Celebrity

ဂိမ္းေဆာ့ေနရင္း စိတ္ေကာက္ သြားတဲ့ ခ်စ္သူလႊမ္းပိုင္ ကို စိတ္ေကာက္ ေျပေအာင္ အသည္း အသန္ ျပန္ေခ်ာ့ ခဲ့ရတဲ့ Bobby Soxer ရဲ႕ ဗီဒီယို

Written by Ms Cele

ဂိမ္းေဆာ့ေနရင္း စိတ္ေကာက္ သြားတဲ့ ခ်စ္သူလႊမ္းပိုင္ ကို စိတ္ေကာက္ ေျပေအာင္ အသည္း အသန္ ျပန္ေခ်ာ့ ခဲ့ရတဲ့ Bobby Soxer ရဲ႕ ဗီဒီယို

လူငယ္ႀကိဳက္ အဆိုေတာ္ႏွစ္ဦးျဖစ္တဲ့ လႊမ္းပိုင္နဲ႔ Bobby Soxer ဟာ အႏုပညာ ေလာကမွာသာ အတြဲညီညီလိုက္ဖက္႐ုံ သာမက လက္ေတြ႕ဘဝမွာလဲ အတြဲညီညီ လိုက္ဖက္လြန္းလွ သူႏွစ္ဦးျဖစ္ပါတယ္။ Rap သီခ်င္းေတြကို ႐ူးသြပ္စြာလုပ္ကိုင္ေနတဲ့ လူငယ္ႏွစ္ဦးျဖစ္ၿပီး ေအာင္ျမင္မႈ ကိုယ္စီ ရရွိေနတဲ့ လႊမ္းပိုင္နဲ႔ Bobby Soxer က ဂီတမွာတင္မကပဲ ဝါသနာပါတဲ့အရာေတာ္ေတာ္မ်ားမ်ားကလည္း ကိုက္ညီမႈရွိတာကို ေတြ႕ရပါတယ္။ ဂိမ္းေဆာ့ရတာခ်င္း ဝါသနာတူတဲ့ ခ်စ္သူႏွစ္ေယာက္က Bo Paing Gyi နဲ႔ Gwat Gwat ဆိုတဲ့ ေပ့ခ္်ေလးေတြေထာင္ၿပီး ဂိမ္းေတြကိုလည္း ေဆာ့ျပေလ့ရွိတာပဲ ျဖစ္ပါတယ္။

သမီးရည္းစား သဘာဝ ခ်စ္ၾကတာလည္းရွိ သလို စိတ္ဆိုးစိတ္ေကာက္တာ မ်ိဳးလည္းရွိတဲ့ လႊမ္းပိုင္နဲ႔ Bobby Soxer တို႔က ဂိမ္းေဆာ့ ရင္းလည္း မၾကာခဏစိတ္ေကာက္ တတ္ၾကတာကို ေတြ႕ရပါတယ္။ ဒီတစ္ခါမွာေတာ့ လႊမ္းပိုင္က ဂိမ္းေဆာ့ ေနရင္း အမွားလုပ္ခဲ့တဲ့ Bobby Soxer ကို စိတ္ေကာက္ ေနတာေၾကာင့္ Bobby Soxer ခမ်ာ ခ်စ္သူလႊမ္းပိုင္ စိတ္ဆိုးေျပေအာင္ နည္းမ်ိဳးစုံသုံးၿပီး အသည္းအသန္ ေခ်ာ့ခဲ့ရတာကို အခုလိုမ်ိဳးပဲ ခ်စ္စဖြယ္ ေတြ႕ရပါတယ္။

လႊမ္းပိုင္နဲ႔ Bobby Soxer တို႔ ႏွစ္ေယာက္ ကေတာ့ အေသးအမႊား ကိစၥေလးေတြနဲ႔ စိတ္ဆိုးစိတ္ေကာက္ ေလ့ရွိေပမယ့္ ဘယ္ေတာ့မွ ႀကီးႀကီး မားမား ရန္မျဖစ္ၾကတာကို ပရိသတ္ႀကီး လည္း သတိထားမိၾကမယ္ ထင္ပါတယ္။ ပရိသတ္ႀကီးလည္း Bobby Soxer ရဲ႕ ဗီဒီယိုေလးကို ၾကည့္ၿပီး အသည္းေတြယားေနၾကမယ္ ထင္ပါ တယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို ႔ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

ဂိမ်းဆော့နေရင်း စိတ်ကောက် သွားတဲ့ ချစ်သူလွှမ်းပိုင် ကို စိတ်ကောက် ပြေအောင် အသည်း အသန် ပြန်ချော့ ခဲ့ရတဲ့ Bobby Soxer ရဲ့ ဗီဒီယို

လူငယ်ကြိုက် အဆိုတော်နှစ်ဦးဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer ဟာ အနုပညာ လောကမှာသာ အတွဲညီညီလိုက်ဖက်ရုံ သာမက လက်တွေ့ဘဝမှာလဲ အတွဲညီညီ လိုက်ဖက်လွန်းလှ သူနှစ်ဦးဖြစ်ပါတယ်။ Rap သီချင်းတွေကို ရူးသွပ်စွာလုပ်ကိုင်နေတဲ့ လူငယ်နှစ်ဦးဖြစ်ပြီး အောင်မြင်မှု ကိုယ်စီ ရရှိနေတဲ့ လွှမ်းပိုင်နဲ့ Bobby Soxer က ဂီတမှာတင်မကပဲ ဝါသနာပါတဲ့အရာတော်တော်များများကလည်း ကိုက်ညီမှုရှိတာကို တွေ့ရပါတယ်။ ဂိမ်းဆော့ရတာချင်း ဝါသနာတူတဲ့ ချစ်သူနှစ်ယောက်က Bo Paing Gyi နဲ့ Gwat Gwat ဆိုတဲ့ ပေ့ခ်ျလေးတွေထောင်ပြီး ဂိမ်းတွေကိုလည်း ဆော့ပြလေ့ရှိတာပဲ ဖြစ်ပါတယ်။

သမီးရည်းစား သဘာဝ ချစ်ကြတာလည်းရှိ သလို စိတ်ဆိုးစိတ်ကောက်တာ မျိုးလည်းရှိတဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့က ဂိမ်းဆော့ ရင်းလည်း မကြာခဏစိတ်ကောက် တတ်ကြတာကို တွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ လွှမ်းပိုင်က ဂိမ်းဆော့ နေရင်း အမှားလုပ်ခဲ့တဲ့ Bobby Soxer ကို စိတ်ကောက် နေတာကြောင့် Bobby Soxer ခမျာ ချစ်သူလွှမ်းပိုင် စိတ်ဆိုးပြေအောင် နည်းမျိုးစုံသုံးပြီး အသည်းအသန် ချော့ခဲ့ရတာကို အခုလိုမျိုးပဲ ချစ်စဖွယ် တွေ့ရပါတယ်။

လွှမ်းပိုင်နဲ့ Bobby Soxer တို့ နှစ်ယောက် ကတော့ အသေးအမွှား ကိစ္စလေးတွေနဲ့ စိတ်ဆိုးစိတ်ကောက် လေ့ရှိပေမယ့် ဘယ်တော့မှ ကြီးကြီး မားမား ရန်မဖြစ်ကြတာကို ပရိသတ်ကြီး လည်း သတိထားမိကြမယ် ထင်ပါတယ်။ ပရိသတ်ကြီးလည်း Bobby Soxer ရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး အသည်းတွေယားနေကြမယ် ထင်ပါ တယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို ့ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment