Celebrity


Written by Ms Cele





Credit:Cele World

ဂျာမဏီနိုင်ငံမှာပြုလုပ်မယ့် Oldenburg International Film Festival တွင် Official Competitation အတွက် ရွေးချယ်ခြင်းခံထားရတဲ့ အူဝဲနဲ့သုသုပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကား

အနုပညာလမ်းကြောင်း တစ်လျှောက်မှာ ထိပ်တန်းမင်းသမီး တစ်ယောက်ဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့ မိသားစုကတော့ ပရိသတ်တွေရဲ့အချစ်တွေကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်နော်.. သူမကတော့ လက်ရှိမှာ ဖမ်းဆီးခံထားရတာကြောင့် အင်းစိန်ထေင်ထဲမှာရောက်ရှိနေတာပဲ ဖြစ်ပါတယ်နော်…

ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံတော့ လက်ရှိမှာမြန်မာပြည်မှာဖြစ်နေတဲ့ အရေးတွေကြောင့် ဖမ်းဝရံထုတ်ခံ ထားရပေမဲ့လည်း ဇွဲမလျှော့ဘဲ အမြဲတမ်း တက်ကြွစွာ ပါဝင်ပေးနေဆဲ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာလည်း ဝေဖန်ခံရမှုတွေတစ်ချို့ရှိခဲ့ပေမဲ့ နောက်မဆုတ်ဘဲ ရဲရဲဝင့်ဝင့်ရှိနေပေးလို့ ပရိသတ်တွေရဲ့အချစ်‌တွေကို ရယူထားနိုင်သူလေးဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်ဖြိုးသုကပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့်ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့အကယ်ဒမီမင်းသမီးပဲဖြစ်ပါတယ်။

အနုပညာ ညီအစ်မတွေဖြစ်ပြီးပြည်သူ ချစ်မင်းသမီးတွေ ဖြစ်ကြတဲ့ အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့ အဓိကပါဝင် သရုပ်ဆောင် ထားကြတဲ့“what happened to the wolf?” ရုပ်ရှင်ကားကို ဂျာမဏီနိုင်ငံမှာပြုလုပ်မယ့် Oldenburg International Film Festival တွင် Official Competitation အတွက် ရွေးချယ်ခြင်းခံထားရပြီး World Premiereအဖြစ်ပြသသွားမှာဖြစ်ပါတယ်။Oldenburg International Film Festival ကို Oldenburg မြို့တွင် စက်တင်ဘာလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ထိ ကျင်းပသွားမှာပါ။ လို့လည်း သိရပါတယ်နော်… ပရိသတ်ကြီး လည်း အားပေးကြပါအုံးနော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Credit:Cele World

About the author

Ms Cele

Leave a Comment