Local News
Written by Ms Cele
ဇင္မိုး
ငိုလိုက် ညီမ လေး အားရ ပါးရ ငိုပြီး ကန်တော့ လိုက်ပါ
Covid နှိပ်စက် တဲ့ နောက်ထပ် မြင်ကွင်း တခုပေါ့။ညက ထပ်ဝင် တဲ့ ပြည်တော်ပြန် ယာဉ်တန်းနဲ့ပါ လာတဲ့ညီမလေးပါ။ ရောက်ရောက်ခြင်း မိခင်ဖြစ်သူ ဆုံးပါး၍ ပြန်လာတာဖြစ်ကြောင်း မိခင်၏ ရုပ်အလောင်းအား
ကန်တော့ ချင်ကြောင်း သတင်းပို့ အကြောင်းကြားပါတယ် ကျွန်တော်တို့က လူသားတွေပဲလေ။ ကိုယ်ချင်းစာ တရား အပြည့်ရှိပါတယ်။ အောက်လမ်းက ခိုးမဝင်ပဲ တရားဝင် ပြန်လာပြီး သတ်မှတ်ချက်အတိုင်း Q ဝင်တဲ့သူပဲ။
ဒါတောင် အသုဘချမှာက မနက်ဖြန်မှ။ မနက်ဖြန် ဆိုရင် လူများမှာတဲ့။ ဒီနေ့ သွားကန်တော့ခွင့် ရချင်တယ်ဆိုလို့ ယနေ့ (11.10.2020)ရက်နေ့မှာတော့ ကိုဇင်မိုး တို့အဖွဲ့မှ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်
များနဲ့အညီ သူ့ကိုပါ PPE ဝတ်စုံပြည့် ဝတ်ဆင်စေ၍ မော်လမြိုင် (၁၀)မြို့နယ်ဆောင် CBFQ မှ သထုံမြို့နယ်ပေါ်တော်မူ ကျေးရွာသို့ လိုက်ပို့ ကူညီဆောင်ရွက်ပေး ခဲ့ပါတယ်။ မိခင်၏ ရုပ်အလောင်းကို အချိန်မှီ ကန်တော့ခွင့် ရခဲ့တဲ့ ညီမလေး ကျေးနပ်မယ်လို့ ယုံကြည်ပါတယ်။
ကမ႓ာ့ကပ် ရောဂါ ကိုဗစ်ကြီး အမြန်ချုပ်ငြိမ်းပါစေ။ပြည်သူတွေအားလုံးလဲ အမြန် အဆင်ပြေကြပါစေဗျာ။
ဇင္မိုး
မော်လမြိုင် RESCUE လူမှု ကယ်ဆယ် ရေးကွန်ယက်
မော်လမြိုင် ၁၀ မြို့နယ်ဆောင် CBFQ စခန်း။
About the author
Ms Cele
Leave a Comment