Celebrity


Written by Ms Cele






ခန္ဓာကိုယ် အလေးချိန်တွေကျသွားပြီး လှလာတဲ့ သမီးလေးကို ကြည့်ကာ ချစ်မဝဖြစ်နေကြတဲ့ ရန်ကျော်နဲ့ မေခလာ

အနုပညာရှင် ဇနီးမောင်နှံ နှစ်ယောက်ဖြစ်တဲ့ အဆိုတော် မေခလာနဲ့ သရုပ်ဆောင် ရန်ကျော် ကတော့ တစ်ဦးတည်းသော သမီးလေး တစ်ယောက်တည်း ကိုသာ မွေးဖွားထားကြပြီး သာယာတဲ့ အချစ်ရေး တစ်ခုကို အတူတူ တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ မေခလာနဲ့ ရန်ကျော်တို့ ကတော့ အနုပညာရှင်တွေပီပီ အလုပ်တွေကို ဆက်တိုက် ဆိုသလို လုပ်ကိုင်နေရပေမယ့် တစ်ဦးတည်းသော သမီးလေး ပြည့်ပြည့်အပေါ်မှာလည်း မိဘတို့ဝတ္တရားရှိတဲ့ အတိုင်း တာဝန်တွေကျေပွန်ကြသူများ ဖြစ်ကြပါတယ်။

မေခလာနဲ့ ရန်ကျော်တို့ရဲ့ သမီးလေး ပြည့်ပြည့်ကလည်း တစ်ချိန်က အဝလွန်ခဲ့ပေမယ့် အခုဆိုရင် ကိုယ်အလေးချိန် (၅၀) ကျော်ကို နှစ်လအတွင်းချ နိုင်ခဲ့တာကြောင့် တစ်နေ့တစ်ခြား အလှတွေ ပေါ်လွင်လာခဲ့တာပဲ ဖြစ်ပါတယ်။ မေခလာနဲ့ ရန်ကျော်တို့ကလည်း သမီလေးလှလာတဲ့အတွက် ဝမ်းသာနေကြပြီး “ချစ်သမီးပိန်လာလို့ သူချည်း ပုံတွေရိုက်တင်နေတော့တာပဲ။ တားမရတော့ ဘူး 🤩🤩😁” ဆိုပြီး မေခလာက သမီးလေးကို ဓာတ်ပုံရိုက်လွန်းလို့ စနောက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

မေခလာနဲ့ ရန်ကျော်တို့ရဲ့ သမီးလေး ပြည့်ပြည့်က အရင်ကချစ်စရာကောင်းတယ်ဆိုပေမယ့် အခုလို ကိုယ်ရည်စစ်သွားတဲ့အချိန်မှာ ပိုလို့တောင် အလှတွေ တိုးလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ မေခလာနဲ့ ရန်ကျော်တို့ရဲ့ သမီးလေးကို ကြည့်ပြီး အချစ်ပို အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment