Celebrity


Written by Ms Cele





Credit:Cele Zone

ငယ်ရွယ်နုပျိုစဉ်က ပုံနဲ့ ယခုချိန် ကျက်သရေရှိစွာ လှပနေတဲ့ ပုံတွေကို ယှဉ်တွဲပြသလိုက်တဲ့ ဝါဝါအောင်

ငယ်ရွယ်စဉ် အချိန်တုန်းကတော့ လူတိုင်းဟာနုပျိုကြ တာချည်းပါပဲ။ ဝါရင့်သရုပ်ဆောင် တစ်ဦး ဖြစ်တဲ့ အကယ်ဒမီ ဒေါ်ဝါဝါအောင် တစ်ယောက် သူမရဲ့ ငယ်နုစဉ်က ပုံလေး တစ်ခုကို ပရိသတ်ကြီး မြင်တွေ့နိုင်အောင် လူမှုကွန်ရက်မှာ ဝေမျှပေး ခဲ့ပါတယ်။ ငယ်တုန်းက လဲ ချစ်စရာကောင်းသလို အသက်အရွယ် ရလာတဲ့အချိန်မှာလည်း ကျက်သရေရှိရှိ လှလွန်းနေခဲ့ပါတယ်။

လက်ရှိမှာတော့ အသက်ငါးဆယ်ကျော် အရွယ်အမျိုးသမီး တစ်ယောက်ဖြစ်နေပေမယ့် သူမရဲ့ လှပမှုနဲ့ ကျက်သရေရှိမှုတွေဟာ လျော့ပါးမသွား ခဲ့ပါတယ်။ ငယ်စဉ်တုန်းက ငယ်ဂုဏ်လေးနဲ့ ချစ်စရာကောင်းသလို အသက်အရွယ်ရလာတဲ့ အချိန်မှာလည်း ကျက်သရေရှိတဲ့ ပုံစံလေးတွေနဲ့ ကြည့်ကောင်းလွန်းနေခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူ ဦးအောင်ခိုင်နဲ့လည်း ပျော်စရာကောင်းတဲ့ အိမ်ထောင်ရှင်ဘဝကို တည်ဆောက်ထားပြီး နှစ်ယောက်အတူ အနုပညာလုပ်ငန်းတွေကို အောင်အောင်မြင်မြင် လုပ်နေခဲ့ပါတယ်။ ဒီနေ့မှာတော့ သူမရဲ့ ငယ်ရွယ်စဉ်နဲ့ လက်ရှိအသက်အရွယ်ကို ယှဉ်ထားတဲ့ ပုံလေးတွေကို ” သူတို့နှစ်ယောက်က ဘာတော်တာ လဲဟင် ဖြေပေးကြပါအုံးရှင် ” ဆိုပြီး ဝေမျှခဲ့တာမို့ ပရိသတ်တွေ ကလည်း သဘောကျနေ ခဲ့ပါတယ်။

Credit:Cele Zone

About the author

Ms Cele

Leave a Comment