Celebrity

ငယ္ငယ္ကတည္းက အားေပးခဲ့ရတဲ့ ယြန္းယြန္းအတြက္ ေမြးေန႕ဆုမြန္ေကာင္း ေတာင္းေပးလိုက္တဲ့ စည္သူ၀င္း

Written by Ms Cele

ငယ္ငယ္ကတည္းက အားေပးခဲ့ရတဲ့ ယြန္းယြန္းအတြက္ ေမြးေန႕ဆုမြန္ေကာင္း ေတာင္းေပးလိုက္တဲ့ စည္သူ၀င္း

ဇာတ္လမ္းတြဲ မင္းသားေတြထဲက တစ္ေယာက္ အပါအဝင္ျဖစ္တဲ့ စည္သူဝင္း ကေတာ့ အပိုအလိုမရိွတဲ့ အိုက္တင္ေတြနဲ့ အေကာင္းဆံုးသရုပ္ေဆာင္ နိုင္တာေၾကာင့္ လူၾကီး၊ လူငယ္ ပရိသတ္ေတြၾကားမွာ ေအာင္ျမင္ခဲ့သူ တစ္ေယာက္ ျဖစ္ပါတယ္။ စည္သူဝင္းက လတ္တေလာမွာေတာ့ ဇာတ္လမ္းတြဲ ရိုက္ကူးမႈေတြကို ရပ္နားထားျပီး Double Dating ဆိုတဲ့ အစီအစဥ္မွာ ပါဝင္ရိုက္ကူး ေပးေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း Double Dating အစီအစဥ္မွာ စည္သူဝင္းကို သဇင္ထူးျမင့္နဲ့ တကယ့္သမီးရည္းစား စံုတြဲအစစ္ေလးလို အားေပးေနၾကတာပဲ ျဖစ္ပါတယ္။

မေန့က ဇန္နဝါရီလ (၁၉) ရက္ေန့ကေတာ့ Double Dating အစီအစဥ္ထဲမွာ ပါဝင္တဲ့ ယြန္းယြန္းရဲ့ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ စည္သူဝင္းက သူနဲ့ ရက္ေတြအၾကာၾကီး အစီအစဥ္ ရိုက္ကူးလာတဲ့ ယြန္းယြန္းအတြက္ “Happy Birthday Yoon🎂🎂 I Wish You All The Best🙏 ငယ္ငယ္ထဲအားေပး ခဲ့ရတဲ့ ကေလးကအခုဆို 21ႏွစ္ေတာင္ျပည့္ၿပီေနာ္ ယြန္းလိုအရမ္းခ်စ္ဖို႔ ခင္ဖို႔ေကာင္းၿပီး စိတ္တူကိုယ္တူ ညီမေလးတစ္ေယာက္ရ လိုက္ရတဲ့အတြက္ အရမ္းဝမ္းသာမိပါတယ္❤️” ဆိုျပီး ေမြးေန့ဆုေတာင္းေပးလာခဲ့တာပဲ ျဖစ္ပါတယ္။

စည္သူဝင္း ကေတာ့ ယြန္းယြန္းကို ကေလးသရုပ္ေဆာင္ ဘဝကတည္းက အားေပးခဲ့ရတာျဖစ္ေၾကာင္း ပြင့္ပြင့္လင္းလင္းေျပာ ထားသလို ယြန္းယြန္းနဲ့ ခင္မင္ခြင့္ရခဲ့တာကို ဝမ္းသာေၾကာင္း ေျပာလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။

Source: Si Thu Win’s fb
Credit:Cele Connections

ငယ်ငယ်ကတည်းက အားပေးခဲ့ရတဲ့ ယွန်းယွန်းအတွက် မွေးနေ့ဆုမွန်ကောင်း တောင်းပေးလိုက်တဲ့ စည်သူဝင်း

ဇာတ်လမ်းတွဲ မင်းသားတွေထဲက တစ်ယောက် အပါအဝင်ဖြစ်တဲ့ စည်သူဝင်း ကတော့ အပိုအလိုမရှိတဲ့ အိုက်တင်တွေနဲ့ အကောင်းဆုံးသရုပ်ဆောင် နိုင်တာကြောင့် လူကြီး၊ လူငယ် ပရိသတ်တွေကြားမှာ အောင်မြင်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ စည်သူဝင်းက လတ်တလောမှာတော့ ဇာတ်လမ်းတွဲ ရိုက်ကူးမှုတွေကို ရပ်နားထားပြီး Double Dating ဆိုတဲ့ အစီအစဉ်မှာ ပါဝင်ရိုက်ကူး ပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း Double Dating အစီအစဉ်မှာ စည်သူဝင်းကို သဇင်ထူးမြင့်နဲ့ တကယ့်သမီးရည်းစား စုံတွဲအစစ်လေးလို အားပေးနေကြတာပဲ ဖြစ်ပါတယ်။

မနေ့က ဇန်နဝါရီလ (၁၉) ရက်နေ့ကတော့ Double Dating အစီအစဉ်ထဲမှာ ပါဝင်တဲ့ ယွန်းယွန်းရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ စည်သူဝင်းက သူနဲ့ ရက်တွေအကြာကြီး အစီအစဉ် ရိုက်ကူးလာတဲ့ ယွန်းယွန်းအတွက် “Happy Birthday Yoon🎂🎂 I Wish You All The Best🙏 ငယ်ငယ်ထဲအားပေး ခဲ့ရတဲ့ ကလေးကအခုဆို 21နှစ်တောင်ပြည့်ပြီနော် ယွန်းလိုအရမ်းချစ်ဖို့ ခင်ဖို့ကောင်းပြီး စိတ်တူကိုယ်တူ ညီမလေးတစ်ယောက်ရ လိုက်ရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်❤️” ဆိုပြီး မွေးနေ့ဆုတောင်းပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

စည်သူဝင်း ကတော့ ယွန်းယွန်းကို ကလေးသရုပ်ဆောင် ဘဝကတည်းက အားပေးခဲ့ရတာဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းပြော ထားသလို ယွန်းယွန်းနဲ့ ခင်မင်ခွင့်ရခဲ့တာကို ဝမ်းသာကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Si Thu Win’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment