Celebrity


Written by Ms Cele






ငယ်ငယ်ကတည်းက ခင်မင်ခဲ့တဲ့ သူငယ်ချင်း ဝိုင်းစုခိုင်သိန်းကို မွေးနေ့ဆုတောင်းစကားလေး ပြောလိုက်တဲ့ ဇေယျ

နိုင်ငံကျော် အနုပညာရှင် တွေဖြစ်ကြတဲ့ ဇေယျနဲ့ ဝိုင်းစုခိုင်သိန်း ကတော့ အနုပညာ လောကမှာ အခင်မင်ဆုံး သူငယ်ချင်းနှစ်ယောက်လို့ ဆိုနိုင် ပါတယ်။ ဇေယျနဲ့ ဝိုင်းစုခိုင်သိန်း က အတွဲညီညီနဲ့ အနုပညာအလုပ်တွေကို တပူးပူးတတွဲတွဲ လုပ်ကိုင်ခဲ့ တာကြောင့် ပရိသတ်တွေက သဘောတူခဲ့ကြတဲ့ အနုပညာ မောင်နှမတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဝိုင်းစုခိုင်သိန်း ကတော့ အိမ်ထောင်ကျပြီး အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်လို့နေပြီ ဆိုပေမယ့် ဇေယျကတော့ တစ်ကိုယ်တည်း လူပျိုကြီးအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၂၄) ရက်နေ့ကတော့ ဝိုင်းစုခိုင်သိန်း ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ဇေယျ ကတော့ သူနဲ့ ဆယ်စုနှစ်ကျော်တိုင် ခင်မင်ရင်းနှီး ခဲ့ကြတဲ့ သူငယ်ချင်းလေး ဝိုင်းစုခိုင်သိန်း အတွက် မမေ့မလျော့ပဲ မွေးနေ့ဆုတောင်းပေး လာခဲ့တာကို တွေ့ရပါတယ်။ ဇေယျက “Happy birthday wine Su.. Wish you all the best” ဆိုပြီး သူငယ်ချင်း ဝိုင်းစုရဲ့ ငယ်ဘဝအမှတ်တရဓာတ်ပုံလေးနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ဇေယျကတော့ သူငယ်ချင်း ဝိုင်းစု အတွက် မှတ်မှတ်ရရ မွေးနေ့ဆုတောင်းစကားလေး ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်လေး ဝိုင်းစုအတွက် မွေးနေ့ဆုတောင်း စကားလေး ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment