Celebrity


Written by Ms Cele





Credit:Yaung Chi

ချယ်ရီဦး နာရီကြော်ငြာလေးကို အတူတူ ရိုက်ကူးတော့မယ့် ဟန်နေတာနဲ့ ထက်ထက်မိုးဦး

ပရိသတ်ကြီးရေ တစ်ခေတ် တစ်ခါက ကြော်ငြာဘုရင်မ လို့တောင်ခေါ် ခဲ့ရတဲ့ ကြော်ငြာတစ်ပေါက် လျှမ်းလျှမ်းတောက် မင်းသမီး ထက်ထက်မိုးဦးကတော့ အနုပညာ အလုပ်တွေကို ပြန်လည် လုပ်ဆောင်နေပြီဖြစ်သလို ကြော်ငြာတွေလည်း လက်ခံ ရိုက်ကူးနေပြီလို့သိရပါတယ် ။ဒီတစ်ခါ မှာလည်း သူမကိုချစ်တဲ့ ပရိသတ်တွေ အတွက် ကြော်ငြာလေးတစ်ခု ရိုက်ကူးခဲ့ပြန်ပါပြီ ပရိသတ်ကြီးရေ ..။

ပရိသတ်တွေ အားလုံး သိပြီးသားဖြစ်တဲ့ ချယ်ရီဦး နာရီကြော်ငြာလေးကို ထက်ထက် က ရိုက်ကူးနေတာ ဖြစ်ပြီး ထူးထူးခြားခြား အနေနဲ့ မကြာသေးမီကမှ ပရိသတ် အားပေးမှု အခိုင်အမာ ရရှိခဲ့တဲ့ တေးသံရှင် ဟန်နေတာနဲ့ တွဲဖက်ရိုက်ကူး နေတာပဲဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ ထူးထူးခြားခြား နှစ်ယောက်တွဲ ကြော်ငြာလေးကို အရမ်းကြည့်ချင် နေကြပြီလို့ ထင်ပါတယ်နော် ။

ဒီချယ်ရီဦးနာရီ ကြော်ငြာ ရိုက်ကွင်းလေးကို ကိုဆန်းဝင်းဦးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ တဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ ဒီကြော်ငြာလေးကို အမြန်ဆုံးကြည့်ချင် နေကြပြီဆိုတဲ့ မှတ်ချက်လေးတွေ ပေးခဲ့ကြပါတယ် ။

Credit:Yaung Chi

About the author

Ms Cele

Leave a Comment