Celebrity

“ခြပ္ေဒါင္းေအာင္လံျပည့္သူ ႔အသံ” အတြက္ ပံ့ပိုး ကူညီသူ ေတြကို ေက်းဇူးတင္ ေၾကာင္း ေျပာျပ လိုက္တဲ့ ခရစၥတီနာခီ

Written by Ms Cele

“ခြပ္ေဒါင္းေအာင္လံျပည့္သူ ႔အသံ” အတြက္ ပံ့ပိုး ကူညီသူ ေတြကို ေက်းဇူးတင္ ေၾကာင္း ေျပာျပ လိုက္တဲ့ ခရစၥတီနာခီ

ေရြးေကာက္ပြဲ အတြက္ မဲေပးျခင္း ၿပီးဆုံးသြား ေပမယ့္လည္း အႏုပညာရွင္ေတြ ကေတာ့ သူတို႔ယုံၾကည္ရာပါတီ အတြက္ ႀကိဳးပမ္းမႈ ေတြ ျပဳလုပ္ေနဆဲပါ ။ ႐ုပ္ရွင္ကား တစ္ကား ထဲနဲ႔ ပရိသတ္ေတြရင္ထဲကို ထိုးေဖာက္ေနရာ ယူနိုင္ခဲ့တဲ့ ဒါရိုက္တာ ခရစၥတီနာခီက လည္း “ခြပ္ေဒါင္းေအာင္လံျပည့္သူ႔အသံ” ဆိုတဲ့ သူမရဲ့ Page ေလးကေန တဆင့္ NLD အတြက္ရိုက္ကူးေရးေတြ ျပဳလုပ္ခဲ့တယ္လို႔သိရပါတယ္ ၊

ခရစၥတီနာခီ က သူမ တို႔ရဲ့ “ခြပ္ေဒါင္းေအာင္လံျပည့္သူ႔အသံ” page အတြက္ ရိုက္ကူး၊တည္းျဖတ္၊ ပံ့ပိုးေပးခဲ့သူမ်ားနဲ႔အတူ ရိုက္ကူး ထားတဲ့ ပုံရိပ္ေလးေတြကို ပရိသတ္ေတြကို မၽွေဝေပးလာခဲ့ပါတယ္ ။ ဒီဓါတ္ပုံထဲမွာ editor တေယာက္နဲ႔ ကားဆရာ ၄ေယာက္ေတာ့မပါဝင္ဘူးလို႔လည္း ေရးသားေဖာ္ျပထား ပါေသးတယ္ ။ အနယ္နယ္ အရပ္ရပ္မွာရိုက္ကူးေရး အဆင္ေျပဖို႔ပံ့ပိုးေပးခဲ့သူမ်ားအားလုံးကိုလည္း ေက်းဇူးတင္ စကားဆိုခဲ့ၿပီး ရိုက္ကူးေရးအတြက္ သူမ အလုပ္မ်ား ေနခ်ိန္မွာ နိုဝါေလးကိုထိန္း ေပးတဲ့ ညီမအယ္ဘူေစးနဲ႔ ကယားမွာသားသားေလးနဲ႔ အေဖာ္ေနေပးတဲ့ ေမာင္ေလးေဝယံတို႔ကိုလည္း ေက်းဇူးအထူးတင္ပါတယ္လို႔ သူမရဲ့လူမႈကြန္ရက္ စာမ်က္ႏွာကေနတဆင့္ ေက်းဇူးတင္ စကားဆိုခဲ့ပါတယ္ ။

ပရိသတ္ေတြ ကေတာ့ NLD ေအာင္နိုင္ေရး အတြက္ အမ်ားႀကီး အေထာက္ အကူျပဳတဲ့ ဒီအစီအစဥ္ေလးကို အရမ္းသေဘာက်ေၾကာင္း ေရးသားမွတ္ခ်က္ ေပးခဲ့ၾကပါတယ္ ။ ပရိသတ္ႀကီး ကလည္း ဒါရိုက္တာ ခရစၥတီနာခီရဲ့ “ခြပ္ေဒါင္းေအာင္လံျပည့္သူ႔အသံ” ဆိုတဲ့ Page ေလးက တင္ဆက္မႈ ေတြကို အားေပးၾကပါဦးေနာ္ ။

Credit:Cele Gabar

“ခွပ်ဒေါင်းအောင်လံပြည့်သူ ့အသံ” အတွက် ပံ့ပိုး ကူညီသူ တွေကို ကျေးဇူးတင် ကြောင်း ပြောပြ လိုက်တဲ့ ခရစ္စတီနာခီ

ရွေးကောက်ပွဲ အတွက် မဲပေးခြင်း ပြီးဆုံးသွား ပေမယ့်လည်း အနုပညာရှင်တွေ ကတော့ သူတို့ယုံကြည်ရာပါတီ အတွက် ကြိုးပမ်းမှု တွေ ပြုလုပ်နေဆဲပါ ။ ရုပ်ရှင်ကား တစ်ကား ထဲနဲ့ ပရိသတ်တွေရင်ထဲကို ထိုးဖောက်နေရာ ယူနိုင်ခဲ့တဲ့ ဒါရိုက်တာ ခရစ္စတီနာခီက လည်း “ခွပ်ဒေါင်းအောင်လံပြည့်သူ့အသံ” ဆိုတဲ့ သူမရဲ့ Page လေးကနေ တဆင့် NLD အတွက်ရိုက်ကူးရေးတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ် ၊

ခရစ္စတီနာခီ က သူမ တို့ရဲ့ “ခွပ်ဒေါင်းအောင်လံပြည့်သူ့အသံ” page အတွက် ရိုက်ကူး၊တည်းဖြတ်၊ ပံ့ပိုးပေးခဲ့သူများနဲ့အတူ ရိုက်ကူး ထားတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ဒီဓါတ်ပုံထဲမှာ editor တယောက်နဲ့ ကားဆရာ ၄ယောက်တော့မပါဝင်ဘူးလို့လည်း ရေးသားဖော်ပြထား ပါသေးတယ် ။ အနယ်နယ် အရပ်ရပ်မှာရိုက်ကူးရေး အဆင်ပြေဖို့ပံ့ပိုးပေးခဲ့သူများအားလုံးကိုလည်း ကျေးဇူးတင် စကားဆိုခဲ့ပြီး ရိုက်ကူးရေးအတွက် သူမ အလုပ်များ နေချိန်မှာ နိုဝါလေးကိုထိန်း ပေးတဲ့ ညီမအယ်ဘူစေးနဲ့ ကယားမှာသားသားလေးနဲ့ အဖော်နေပေးတဲ့ မောင်လေးဝေယံတို့ကိုလည်း ကျေးဇူးအထူးတင်ပါတယ်လို့ သူမရဲ့လူမှုကွန်ရက် စာမျက်နှာကနေတဆင့် ကျေးဇူးတင် စကားဆိုခဲ့ပါတယ် ။

ပရိသတ်တွေ ကတော့ NLD အောင်နိုင်ရေး အတွက် အများကြီး အထောက် အကူပြုတဲ့ ဒီအစီအစဉ်လေးကို အရမ်းသဘောကျကြောင်း ရေးသားမှတ်ချက် ပေးခဲ့ကြပါတယ် ။ ပရိသတ်ကြီး ကလည်း ဒါရိုက်တာ ခရစ္စတီနာခီရဲ့ “ခွပ်ဒေါင်းအောင်လံပြည့်သူ့အသံ” ဆိုတဲ့ Page လေးက တင်ဆက်မှု တွေကို အားပေးကြပါဦးနော် ။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment