Celebrity

ငယ္ငယ္ကတည္းက ခင္မင္ခဲ့တဲ့ အခ်စ္ဆံုး သူငယ္ခ်င္းကို ခင္မင္မႈ(၁၉)နွစ္ျပည့္ အထိမ္းအမွတ္ အျဖစ္ လက္စြပ္ လွလွေလးေတြ လက္ေဆာင္ ေပးခဲ့တဲ့ ေဖြးေဖြး

Written by Ms Cele

ငယ္ငယ္ကတည္းက ခင္မင္ခဲ့တဲ့ အခ်စ္ဆံုး သူငယ္ခ်င္းကို ခင္မင္မႈ(၁၉)နွစ္ျပည့္ အထိမ္းအမွတ္ အျဖစ္ လက္စြပ္ လွလွေလးေတြ လက္ေဆာင္ ေပးခဲ့တဲ့ ေဖြးေဖြး

နိုင္ငံေက်ာ္ မင္းသမီးေခ်ာေလး ေဖြးေဖြးက က်ရာဇာတ္ရုပ္ကို ပီပီျပင္ျပင္နဲ့ အေကာင္းဆံုး သရုပ္ေဆာင္နိုင္သူ တစ္ဦးပါပဲ။ သူမရဲ့ ထူးျခားတဲ့ သရုပ္ေဆာင္ စြမ္းရည္ေျကာင့္ အနုပညာ သက္တမ္း ၁၀ နွစ္အတြင္းမွာ အကယ္ဒမီဆုၾကီး(၃)ဆုကို ထိုက္ထိုက္ တန္တန္ ဆြတ္ခူးရရိွထားတဲ့အျပင္ ျပီးခဲ့တဲ့ရက္ပိုင္း ကလည္း ကိုရီးယားနိုင္ငံ ဆိုးလ္ျမိဳ့က ေပးအပ္ခ်ီးျမွင့္တဲ့ Asia Special Award ဆုၾကီးကိုလည္း ရရိွပိုင္ဆိုင္ ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြအတြက္ အလုပ္ေတြ လုပ္ရင္း တျဖည္းျဖည္းအသက္ ရလာတဲ့ ေဖြးေဖြးက အခုဆိုရင္ အိမ္ေထာင္ျပဳသင့္တဲ့ အရြယ္ေရာက္ေနျပီ ဆိုေပမယ့္ တစ္ကိုယ္တည္းအပ်ိဳၾကီးအျဖစ္ အနုပညာ အလုပ္ေတြကို ဆက္လက္ လုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။

တစ္ေယာက္တည္းသမား ပီပီ မိသားစုနဲ့ သူငယ္ခ်င္း ေတြကို အရမ္းခင္တြယ္တဲ့ ေဖြးေဖြးက ဒီတစ္ခါ မွာလည္း (၇) တန္းကတည္းက ခင္မင္ခဲ့တဲ့ အခ်စ္ဆံုး သူငယ္ခ်င္း စာေရးဆရာမ မာရင္ရင္ကို ခင္မင္မႈ(၁၉)နွစ္ျပည့္အျဖစ္ လက္ေဆာင္ေလး ေတြေပးခဲ့တယ္လုိ့ သိရပါတယ္။ မာရင္ရင္က “7 တန္းႏွစ္ေလာက္က စတားကိုလာ တစ္ထုပ္တူတူေသာက္ ၊ ၿမိဳင္ေဟဝန္ ၅၀ တန္ဘာဂါပိစိ တစ္လုံး ႏွစ္ေယာက္ခြဲစား ပုံေတြအတူဆြဲ ရန္ျဖစ္လိုက္ ခ်စ္လိုက္ စိတ္ေကာက္လိုက္ ျပန္တည့္လိုက္နဲ႔ ၁၉ ႏွစ္ရွိသြားၿပီ 😘 အေဖြးေပးတဲ့ မနက္ခင္းလက္ေဆာင္ 😍😍😍😍” ဆိုျပီး ေဖြးေဖြး လက္ေဆာင္ ေပးတဲ့ လက္စြပ္ လွလွေလးေတြကို ျပသလာပါတယ္။

ေဖြးေဖြး ကေတာ့ သူမနဲ့ အလယ္တန္းကတည္းက ခင္မင္ရတဲ့ သူငယ္ခ်င္း အိမ္ေထာင္က် ကေလး မိခင္ျဖစ္သြား ေပမယ့္လည္း သူငယ္ခ်င္း အေပၚ သံေယာဇဥ္ရိွျပီး အခ်စ္မေလ်ာ့ သြားတဲ့ သူငယ္ခ်င္းေကာင္း တစ္ေယာက္ပါပဲ။ ေဖြးေဖြးတို့ သူငယ္ခ်င္း နွစ္ေယာက္ ခင္မင္မႈ(၁၉)နွစ္ျပည့္ မွသည္ ေနာက္နွစ္ေတြ အမ်ားၾကီး ဆက္လက္ျပီး ခ်စ္သြားနုိင္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာ ေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾက ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

ငယ်ငယ်ကတည်းက ခင်မင်ခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်းကို ခင်မင်မှု(၁၉)နှစ်ပြည့် အထိမ်းအမှတ် အဖြစ် လက်စွပ် လှလှလေးတွေ လက်ဆောင် ပေးခဲ့တဲ့ ဖွေးဖွေး

နိုင်ငံကျော် မင်းသမီးချောလေး ဖွေးဖွေးက ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်သူ တစ်ဦးပါပဲ။ သူမရဲ့ ထူးခြားတဲ့ သရုပ်ဆောင် စွမ်းရည်ကြောင့် အနုပညာ သက်တမ်း ၁၀ နှစ်အတွင်းမှာ အကယ်ဒမီဆုကြီး(၃)ဆုကို ထိုက်ထိုက် တန်တန် ဆွတ်ခူးရရှိထားတဲ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်း ကလည်း ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ပေးအပ်ချီးမြှင့်တဲ့ Asia Special Award ဆုကြီးကိုလည်း ရရှိပိုင်ဆိုင် ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အလုပ်တွေ လုပ်ရင်း တဖြည်းဖြည်းအသက် ရလာတဲ့ ဖွေးဖွေးက အခုဆိုရင် အိမ်ထောင်ပြုသင့်တဲ့ အရွယ်ရောက်နေပြီ ဆိုပေမယ့် တစ်ကိုယ်တည်းအပျိုကြီးအဖြစ် အနုပညာ အလုပ်တွေကို ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

တစ်ယောက်တည်းသမား ပီပီ မိသားစုနဲ့ သူငယ်ချင်း တွေကို အရမ်းခင်တွယ်တဲ့ ဖွေးဖွေးက ဒီတစ်ခါ မှာလည်း (၇) တန်းကတည်းက ခင်မင်ခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်း စာရေးဆရာမ မာရင်ရင်ကို ခင်မင်မှု(၁၉)နှစ်ပြည့်အဖြစ် လက်ဆောင်လေး တွေပေးခဲ့တယ်လို့ သိရပါတယ်။ မာရင်ရင်က “7 တန်းနှစ်လောက်က စတားကိုလာ တစ်ထုပ်တူတူသောက် ၊ မြိုင်ဟေဝန် ၅၀ တန်ဘာဂါပိစိ တစ်လုံး နှစ်ယောက်ခွဲစား ပုံတွေအတူဆွဲ ရန်ဖြစ်လိုက် ချစ်လိုက် စိတ်ကောက်လိုက် ပြန်တည့်လိုက်နဲ့ ၁၉ နှစ်ရှိသွားပြီ 😘 အဖွေးပေးတဲ့ မနက်ခင်းလက်ဆောင် 😍😍😍😍” ဆိုပြီး ဖွေးဖွေး လက်ဆောင် ပေးတဲ့ လက်စွပ် လှလှလေးတွေကို ပြသလာပါတယ်။

ဖွေးဖွေး ကတော့ သူမနဲ့ အလယ်တန်းကတည်းက ခင်မင်ရတဲ့ သူငယ်ချင်း အိမ်ထောင်ကျ ကလေး မိခင်ဖြစ်သွား ပေမယ့်လည်း သူငယ်ချင်း အပေါ် သံယောဇဉ်ရှိပြီး အချစ်မလျော့ သွားတဲ့ သူငယ်ချင်းကောင်း တစ်ယောက်ပါပဲ။ ဖွေးဖွေးတို့ သူငယ်ချင်း နှစ်ယောက် ခင်မင်မှု(၁၉)နှစ်ပြည့် မှသည် နောက်နှစ်တွေ အများကြီး ဆက်လက်ပြီး ချစ်သွားနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment