Celebrity

ငိုတဲ့အခန္းေတြကိုသ႐ုပ္ေဆာင္ခ်င္ တာေၾကာင့္ အေဒၚျဖစ္သူကို ေရွ႕ကငိုခိုင္းၿပီး သူကအေနာက္ကလိုက္ငိုတဲ့ တူမေလးရဲ့ဗီဒီယိုကို မွ်ေ၀လာတဲ့ ျခဴးေလး

Written by Ms Cele

ငိုတဲ့အခန္းေတြကိုသ႐ုပ္ေဆာင္ခ်င္ တာေၾကာင့္ အေဒၚျဖစ္သူကို ေရွ႕ကငိုခိုင္းၿပီး သူကအေနာက္ကလိုက္ငိုတဲ့ တူမေလးရဲ့ဗီဒီယိုကို မွ်ေ၀လာတဲ့ ျခဴးေလး

ပရိသတ္ႀကီးေရ ကေလးေတြဟာ အတုျမင္အတတ္သင္ တတ္ပါတယ္ေနာ္။ ျခဴေလးရဲ့တူမေလး ကလည္း အေဒၚျဖစ္သူက သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္တာေၾကာင့္ ျမင္ရၾကားရဖန္မ်ား လာတဲ့အခါ အေဒၚလိုပဲ အႏုပညာပိုးဝင္သြားခဲ့ပါတယ္။ ငိုတဲ့အခန္းေတြကို သ႐ုပ္ေဆာင္ခ်င္ တာေၾကာင့္ အေဒၚျဖစ္သူကို ေရွ႕ကငိုခိုင္းၿပီး သူကအေနာက္က လိုက္ငိုတဲ့ အလည္ေလးရဲ့ဗီဒီယိုကို ျခဴးေလးကေဝမၽွခဲ့ပါတယ္။

ဒီလိုခ်စ္စရာေကာင္းတဲ့ ကေလးေလးတစ္ေယာက္ရွိတာလည္း တစ္အိမ္လုံး မပ်င္းရေတာ့ပါဘူး။ ခ်စ္စရာတူမေလးရဲ့ ဟန္ပန္ေလး ေတြဟာ တကယ္ကိုျဖဴစင္ၿပီး အသည္းယားစရာေကာင္းပါ တယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းေလာက္ ကလည္း Tik Tok သီခ်င္းဖြင့္ေပးလိုက္ တာနဲ႔ ကကြက္ေတြကို သင္ေပးစရာ မလိုေအာင္တတ္ေနၿပီး သီခ်င္းသံစည္းခ်က္နဲ႔အညီ လိုက္ကေနပုံေလးက ခ်စ္စရာေကာင္းလြန္း ပါတယ္။

ဒီတစ္ေခါက္ မွာလည္း အေဒၚနဲ႔အတူ အငိုအိုက္တင္ေတြက်င့္ေနတဲ့ ဗီဒီယိုေလးကို ” ကိုယ္ ႐ုပ္ရွင္ မရိုက္ေတာ့ဘူး သူပဲ ရိုက္လိမ့္မယ္ ( ကေလးကိုယ္တိုင္က အဲ့လိုမရိုက္ရလို႔ ငိုေနလို႔ပါရွင္ ကေလးကို ႏွိပ္စက္တာ မဟုတ္ပါဘူး အိမ္မွာလာၾကည့္ပါ အိုက္တင္ေပါင္း (၂) သိန္းလုပ္ေနလို႔ပါ ) ” ဆိုၿပီး ျခဴးေလးကေဝမၽွခဲ့ပါတယ္။ တူဝရီးႏွစ္ေယာက္ရဲ့ ခ်စ္စရာအခိုက္ အတန႔္ေလးကို ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမၽွေပး လိုက္ပါတယ္။

Credit:Cele Zone
Source:Chue Lay

ငိုတဲ့အခန်းတွေကိုသရုပ်ဆောင်ချင် တာကြောင့် အဒေါ်ဖြစ်သူကို ရှေ့ကငိုခိုင်းပြီး သူကအနောက်ကလိုက်ငိုတဲ့ တူမလေးရဲ့ဗီဒီယိုကို မျှဝေလာတဲ့ ခြူးလေး

ပရိသတ်ကြီးရေ ကလေးတွေဟာ အတုမြင်အတတ်သင် တတ်ပါတယ်နော်။ ခြူလေးရဲ့တူမလေး ကလည်း အဒေါ်ဖြစ်သူက သရုပ်ဆောင်တစ်ယောက် ဖြစ်တာကြောင့် မြင်ရကြားရဖန်များ လာတဲ့အခါ အဒေါ်လိုပဲ အနုပညာပိုးဝင်သွားခဲ့ပါတယ်။ ငိုတဲ့အခန်းတွေကို သရုပ်ဆောင်ချင် တာကြောင့် အဒေါ်ဖြစ်သူကို ရှေ့ကငိုခိုင်းပြီး သူကအနောက်က လိုက်ငိုတဲ့ အလည်လေးရဲ့ဗီဒီယိုကို ခြူးလေးကဝေမျှခဲ့ပါတယ်။

ဒီလိုချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက်ရှိတာလည်း တစ်အိမ်လုံး မပျင်းရတော့ပါဘူး။ ချစ်စရာတူမလေးရဲ့ ဟန်ပန်လေး တွေဟာ တကယ်ကိုဖြူစင်ပြီး အသည်းယားစရာကောင်းပါ တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက် ကလည်း Tik Tok သီချင်းဖွင့်ပေးလိုက် တာနဲ့ ကကွက်တွေကို သင်ပေးစရာ မလိုအောင်တတ်နေပြီး သီချင်းသံစည်းချက်နဲ့အညီ လိုက်ကနေပုံလေးက ချစ်စရာကောင်းလွန်း ပါတယ်။

ဒီတစ်ခေါက် မှာလည်း အဒေါ်နဲ့အတူ အငိုအိုက်တင်တွေကျင့်နေတဲ့ ဗီဒီယိုလေးကို ” ကိုယ် ရုပ်ရှင် မရိုက်တော့ဘူး သူပဲ ရိုက်လိမ့်မယ် ( ကလေးကိုယ်တိုင်က အဲ့လိုမရိုက်ရလို့ ငိုနေလို့ပါရှင် ကလေးကို နှိပ်စက်တာ မဟုတ်ပါဘူး အိမ်မှာလာကြည့်ပါ အိုက်တင်ပေါင်း (၂) သိန်းလုပ်နေလို့ပါ ) ” ဆိုပြီး ခြူးလေးကဝေမျှခဲ့ပါတယ်။ တူဝရီးနှစ်ယောက်ရဲ့ ချစ်စရာအခိုက် အတန့်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေး လိုက်ပါတယ်။

Credit:Cele Zone
Source:Chue Lay

About the author

Ms Cele

Leave a Comment