Celebrity
Written by Ms Cele
ခန္ဓာကိုယ် အချိုးအစား နဲ့ ပက်သတ်ပြီး သူမရဲ့ခံစားချက် ကို ပြောပြ လာတဲ့ သက်မွန်မြင့်
ပရိသတ်တွေ အရမ်းချစ်ကြတဲ့ ဝါရင့်အနုပညာရှင် တစ်ဦးဖြစ်တဲ့ မင်းသမီးချောလေး သက်မွန်မြင့် ကတော့ သူမကို အရမ်းချစ်တဲ့ ခင်ပွန်း ဖြစ်သူရယ်၊ ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးရယ်နဲ့အတူ ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ အိမ်ထောင်ရေး မှာလည်း ကံကောင်းမှုတွေ ရှိတဲ့ သက်မွန်မြင့်က သားသမီးတွေ ပိုင်ဆိုင်လာချိန် မှာလည်း သူမအပေါ် အရမ်းချစ်ပြီး သိတတ်လိမ္မာတဲ့ သားသမီးလေးတွေ အကြောင်း အခုလိုပဲ ပြောလာပါတယ်။
မိဘမျိုးရိုးအရ ခန္ဓာကိုယ် ဖွံံ့ဖွံ့ထွားထွား နဲ့ အရပ်အမောင် ဒေါင်ကောင်းကောင်းလည်း ရှိတဲ့ သက်မွန်မြင့်က ဒီကနေ့မှာတော့ သူမရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ပက်သတ်ပြီး “လွန်ခဲ့တဲ့ ၈ နှစ်ကပုံ တက်လာတော့ ကိုယ့်ကိုကိုယ်တောင် တော်တော် သနားသွားတယ်။ အရိုးတွေပေါ့😂😂😂 ဒါမယ့် အဲ့တုန်းကလည်း ဝလို့တဲ့ အငတ်တွေခံရတာ ခံရတာ ဆိုတာ မသက်သာလိုက်တာများ.. တစ်သက်လုံးကို ပိန်တယ် မဝဘူးဆိုတဲ့ခံစားမှုကို မရခဲ့ဖူးတာ ဝဋ်ကြွေးလေလားနော် 😅😅😅” ဆိုပြီး ပြောပြလာပါတယ်။
သက်မွန်မြင့်ကတော့ အိမ်ထောင်ကျပြီး ကလေးမွေးပြီးသွား ချိန်မှာလည်း သိသိသာသာဝသွားခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင် ဖြစ်တာကြောင့် ခန္ဓာကိုယ် အလေးချိန်ကိုလည်း တတ်နိုင်သလောက် လျှော့ချခဲ့တာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ချစ်တဲ့ ပရိသတ်တွေကတော့ သက်မွန်မြင့်ဆိုတဲ့ ဖြစ်တည်မှုလေးကိုပဲ ချစ်ကြတာမို့ ပိန်ခြင်း၊ ဝခြင်းက အဓိကမကျ ပါဘူးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။
Credit:Cele Connections
About the author
Ms Cele
Leave a Comment