက ခေါက်သွားလိုက် ဒီလူကကန်သွား လိုက်နဲ့ အကိုတွေအမေ တွကချစ်တယ် သူ့အကို အကြီးဆုံးဆို တအားချစ်တာ အဓိကက အချိန် မတန်သေးလို့ပါ အချိန်တန်ရင်တော့ ပြမှာပါ” လို့ဆိုလာခဲ့တာပါ

မေချိုကတော့ သူ့ရဲ့မြေးမလေးကို ရုပ်ရှင် မင်းသမီးရော အဆိုတော်ပါ ဖြစ်စေချင်ပေမယ့် ပါရမီပါဖို့လဲ လိုသေ းတဲ့အကြောင်း ပြောပြသွားခဲ့ တာပါနော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

About the author

Ms Cele

Leave a Comment