Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Benjamin

စစ်ဘေးရှောင်တွေကို ကူညီဖို့ ခရီးသွားရန် ကိုဗစ်ရှိမရှိ စစ်ကြည့်ရာမှ ရောဂါပိုးတွေ့ရှိကြောင်း သိရှိလိုက်ရတဲ့ ဘင်ဂျမင်

မြန်မာနိုင်ငံမှာ မကြာခင် ရက်ပိုင်းက စပြီး ကိုဗစ်လူနာတွေ ပြန်လည်တွေ့ရှိ လာတယ် ဆိုတဲ့ သတင်းတွေ ကို သက်ဆိုင်ရာ သတင်းဌာနတွေက ကြော်ငြာလျက် ရှိပါတယ် ။ ပြည်သူတွေကလည်း ကိုဗစ်ရောဂါကို ဒုတိယလှိုင်းထိ ကောင်းကောင်း ကြုံတွေ့ခဲ့ရတာကြောင့် ပြည်သူအားလုံးကလည်း စိုးရိမ်ထိန့်လန့်လျက်ရှိပါတယ်။

အခုလည်း ပရိသတ်တွေ ရဲ့ အချစ်တော် အဆိုတော် ဘင်ဂျမင်တစ်ယောက် ဇွန်လ (၁) ရက်နေ့မှာ ကိုဗစ်ရောဂါ ကူးစက်ခံထား ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ် ။ စစ်ဘေးရှောင်တွေကို ကူညီဖို့ ခရီးသွားရန် ကိုဗစ်ရှိမရှိ စစ်ကြည့်ရာမှာ ကူးစက်ခံနေရမှန်း သိရတယ်လို့လည်း ဖော်ပြပါတယ် ။

သူကတော့ ဒီလိုကာလ မှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ကာ တတ်နိုင် သလောက် အလှူငွေများဖြင့် စစ်ဘေးရှောင် တွေကို ကူညီထောက်ပံ့နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ဘင်ဂျမင်ရဲ့ သတင်းလေးကို ဝေမျှပေးရင်း ဘင်ဂျမင်လည်း ဒီရောဂါဆိုးကြီးကနေ အမြန်သက်သာပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Benjamin

About the author

Ms Cele

Leave a Comment