Celebrity
Written by Ms Cele
ဂိမ်းဆော့ လွန်းတဲ့ ချစ်သူ လွှမ်းပိုင်ရဲ့ Stream ကို ထိုင်ကြည့် ပြီး ညလုံးပေါက် ဝန်းရံ စောင့်ကြည့်ပေး ခဲ့တဲ့ အမာခံ Fan Girl လေး Bobby Soxer
လူငယ်တိုင်း အားပေးကြတဲ့ အဆိုတော် လွှမ်းပိုင်နဲ့ Bobby Soxer တို့ကတော့ ဝါသနာချင်းလည်း တူသလို စိတ်တူကိုယ်တူ ရှိကြသူများ ဖြစ်ပါတယ်။ လွှမ်းပိုင်နဲ့ Bobby Soxer တို့ကတော့ ခေတ်လူငယ် သမီးရည်းစား တွေဖြစ်ပေမယ့် အေးအေးဆေးဆေးသာ ရှိကြပြီး အများရှေ့မှာ ဆိုရင်လည်း တစ်ယောက်နဲ့ တစ်ယောက် ထိန်းထိ်န်း သိမ်းသိမ်းနေကြတဲ့ သမီးရည်းစားတွေပဲ ဖြစ်ကြ ပါတယ်။ ချစ်သူသက်တမ်း (၁၁) နှစ်ကျော်တိုင် ရှိနေပြီဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ကတော့ အိမ်ထောင်ပြုဖို့ကို မစဉ်းစားသေးပဲ နှစ်ဖက်မိဘသဘောတူကြည်ဖြူစွာနဲ့ လက်တွဲနေကြတာပဲ ဖြစ်ပါတယ်။
လွှမ်းပိုင်ကလည်း လူငယ် တစ်ယောက်ဖြစ်ပေမယ့် အရက်သောက် ပျော်ပါးနေတာ မျိုးမရှိပဲ သူဝါသနာပါတဲ့ ဂိမ်းတွေကိုပဲ ဆော့သလို Bobby Soxer ကလည်း လွှမ်းပိုင်လိုပဲ ဂိမ်းဆော့ရတာ ကြိုက်နှစ်သက် တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက် မှာလည်း Bobby Soxer က ဂိမ်းဆော့လွန်းတဲ့ ချစ်သူ ဘိုပိုင်ကြီးရဲ့ Stream ကို ထိုင်ကြည့်ပြီး ညလုံးပေါက်ဝန်းရံ အားပေးပြီး စောင့်ကြည့်ပေးနေခဲ့ကြောင်း အခုလိုပဲ ပြသလာပါတယ်။
လွှမ်းပိုင်နဲ့ Bobby Soxer တို့ကတော့ တကယ့်ကို စွယ်တော်ရွက် လေးလို ထပ်တူကျတဲ့ ချစ်သူစုံတွဲလေးပဲ ဖြစ်ပါတယ်။ စိတ်တူကိုယ်တူ ရှိကြတဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ အမြန်ဆုံး ရွှေလက်တွဲ လက်ထပ်နိုင် ကြဖို့ ပရိသတ်တွေက မျှော်လင့်နေကြတာမို့ လွှမ်းပိုင်တို့ရဲ့ မင်္ဂလာ သတင်းလေး အမြန်ဆုံးဖြစ်လာ ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Credit:Cele Connections
About the author
Ms Cele
Leave a Comment