Celebrity

ခ်ိဳင္းေထာက္မပါဘဲ ေျခတုေလးနဲ႔ အဆင္ေျပေျပသြား လာနိုင္သြားတဲ့အတြက္ ေပ်ာ္ရႊင္ေနတဲ့ ညီမေလးကိုၾကည့္ၿပီး ၾကည္ႏူးေနတဲ့ ခိုင္ႏွင္းေ၀

Written by Ms Cele

ခ်ိဳင္းေထာက္မပါဘဲ ေျခတုေလးနဲ႔ အဆင္ေျပေျပသြား လာနိုင္သြားတဲ့အတြက္ ေပ်ာ္ရႊင္ေနတဲ့ ညီမေလးကိုၾကည့္ၿပီး ၾကည္ႏူးေနတဲ့ ခိုင္ႏွင္းေ၀

ပရိသတ္ေတြရဲ့ အခ်စ္ေတာ္ သ႐ုပ္ေဆာင္ မင္းသမီးႀကီး ခိုင္ႏွင္းေဝ ကေတာ့ လတ္တေလာမွာ ေျခတုလိုအပ္ေနတဲ့ သူေတြ အတြက္ ေျခတုေလးေတြလည္း လႉဒါန္းေပးေန ခဲ့တာပရိသတ္ေတြ သိရွိၿပီးသားျဖစ္မွာပါေနာ္။ ဒီေန႔မွာလည္း ေျခတုလိုအပ္ေနတဲ့ ညီမေလး တစ္ေယာက္ အတြက္ ေျခတုေလးတစ္ခုကို ထပ္မံလႉဒါန္းေပးလိုက္ျပန္ပါတယ္။

ခ်ိဳင္းေထာက္နဲ႔ သြားေနရာကေန အခုလို ခ်ိဳင္းေထာက္ မပါဘဲ ေျခတုေလးနဲ႔ အဆင္ေျပေျပသြား လာနိုင္သြားတဲ့ အတြက္ ေပ်ာ္ရႊင္ေနတဲ့ ဒီညီမေလးရဲ့ အေပ်ာ္ေတြက သူ႔ဆီကိုပါ ကူစက္ၿပီး ပီတိျဖစ္ခဲ့ ရေၾကာင္းလည္း ခိုင္ႏွင္းေဝက သူ႔ရဲ့လူမႈကြန္ရက္ စာမ်က္ႏွာကေန မၽွေဝေဖာ္ျပလာခဲ့ပါတယ္။ ဒါ့အျပင္ ကိုဗစ္ေရာဂါ ကူးစက္မႈျမင့္တက္ ေနတဲ့ ဒီကာလမွာ သူ႔ကို စိတ္ပူးေပးၾကတဲ့ ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ၿပီး အခုလို အမွန္တကယ္လိုအပ္ေနတဲ့ သူေတြအတြက္ လႉဒါန္းေပးလိုက္တဲ့ အလႉကေန ရရွိတဲ့ကုသိုလ္ေတြကို သူနဲ႔ အတူ ခုႏွစ္ရက္သားသမီးေတြ အားလုံးထပ္တူထပ္မၽွရရွိၾကပါေစလို႔လည္း ကုသိုလ္မၽွေဝထားပါေသးတယ္။

ပရိသတ္ႀကီးေရ ခိုင္ႏွင္းေဝ ကေတာ့ အခုလို အလႉေတြေန႔တိုင္းျပဳလုပ္ေန ရရင္ကို တစ္ေနကုန္မေမာနိုင္ မပန္းနိုင္ နဲ႔ကို ေက်နပ္ပီတိျဖစ္ေန ရတာပါတဲ့။ ပရိသတ္ေတြရဲ့ အခ်စ္ေတာ္ျဖစ္တဲ့ ခိုင္ႏွင္းေဝရဲ့ ပရဟိတစိတ္ဓာတ္ေလးကေတာ့ တကယ္ကိုမွ ခ်ီးက်ဴးထိုက္ၿပီး မြန္ျမတ္လွတဲ့ စိတ္ဓာတ္ေလးပါပဲေနာ္ ပရိသတ္ႀကီးေရ။

Source – Khine Hnin Wai
Credit:Cele Zone

ချိုင်းထောက်မပါဘဲ ခြေတုလေးနဲ့ အဆင်ပြေပြေသွား လာနိုင်သွားတဲ့အတွက် ပျော်ရွှင်နေတဲ့ ညီမလေးကိုကြည့်ပြီး ကြည်နူးနေတဲ့ ခိုင်နှင်းဝေ

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးကြီး ခိုင်နှင်းဝေ ကတော့ လတ်တလောမှာ ခြေတုလိုအပ်နေတဲ့ သူတွေ အတွက် ခြေတုလေးတွေလည်း လှူဒါန်းပေးနေ ခဲ့တာပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါနော်။ ဒီနေ့မှာလည်း ခြေတုလိုအပ်နေတဲ့ ညီမလေး တစ်ယောက် အတွက် ခြေတုလေးတစ်ခုကို ထပ်မံလှူဒါန်းပေးလိုက်ပြန်ပါတယ်။

ချိုင်းထောက်နဲ့ သွားနေရာကနေ အခုလို ချိုင်းထောက် မပါဘဲ ခြေတုလေးနဲ့ အဆင်ပြေပြေသွား လာနိုင်သွားတဲ့ အတွက် ပျော်ရွှင်နေတဲ့ ဒီညီမလေးရဲ့ အပျော်တွေက သူ့ဆီကိုပါ ကူစက်ပြီး ပီတိဖြစ်ခဲ့ ရကြောင်းလည်း ခိုင်နှင်းဝေက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ ဒါ့အပြင် ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက် နေတဲ့ ဒီကာလမှာ သူ့ကို စိတ်ပူးပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပြီး အခုလို အမှန်တကယ်လိုအပ်နေတဲ့ သူတွေအတွက် လှူဒါန်းပေးလိုက်တဲ့ အလှူကနေ ရရှိတဲ့ကုသိုလ်တွေကို သူနဲ့ အတူ ခုနှစ်ရက်သားသမီးတွေ အားလုံးထပ်တူထပ်မျှရရှိကြပါစေလို့လည်း ကုသိုလ်မျှဝေထားပါသေးတယ်။

ပရိသတ်ကြီးရေ ခိုင်နှင်းဝေ ကတော့ အခုလို အလှူတွေနေ့တိုင်းပြုလုပ်နေ ရရင်ကို တစ်နေကုန်မမောနိုင် မပန်းနိုင် နဲ့ကို ကျေနပ်ပီတိဖြစ်နေ ရတာပါတဲ့။ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ခိုင်နှင်းဝေရဲ့ ပရဟိတစိတ်ဓာတ်လေးကတော့ တကယ်ကိုမှ ချီးကျူးထိုက်ပြီး မွန်မြတ်လှတဲ့ စိတ်ဓာတ်လေးပါပဲနော် ပရိသတ်ကြီးရေ။

Source – Khine Hnin Wai
Credit:Cele Zone

About the author

Ms Cele

Leave a Comment