Celebrity

ငါးဖမ္းေလွ မလိုက္ခ်င္ဘူးျငင္းလို႔ မိခင္ရဲ့ ရိုက္ႏွက္မႈကို ခံခဲ့ရတဲ့ အသက္ (၁၃) ႏွစ္အရြယ္ ကေလးကို ကယ္တင္ လိုက္တဲ့ ဂၽြန္လြင္

Written by Ms Cele

ငါးဖမ္းေလွ မလိုက္ခ်င္ဘူးျငင္းလို႔ မိခင္ရဲ့ ရိုက္ႏွက္မႈကို ခံခဲ့ရတဲ့ အသက္ (၁၃) ႏွစ္အရြယ္ ကေလးကို ကယ္တင္ လိုက္တဲ့ ဂၽြန္လြင္

ပရိသတ္ႀကီးေရ ဆင္းရဲႏြမ္းပါးမႈေတြၾကားမွာ စားဝတ္ေနေရးေတြ အတြက္ ႐ုန္းကန္ေနရတဲ့အျပင္ ကေလးေတြလည္း အမ်ားႀကီး ေမြးထားတာမို႔ မိသားစု အေျခအေနဟာ ပိုၿပီးက်ပ္တည္းလာတဲ့ အတိုင္းအတာ တစ္ခုမွ ကမၻာမီးေလာင္ရင္ သားေကာင္ခ်နင္းတတ္တဲ့ မိဘေတြ အမ်ားႀကီးပါပဲ။ အသက္ (၁၃) ႏွစ္အရြယ္ ကေလးတစ္ေယာက္ကို မိခင္ကငါးဖမ္းေလွလိုက္ခိုင္းေပမယ့္ ကေလးက မလိုက္ခ်င္တာေၾကာင့္ ရိုက္ႏွက္ခဲ့တဲ့ ဗီဒီယိုတစ္ခုကို ၾကည့္ၿပီးေနာက္မွာေတာ့ ဂၽြန္လြင္တစ္ေယာက္ ဒီကေလးကိုကူညီဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

ကူညီျဖစ္ခဲ့ပုံေတြကိုလည္း ” လိုင္းေပၚမွာ ငါးဖမ္းေလွကို မလိုက္ခ်င္လို႔အေမက ကေလးကို ရိုက္တဲ့ video ေလးကိုၾကည့္ၿပီး ကၽြန္ေတာ္ကူညီရန္ အဆက္သြယ္ရွာတဲ့အခါ ဧရာဝတီတိုင္း၊ လပြတၱာၿမိဳ႕နယ္၊ ကကရံေက်းရြာ၊ ကုလား ေခ်ာင္းရပ္ကြက္က ရြာခံဆရာမ မအိမ်ိဳးရဲ့ ဆက္သြယ္ေပးမႈေၾကာင့္ ဗီဒီယိုနဲ႔ အဆက္အသြယ္လုပ္ၿပီး ဒီကေလးရဲ့ ပညာေရးကို ေထာက္ပံ့တဲ့ အေနနဲ႔ တစ္လကို ငါးေသာင္း ေထာက္ပံ့ေပးသြားမွာပါ။ ”

” ဒါေၾကာင့္အခု ေက်ာင္းပိတ္ေနတဲ့ ကာလအတြင္းမွာ သူ႔မိဘကို (၄) ေသာင္းေပးၿပီး ကေလးရဲ့ ပညာသင္ရန္က်ဴရွင္စရိတ္ အတြက္ ေငြတစ္ေသာင္းကို ေလာေလာဆယ္ ေပးအပ္ သြားမွာျဖစ္ပါတယ္။ ကၽြန္ေတာ္ဘက္က ေငြဆယ္သိန္းကို ပထမအေနနဲ႔ မတည္ထား ေသာ္လည္း ေနာက္ပိုင္းတြင္ ကေလးရဲ့လိုအပ္ခ်က္မ်ားကို ကၽြန္ေတာ္မွ ထပ္မံၿပီးလႉဒါန္းသြားပါမယ္။ ” ဆိုၿပီး အားလုံးထပ္တူ ဝမ္းသာရေအာင္ ေဝမၽွခဲ့ပါတယ္။

Credit:Cele Zone
Source: John Lwin

ငါးဖမ်းလှေ မလိုက်ချင်ဘူးငြင်းလို့ မိခင်ရဲ့ ရိုက်နှက်မှုကို ခံခဲ့ရတဲ့ အသက် (၁၃) နှစ်အရွယ် ကလေးကို ကယ်တင် လိုက်တဲ့ ဂျွန်လွင်

ပရိသတ်ကြီးရေ ဆင်းရဲနွမ်းပါးမှုတွေကြားမှာ စားဝတ်နေရေးတွေ အတွက် ရုန်းကန်နေရတဲ့အပြင် ကလေးတွေလည်း အများကြီး မွေးထားတာမို့ မိသားစု အခြေအနေဟာ ပိုပြီးကျပ်တည်းလာတဲ့ အတိုင်းအတာ တစ်ခုမှ ကမ္ဘာမီးလောင်ရင် သားကောင်ချနင်းတတ်တဲ့ မိဘတွေ အများကြီးပါပဲ။ အသက် (၁၃) နှစ်အရွယ် ကလေးတစ်ယောက်ကို မိခင်ကငါးဖမ်းလှေလိုက်ခိုင်းပေမယ့် ကလေးက မလိုက်ချင်တာကြောင့် ရိုက်နှက်ခဲ့တဲ့ ဗီဒီယိုတစ်ခုကို ကြည့်ပြီးနောက်မှာတော့ ဂျွန်လွင်တစ်ယောက် ဒီကလေးကိုကူညီဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကူညီဖြစ်ခဲ့ပုံတွေကိုလည်း ” လိုင်းပေါ်မှာ ငါးဖမ်းလှေကို မလိုက်ချင်လို့အမေက ကလေးကို ရိုက်တဲ့ video လေးကိုကြည့်ပြီး ကျွန်တော်ကူညီရန် အဆက်သွယ်ရှာတဲ့အခါ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ကကရံကျေးရွာ၊ ကုလား ချောင်းရပ်ကွက်က ရွာခံဆရာမ မအိမျိုးရဲ့ ဆက်သွယ်ပေးမှုကြောင့် ဗီဒီယိုနဲ့ အဆက်အသွယ်လုပ်ပြီး ဒီကလေးရဲ့ ပညာရေးကို ထောက်ပံ့တဲ့ အနေနဲ့ တစ်လကို ငါးသောင်း ထောက်ပံ့ပေးသွားမှာပါ။ ”

” ဒါကြောင့်အခု ကျောင်းပိတ်နေတဲ့ ကာလအတွင်းမှာ သူ့မိဘကို (၄) သောင်းပေးပြီး ကလေးရဲ့ ပညာသင်ရန်ကျူရှင်စရိတ် အတွက် ငွေတစ်သောင်းကို လောလောဆယ် ပေးအပ် သွားမှာဖြစ်ပါတယ်။ ကျွန်တော်ဘက်က ငွေဆယ်သိန်းကို ပထမအနေနဲ့ မတည်ထား သော်လည်း နောက်ပိုင်းတွင် ကလေးရဲ့လိုအပ်ချက်များကို ကျွန်တော်မှ ထပ်မံပြီးလှူဒါန်းသွားပါမယ်။ ” ဆိုပြီး အားလုံးထပ်တူ ဝမ်းသာရအောင် ဝေမျှခဲ့ပါတယ်။

Credit:Cele Zone
Source: John Lwin

About the author

Ms Cele

Leave a Comment