Celebrity


Written by Ms Cele





Credit: Cele Zone
Photo– Khine Hnin Wai

ချို့တဲ့ တဲ့မိဘတွေက လာရောက်စွန့်ပစ်ထားတဲ့ ကလေးငယ်လေးတစ်ယောက်ကို ခေါ်ယူမွေးစားခဲ့တဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေ ကတော့ ဆယ်စုနှစ်ကျော် တိုင်အောင် ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကား များတွင် ပါဝင်ရိုက်ကူး ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ပြည်သူတွေ အတွက် တတ်နိုင် သလောက် လှူဒါန်းမှုတွေ ပြုလုပ်ပေးရန် အမြဲအသင့်ရှိနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အခုလို ကိုယ်တိုင် ကိုယ်ကျ လိုက်လံ ကူညီပေးနေတဲ့ ခိုင်နှင်းဝေရဲ့ စိတ်ထားကတော့ ချီးကျူးစရာပါပဲနော်။

ဒါ့အပြင် ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ ဆိုပြီး ဂေဟာလေး တစ်ခုကို တည်ထောင် ထားကာ အကူအညီ လိုအပ်နေတဲ့ ကလေးလေးတွေကို မေတ္တာနဲ့ ဖေးမပြီး နွေးထွေးတဲ့ ရင်ခွင်တစ်စုံကို ပေးကာ စောင့်ရှောက်ပေးနေတာပါ ။အခုဆိုရင် သူမခေါ်ယူစောင့်ရှောက်ထားတဲ့ ကလေးလေးတွေကလည်း တဖြည်းဖြည်းအရွယ်ရောက်လာလို့ ခိုင်နှင်းဝေကလည်း ချစ်မဝဖြစ်နေရတာပါ ။

ဒီနေ ့မှာလည်း မိဘက ချို့တဲ့လို့ လာရောက် စွန့်ပစ်ထားတဲ့ ကလေးငယ်လေး ကို ခေါ်ယူမွေးစားကာ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေး နေကြောင်း ဖော်ပြထားပြန်ပါတယ်။ ” ဖြူးမြို့က (၅)ရက်သားလေး ရောက်လာပါပီရှင်..ကျမတို့ “ခိုင်” မိသားစုရဲ့ မိသားစုဝင်လေး ဖြစ်သွားပါပြီ..သားလေးက ပေါင်မပြည့်ပဲ အသားတွေ ဝါနေပြီး နို့စို့ဘို့ အခက်အခဲ ရှိနေပါတယ်..ကျန်းမာရေး နဲ့ ပတ်သတ်ပြီး စစ်ဆေး စရာတွေ ကုသစရာတွေ လုပ်ရပါမယ်..ကျမ သားလေးကို နာမည်လေးပေးဘို့လဲ စဉ်းစားထားပေးကြပါဦး” ဆိုပြီး ပုံလေးတွေနဲ့ တကွဖော်ပြထားရာ ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Credit: Cele Zone
Photo– Khine Hnin Wai

About the author

Ms Cele

Leave a Comment