Celebrity

ငယ္ဘ၀က ႐ုပ္ေလးေတြကို TVမွာ ျပန္လည္ၾကည့္ရႈရင္း ကိုယ့္ကို ကိုယ္ သေဘာက်ေနတဲ့ ယြန္းယြန္း

Written by Ms Cele

ငယ္ဘ၀က ႐ုပ္ေလးေတြကို TVမွာ ျပန္လည္ၾကည့္ရႈရင္း ကိုယ့္ကို ကိုယ္ သေဘာက်ေနတဲ့ ယြန္းယြန္း

ပရိသတ္ေတြ အရင္ကတည္းက ခ်စ္ခဲ့ရတဲ့ ဆံပင္ရွည္ရွည္၊ ပါးခ်ိဳင့္ေလးနဲ့ ခ်စ္စရာေကာင္းတဲ့ ကေလး သရုပ္ေဆာင္ ယြန္းယြန္းက အခုဆိုရင္ အပ်ိဳၾကီးဖားဖား တစ္ေယာက္ေတာင္ ျဖစ္လို့ေနျပီပဲ ျဖစ္ပါတယ္။ ယြန္းယြန္းကေတာ့ အခုဆိုရင္ အသက္ (၂၁) နွစ္ျပည့္ခါနီး အရြယ္ေလးျဖစ္ေနျပီျဖစ္ျပီး သူမရဲ့ အသက္အရြယ္နဲ့ လိုက္ဖက္တဲ့ ကာရိုက္တာေတြမွာ သရုပ္ေဆာင္ရင္း အနုပညာေလာကမွာ က်င္လည္ေနဆဲပဲ ျဖစ္ပါတယ္။ အနုပညာမွာ ပါရမီပါလြန္းတဲ့ ယြန္းယြန္းကေတာ့ (၂၀၁၂) ခုနွစ္မွာ “တိမ္မင္းသမီးရဲ့ဒ႑ာရီ” ရုပ္ရွင္ဇာတ္ကားၾကီးနဲ့ အကယ္ဒမီအထူးဆု တစ္ဆုကို လက္ဝယ္ရရိွပိုင္ဆိုင္ထားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။

အနုပညာ ေလာကမွာ က်င္လည္လာ ခဲ့တာ ဆယ္စုနွစ္တစ္ခု ေက်ာ္တိုင္ ရိွေနျပီျဖစ္တဲ့ ယြန္းယြန္း ကေတာ့ သူမရဲ့ငယ္ဘဝမွာ အမွတ္တရေတြမ်ားစြာ ရိွခဲ့တာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ယြန္းယြန္းက သူမရဲ့ ကေလး သရုပ္ေဆာင္ဘဝက ပံုရိပ္ေလးကို တီဗီဖန္သားျပင္ေပၚမွာ ျပန္လည္ၾကည့္ရႈရင္း ကိုယ့္ကိုကုိယ္ “ဘာရုပ္ေလးမွန္းမသိဘူး” ဆိုျပီး အသည္းယား သေဘာက်ေနတာကို ေတြ့ရပါတယ္။

ယြန္းယြန္းကေတာ့ သူမရဲ့ ငယ္ဘဝ ပံုရိပ္ေလးကလည္း ခ်စ္စရာေကာင္းခဲ့သလို အသက္အရြယ္ တစ္ခုေရာက္လာခ်ိန္မွာလည္း အပ်ိဳေလး တစ္ေယာက္အတုိင္း လွေသြးၾကြယ္ျပီး ပိုလို့ေတာင္ ေခ်ာလာတာ ပရိသတ္ၾကီးလည္း သတိထားမိၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပး လိုက္ပါတယ္။

Source: Yoon Yoon’s fb
Credit:Cele Connections

ငယ်ဘဝက ရုပ်လေးတွေကို TVမှာ ပြန်လည်ကြည့်ရှုရင်း ကိုယ့်ကို ကိုယ် သဘောကျနေတဲ့ ယွန်းယွန်း

ပရိသတ်တွေ အရင်ကတည်းက ချစ်ခဲ့ရတဲ့ ဆံပင်ရှည်ရှည်၊ ပါးချိုင့်လေးနဲ့ ချစ်စရာကောင်းတဲ့ ကလေး သရုပ်ဆောင် ယွန်းယွန်းက အခုဆိုရင် အပျိုကြီးဖားဖား တစ်ယောက်တောင် ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ ယွန်းယွန်းကတော့ အခုဆိုရင် အသက် (၂၁) နှစ်ပြည့်ခါနီး အရွယ်လေးဖြစ်နေပြီဖြစ်ပြီး သူမရဲ့ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ကာရိုက်တာတွေမှာ သရုပ်ဆောင်ရင်း အနုပညာလောကမှာ ကျင်လည်နေဆဲပဲ ဖြစ်ပါတယ်။ အနုပညာမှာ ပါရမီပါလွန်းတဲ့ ယွန်းယွန်းကတော့ (၂၀၁၂) ခုနှစ်မှာ “တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီအထူးဆု တစ်ဆုကို လက်ဝယ်ရရှိပိုင်ဆိုင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။

အနုပညာ လောကမှာ ကျင်လည်လာ ခဲ့တာ ဆယ်စုနှစ်တစ်ခု ကျော်တိုင် ရှိနေပြီဖြစ်တဲ့ ယွန်းယွန်း ကတော့ သူမရဲ့ငယ်ဘဝမှာ အမှတ်တရတွေများစွာ ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ယွန်းယွန်းက သူမရဲ့ ကလေး သရုပ်ဆောင်ဘဝက ပုံရိပ်လေးကို တီဗီဖန်သားပြင်ပေါ်မှာ ပြန်လည်ကြည့်ရှုရင်း ကိုယ့်ကိုကိုယ် “ဘာရုပ်လေးမှန်းမသိဘူး” ဆိုပြီး အသည်းယား သဘောကျနေတာကို တွေ့ရပါတယ်။

ယွန်းယွန်းကတော့ သူမရဲ့ ငယ်ဘဝ ပုံရိပ်လေးကလည်း ချစ်စရာကောင်းခဲ့သလို အသက်အရွယ် တစ်ခုရောက်လာချိန်မှာလည်း အပျိုလေး တစ်ယောက်အတိုင်း လှသွေးကြွယ်ပြီး ပိုလို့တောင် ချောလာတာ ပရိသတ်ကြီးလည်း သတိထားမိကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေး လိုက်ပါတယ်။

Source: Yoon Yoon’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment