Celebrity

စင္းလံုးေခ်ာ ျပီးျပည့္စံုတဲ့ လူတစ္ေယာက္ မဟုတ္ေပမယ့္ ကြ်န္ေတာ္ဟာ ကမာၻေပၚမွာ အေကာင္းဆံုး ဖခင္တစ္ေယာက္ပါလို႕ ဆိုလာတဲ့ က်ားေပါက္

Written by Ms Cele

စင္းလံုးေခ်ာ ျပီးျပည့္စံုတဲ့ လူတစ္ေယာက္ မဟုတ္ေပမယ့္ ကြ်န္ေတာ္ဟာ ကမာၻေပၚမွာ အေကာင္းဆံုး ဖခင္တစ္ေယာက္ပါလို႕ ဆိုလာတဲ့ က်ားေပါက္

Big Bag Band ရဲ့ ပင္တိုင္ အဆိုေတာ္ တစ္ေယာက္ျဖစ္တဲ့ ဟန္ထူးလြင္က လူငယ္ ပရိသတ္ေတြရဲ့ အားေပးမႈကို ဆယ္စုနွစ္ ေက်ာ္တိုင္ အခိုင္အမာ ရရိွထားသူ တစ္ေယာက္ပါ။ ဟန္ထူးလြင္က အိမ္ေထာင္နဲ့ ကြာရွင္းျပီး လူတစ္ေယာက္ျဖစ္ေပမယ့္ သမီးေလး ေတြနဲ့ ပက္သတ္ရင္ေတာ့ အရာအားလံုးထက္ ေရွ့တန္းတင္ထားသူ တစ္ေယာက္ ျဖစ္ပါတယ္။ ဟန္ထူးလြင္ရဲ့ သမီးေလး ေတြျဖစ္တဲ့ အိခ်ိဳနဲ့ ဆြိခ်ိဳတို့ကလည္း တစ္ေယာက္ တစ္မ်ိဳးစီ ခ်စ္စရာေကာင္း ၾကတာေၾကာင့္ ပရိသတ္ေတြ ခ်စ္ၾကသူ တစ္ေယာက္ ျဖစ္ပါတယ္။

အလုပ္အေပၚ ေလာဘၾကီးလြန္းသူ တစ္ေယာက္ျဖစ္ေပမယ့္ သမီးေလးေတြ အတြက္ ဆိုရင္ေတာ့ သူ့ရဲ့အခ်ိန္ေတြ အကုန္လံုးကို ျပည့္ျပည့္ဝဝေပး ထားတဲ့ ဟန္ထူးလြင္က မေန့က ခရစၥမတ္ ေန့မွာလည္း သမီးေတြ အတြက္ အမွတ္တရ လက္ေဆာင္ေတြေပး ခဲ့ပါတယ္။ ဟန္ထူးလြင္က သူေပးတဲ့ လက္ေဆာင္ေတြကို စိတ္ဝင္စားရိွၾကတဲ့ သမီးေလးေတြကိုၾကည့္ျပီး “ကြ်န္ေတာ္က စင္းလံုးေခ်ာ ျပီးျပည့္စံုတဲ့လူတစ္ေယာက္ေတာ့မဟုတ္ဘူး။ ဒါေပမယ့္ ဒီကမၻာမွာေတာ့ ကြ်န္ေတာ္က အေကာင္းဆံုးဖခင္ တစ္ေယာက္ ဆိုတာ လံုးဝ အေသအခ်ာပဲ” ဆိုျပီး ေျပာလာ ခဲ့ပါတယ္။

ဟန္ထူးလြင္ရဲ့ သမီးေလးေတြ ကေတာ့ သူတို့ရဲ့ မိခင္နဲ့အေန မ်ားေပမယ့္ ဟန္ထူးလြင္ နဲ့လည္း အခ်ိန္ေတြ အေတာ္ေတာ္ မ်ားမ်ားမွာ အတူတူရိွၾကတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဟန္ထူးလြင္ရဲ့ သမီးေလးနွစ္ေယာက္ ကိုၾကည့္ျပီး အခ်စ္ပိုေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾက ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

စင်းလုံးချော ပြီးပြည့်စုံတဲ့ လူတစ်ယောက် မဟုတ်ပေမယ့် ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖခင်တစ်ယောက်ပါလို့ ဆိုလာတဲ့ ကျားပေါက်

Big Bag Band ရဲ့ ပင်တိုင် အဆိုတော် တစ်ယောက်ဖြစ်တဲ့ ဟန်ထူးလွင်က လူငယ် ပရိသတ်တွေရဲ့ အားပေးမှုကို ဆယ်စုနှစ် ကျော်တိုင် အခိုင်အမာ ရရှိထားသူ တစ်ယောက်ပါ။ ဟန်ထူးလွင်က အိမ်ထောင်နဲ့ ကွာရှင်းပြီး လူတစ်ယောက်ဖြစ်ပေမယ့် သမီးလေး တွေနဲ့ ပက်သတ်ရင်တော့ အရာအားလုံးထက် ရှေ့တန်းတင်ထားသူ တစ်ယောက် ဖြစ်ပါတယ်။ ဟန်ထူးလွင်ရဲ့ သမီးလေး တွေဖြစ်တဲ့ အိချိုနဲ့ ဆွိချိုတို့ကလည်း တစ်ယောက် တစ်မျိုးစီ ချစ်စရာကောင်း ကြတာကြောင့် ပရိသတ်တွေ ချစ်ကြသူ တစ်ယောက် ဖြစ်ပါတယ်။

အလုပ်အပေါ် လောဘကြီးလွန်းသူ တစ်ယောက်ဖြစ်ပေမယ့် သမီးလေးတွေ အတွက် ဆိုရင်တော့ သူ့ရဲ့အချိန်တွေ အကုန်လုံးကို ပြည့်ပြည့်ဝဝပေး ထားတဲ့ ဟန်ထူးလွင်က မနေ့က ခရစ္စမတ် နေ့မှာလည်း သမီးတွေ အတွက် အမှတ်တရ လက်ဆောင်တွေပေး ခဲ့ပါတယ်။ ဟန်ထူးလွင်က သူပေးတဲ့ လက်ဆောင်တွေကို စိတ်ဝင်စားရှိကြတဲ့ သမီးလေးတွေကိုကြည့်ပြီး “ကျွန်တော်က စင်းလုံးချော ပြီးပြည့်စုံတဲ့လူတစ်ယောက်တော့မဟုတ်ဘူး။ ဒါပေမယ့် ဒီကမ္ဘာမှာတော့ ကျွန်တော်က အကောင်းဆုံးဖခင် တစ်ယောက် ဆိုတာ လုံးဝ အသေအချာပဲ” ဆိုပြီး ပြောလာ ခဲ့ပါတယ်။

ဟန်ထူးလွင်ရဲ့ သမီးလေးတွေ ကတော့ သူတို့ရဲ့ မိခင်နဲ့အနေ များပေမယ့် ဟန်ထူးလွင် နဲ့လည်း အချိန်တွေ အတော်တော် များများမှာ အတူတူရှိကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဟန်ထူးလွင်ရဲ့ သမီးလေးနှစ်ယောက် ကိုကြည့်ပြီး အချစ်ပိုနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment