Celebrity


Written by Ms Cele





Crd

ငါးလေးတွေနဲ့ ခိုလေးတွေကို အစာသွားမကျွေးဖြစ်တာကြာလို့ သွားကျွေးရင်း ပီတိဖြစ်ခဲ့ရပုံကို ပြောပြလာတဲ့ ဘေဘီမောင်

သရုပ်ဆောင် ကောင်းသလို စကားပြော လည်း ပွင့်လင်း တာကြောင့် ပရိသတ်တွေ တစ်ခဲနက် အားပေး ချစ်ခင်နေကြတဲ့ သူလေးကတော့ မင်းသမီးချော ဘေဘီမောင်ပဲ ဖြစ်ပါတယ်။ဘေဘီမောင်ကတော့ အောင်မြင်မှုတွေနဲ့ အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်း ရပ်တည်နေသလို အလှူအတန်းတွေကိုလည်း မကြာခဏ ပြုလုပ်ကုသိုလ်ယူ တတ်တာလည်း တွေ့ရပါတယ်…..။

ဘေဘီမောင်က လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ မှာလည်း တတ်နိုင်တဲ့ ဘက်ကနေ ကူညီပေးနေတာကိုလည်းတွေ့ရပြီး ညီအစ်မနှစ်ယောက်လုံး ပါဝင်ကူညီ နေကြတာပါ။ဘေဘီမောင်က အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း ဦးဆောင် လုပ်ကိုင်နေကာအိမ်ဆိုင်အပြင် အဝတ်အထည်တွေပါရောင်းချနေတာဖြစ်ပါတယ်။

မကြာသေးမီ ကလည်း ဘေဘီမောင် က သူမရဲ့ Facebookစာမျက်နှာမှာ“ငါးလေးခိုလေးတွေ အစာမကျွေးတာတော်တော်ကြာပီ စားလိုက်တာ ဆိုတာလေ အရမ်းပဲ ပိတီဖြစ်ပါတယ်🥰🙏🏻ငါးစားပေါင်မုန့်လေးက မိုးပေါင်မုန့်တိုက်ဝယ် တာပါရှင့်……” ဆိုပြီး ရေးသားကာ ငါးစာ၊ခိုစာကျွေးရင်း ကုသိုလ်ယူနေတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

Photo credit-Baby Maung’s Facebook acc
Crd

About the author

Ms Cele

Leave a Comment