Celebrity


Written by Ms Cele






ငယ်စဉ်ကတည်းက နားထောင် ခဲ့ရတဲ့ ထွန်းထွန်းရဲ့ သီချင်းဟောင်း တွေကို တီဗီဖန်သားပြင် ရှေ့ကနေ အားပေးခဲ့တဲ့ အေးမြတ်သူ

အကယ်ဒမီမင်းသမီးလေး အေးမြတ်သူ ကတော့ အသက် သုံးဆယ်ကျော် အရွယ်ကို ရောက်နေပြီဖြစ်ပေမယ့် မိဘတွေနဲ့ အတူတူ နေထိုင်ရင်း အိမ်ထောင်မပြုသေးတဲ့ အပျိုကြီးတစ်ယောက် ဖြစ်ပါတယ်။ အေးမြတ်သူက လက်ရှိ မှာတော့ ကပ်ရောဂါဆိုးကြီးကြောင့် သူမရဲ့ အနုပညာလုပ်ငန်းတွေကို ရပ်နားထားပြီး အိမ်သားတွေအတွက် ဟင်းတွေချက်ပြုတ်ရင်း အချိန်ကုန်နေတာပဲ ဖြစ်ပါတယ်။ အသက်အရွယ်ကြီးလာတာနဲ့အမျှ ပိုပြီးရင့်ကျက်တည်ငြိမ်လာတဲ့ အေးမြတ်သူကတော့ ပရိသတ်တွေအတွက် အကျိုးရှိမယ့်အရာလေးတွေကိုပဲ ဝေမျှရင်း သူမရဲ့ တစ်နေ့တာကို ကုန်ဆုံးနေလျက်ရှိသူတစ်ယောက်ပါ။

အနုပညာလောကမှာ ကျင်လည် လာတာ ဆယ်စုနှစ်ကျော်တိုင်ရှိနေပြီဖြစ်တဲ့ အေးမြတ်သူက သူမရဲ့ အနုပညာ ညီအစ်ကို မောင်နှမတွေအပေါ်လည်း သံယောဇဉ်ကြီးရှာသူ တစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခေါက် မှာလည်း အေးမြတ်သူက သူမရဲ့ ငယ်သူငယ်ချင်း တစ်ယောက်လည်းဖြစ်သလို လုပ်ဖော် ကိုင်ဖက်လည်းဖြစ်တဲ့ အဆိုတော် ထွန်းထွန်းရဲ့ Examplez Show ကို တီဗီဖန်သားပြင် ရှေ့ကနေ အားပေးဝန်းရံနေတဲ့အကြောင်း သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေ အခုလိုပဲ Live လွှင့်ပေးလာခဲ့ပါတယ်။

အေးမြတ်သူ ကတော့ သူငယ်ချင်းကြီး ထွန်းထွန်းရဲ့ နားမထောင်ရတာကြာပြီဖြစ်တဲ့ သီချင်းဟောင်း တွေကို နားဆင်ရင်း ငယ်ဘဝကို ကောင်းကောင်းကြီး သတိရနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော မနေ့က ထွန်းထွန်း တို့ရဲ့ ထွန်းထွန်းရဲ့ Examplez Show ကို ကြည့်ဖြစ်ကြရဲ့လား ပြောပြခဲ့ ဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment