Celebrity


Written by Ms Cele






ငယ်ငယ်က သူမကို နှိပ်ချပြောဆို ခဲ့သူတွေကို သူမရဲ့ပုံရိပ်တွေကို ချပြပြီး ပြန်လည် တုံ့ပြန် လိုက်တဲ့ ပက်ထရစ်ရှာ

ညှို့မျက်ဝန်းတွေနဲ့ ဆွဲဆောင်မှု ပြင်းတဲ့ မင်းသမီးလေး ပတ်ထရစ်ရှာ က ဆယ်ကျော်သက် အရွယ်ကတည်းက မော်ဒယ် တစ်ယောက်အဖြစ် အနုပညာလောက ထဲကို ဝင်ရောက်လာ ခဲ့ပြီး ယနေ့ထက်တိုင် အောင်မြင်မှု ရရှိ နေတာ ဖြစ်ပါတယ်။ သူမရဲ့ ဘိုဆန်တဲ့ ဝတ်စား ဆင်ယင်မှုနဲ့ အပြင်အဆင်တွေကြောင့် လူငယ်ပရိသတ် တွေရဲ့ အာရုံစိုက်မှုခံနေရသူ တစ်ယောက်ဆိုလည်း မမှားပါဘူး။ ပတ်ထရစ်ရှာက လက်ရှိ မှာတော့ သူမရဲ့ အနုပညာလုပ်ငန်းတွေကို ရပ်နားထားပေမယ့် ပရိသတ်တွေ အတွက် သူမရဲ့ အမိုက်စားဓာတ်ပုံတွေနဲ့ Tik Tok ဗီဒီယိုကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် မျှဝေပေးနေတာပဲ ဖြစ်ပါတယ်။

တစ်နေ့ထက်တစ်နေ့ ပိုပြီး မိမိုက် လာတဲ့ အပြင်အဆင်တွေနဲ့ ဆွဲဆောင်မှုရှိ လာတဲ့ ပတ်ထရစ်ရှာ ကနေ ဒီကနေ့မှာ မြင်ရသူတိုင်း ရင်သပ်ရှုမော သွားစေမယ့် ဓာတ်ပုံတွေကို ချပြလာခဲ့ပါတယ်။ ပတ်ထရစ်ရှာက သူမရဲ့ ဓာတ်ပုံလေးတွေကို မျှဝေရင်း “Hello to the bullies who called me “ugly” and “ja pu ma” at school. 😊” လို့ဆိုက သူမကို ငယ်ငယ်က ကျောင်းမှာ “ဂျပုမ၊ ရုပ်ဆိုးမ” လို့ခေါ်ပြီး နှိမ်ခဲ့တဲ့သူတွေကို ချေပြလိုက်တာပဲ ဖြစ်ပါတယ်။

ပတ်ထရစ်ရှာ ကတော့ ငယ်ငယ်က “ဂျပုမ၊ ရုပ်ဆိုးမ” လို့ အခေါ်ခံခဲ့ရပေမယ့် လက်ရှိမှာတော့ မြင်သူ တိုင်းကျ ချစ်ရတဲ့ မင်းသမီးလေး ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment