Celebrity

စစ္ေဘးေရွာင္ျပည္သူေတြကို လိုအပ္တာမ်ားသြားေရာက္လွဴဒါန္းရင္း ၾကံဳေတြ႕ရတဲ့ အခက္အခဲဒုကၡေတြကို ေျပာျပလာတဲ့ ထူးအယ္လင္း

Written by Ms Cele

စစ္ေဘးေရွာင္ျပည္သူေတြကို လိုအပ္တာမ်ားသြားေရာက္လွဴဒါန္းရင္း ၾကံဳေတြ႕ရတဲ့ အခက္အခဲဒုကၡေတြကို ေျပာျပလာတဲ့ ထူးအယ္လင္း

အသံပါဝါ ေကာင္းေကာင္းနဲ႔ ဂီတေလာကမွာ စိုးမိုးခဲ့တဲ့ ထူးအယ္လင္း တစ္ေယာက္ ကေတာ့ ယေန႔အခ်ိန္ထိ ေအာင္ျမင္မႈေတြ ရယူေနဆဲျဖစ္ပါတယ္။သူရဲ့ ထြက္ရွိၿပီးသီခ်င္းတိုင္း ဟာလည္း ပရိတ္သတ္ေတြ အားရႏွစ္သက္ၾက ပါတယ္။ဂီတအႏုပညာအလုပ္မ်ား လုပ္ရင္းနဲ႔ နယ္လွည့္ပရဟိတ အလုပ္ေတြကိုလည္း လုပ္ကိုင္လ်က္ရွိပါတယ္။ လတ္တစ္ေလာမွာ စစ္ေဘးေရွာင္ေတြကို လႉဒါန္းမႈေတြ ျပဳလုပ္တဲ့အခါမွာ ၾကဳံခဲ့ရတဲ့ အခက္အခဲေတြ ေျဖရွင္းခဲ့ရပုံေတြကို ေျပာျပလာခဲ့ပါတယ္။

“ကၽြန္ေတာ့္မွာ စစ္ေဘးေရွာင္ေတြ အတြက္ လႈဖို႔ ဆန္အိတ္ ၁၀၀ , တစ္အိတ္ကို ၅၅ ပိသာရွိၿပီး လူအေယာက္ ၁၀၀ ကို တစ္လစာ စားသုံးနိုင္တဲ့အေကာင္းစားမၽွင္ငပိအိတ္ ၂၅ လုံး,, ငါးေသတၱာဗူး အလုံး ၃၅၀,, ၅၀၀ ခန႔္ ေခါင္းကိုက္ ဖ်ားနာ အကိုက္အခဲ ထိခိုက္ရွနာအတြက္ အိမ္သုံးေဆးဝါး လူ ၇၀၀ စာ,, ဝမ္းေလ်ာ ဝမ္းပ်က္အတြက္ ေဆးႏွင့္ဓါတ္ဆား လူႀကီးႏွင့္ကေလးငယ္ေတြ အတြက္ လူအေယာက္ ၃၀၀ စာ ,, ပုဇြန္ေျခာက္ငန္ျပာရည္ခ်က္ ၁၀ ပုံး(တစ္ပုံးကို လူတစ္ရာ့ငါးဆယ္စားသုံးနိုင္တယ္)

ဒါေတြကို ကၽြန္ေတာ္တို႔ စစ္ေဘးေရွာင္ေတြ အတြက္ လႈဖို႔ ခဲရာခဲစစ္ ကၽြန္ေတာ္ အလႈခံ စုစည္းထားရတယ္။ ခရီးမွာ သယ္ယူသြားေတာ့လဲ ကၽြန္ေတာ္ သြားလႈ ကူညီဖို႔အတြက္ ယူလာတာပါေျပာေတာ့လည္း အႀကီးႀကီး အစစ္အေဆးခံရတယ္(စိတ္ကိုအေအးခ်မ္းဆုံးထား စိတ္အရွည္ဆုံးထား ငါ သည္းခံတာ ငါ့အတြက္မဟုတ္ဘူး ဒုကၡအၾကပ္အတည္းျဖစ္ေနသူေတြအတြက္) ဒီလို စိတ္ကို ထားတတ္ ေနတတ္နိုင္ၿပီးမွ အကူအညီလိုသူေတြစီေရာက္တယ္။

ႀကိဳက္သလိုစစ္ အမွန္အတိုင္းေျပာတယ္ လႈဖို႔ပစၥည္းေတြပါလို႔ ,,, ဘယ္ကလာတယ္ ဘယ္ကိုသြားလႈမယ္ ေပၚတင္ေျပာသြားတယ္ ,, စစ္ေဆးေရးဂိတ္က အဲ့ဒိကို သြားလို႔ မရဘူးဆိုရင္ မသြားဘူး ေရာက္နိုင္သေလာက္သြားၿပီး ရေအာင္လႈတယ္။ ထင္သေလာက္မလြယ္ပါဘူး တကယ္တမ္းလက္ေတြ႕မွာ။ ေျပာခ်င္တာက ကိုယ္ေတြမွာ လူလိုေတြးၿပီး လူလိုကိုယ္ခ်င္းစာလို႔ လူလို ကူညီတာ .. ဒါကို လူေတြပဲသိမယ္။

ငါ မပင္ပန္းပါဘူး
ငါ မေမာပါဘူး
ငါ မညည္းတတ္ဘူး
ကူညီျခင္းမဂၤလာကို မီးေတာ့ မရွို႔ပါနဲ႔ ။

ငါ ခ်ီးမြမ္းခံခ်င္လို႔ လုပ္ေနတာမဟုတ္သလိုပရဟိတေရစီးထဲေမ်ာလိုက္ေနတဲ့ေကာင္လည္းမဟုတ္ပါဘူး… ငါ့ အတၱကို သဒၶါဘက္ေျပာင္း​ စိတ္ ေစတနာထည့္ၿပီး ငါ့ ခႏၶာကို ေမာင္းႏွင္ေနတာပါ။ ငါ့မွာ ထူးအယ္လင္းဆိုတဲ့ အမည္ေၾကာင့္ ငါ့ကိုအားေပးခ်စ္ခင္တဲ့ လူတိုင္းကို ဓါတ္ပုံအရိုက္ခံတယ္ ။ လူတိုင္း(လူတိုင္းဆိုတာ အလႊာစုံကိုဆိုလိုပါတယ္)

ဆိုေတာ့ ထူးအယ္လင္းဆိုတာ ေတာ္ေတာ္မ်ားမ်ားသိၾကပါတယ္… ဒါေၾကာင့္ ေနရာအႏွံ့ သြားလို႔ အဆင္ေျပတယ္… ငါသာ မမွန္ခဲ့ရင္ မည္သူမဆို ငါ့ကိုဘယ္ေနရာမွာမွ လက္ခံမွာမဟုတ္ဘူး။ ဒါပါပဲ မကူညီခ်င္ေနပါ မေႏွာင့္ယွတ္ပါနဲ႔။ ငါ အေရွ႕မွာ ေရးျပထားတဲ့ရိကၡာပစၥည္းေတြကို ေနာက္တစ္ေခါက္ သြားကူဖို႔ ႀကိဳထပ္စုထားတာပါ။ မိတ္ေဆြ မင္း အား ယားေနရင္ ငါနဲ႔လိုက္ခဲ့ပါ ငါတို႔ ဘယ္လို သြားရ ေျပာဆိုရ ႏွိမ့္ခ်ရသလဲဆိုတာ မင္း သိလာမယ္။”

Credit: YaungChi
Source – Htoo El Lynn’s Facebook

စစ်ဘေးရှောင်ပြည်သူတွေကို လိုအပ်တာများသွားရောက်လှူဒါန်းရင်း ကြုံတွေ့ရတဲ့ အခက်အခဲဒုက္ခတွေကို ပြောပြလာတဲ့ ထူးအယ်လင်း

အသံပါဝါ ကောင်းကောင်းနဲ့ ဂီတလောကမှာ စိုးမိုးခဲ့တဲ့ ထူးအယ်လင်း တစ်ယောက် ကတော့ ယနေ့အချိန်ထိ အောင်မြင်မှုတွေ ရယူနေဆဲဖြစ်ပါတယ်။သူရဲ့ ထွက်ရှိပြီးသီချင်းတိုင်း ဟာလည်း ပရိတ်သတ်တွေ အားရနှစ်သက်ကြ ပါတယ်။ဂီတအနုပညာအလုပ်များ လုပ်ရင်းနဲ့ နယ်လှည့်ပရဟိတ အလုပ်တွေကိုလည်း လုပ်ကိုင်လျက်ရှိပါတယ်။ လတ်တစ်လောမှာ စစ်ဘေးရှောင်တွေကို လှူဒါန်းမှုတွေ ပြုလုပ်တဲ့အခါမှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေ ဖြေရှင်းခဲ့ရပုံတွေကို ပြောပြလာခဲ့ပါတယ်။

“ကျွန်တော့်မှာ စစ်ဘေးရှောင်တွေ အတွက် လှုဖို့ ဆန်အိတ် ၁၀၀ , တစ်အိတ်ကို ၅၅ ပိသာရှိပြီး လူအယောက် ၁၀၀ ကို တစ်လစာ စားသုံးနိုင်တဲ့အကောင်းစားမျှင်ငပိအိတ် ၂၅ လုံး,, ငါးသေတ္တာဗူး အလုံး ၃၅၀,, ၅၀၀ ခန့် ခေါင်းကိုက် ဖျားနာ အကိုက်အခဲ ထိခိုက်ရှနာအတွက် အိမ်သုံးဆေးဝါး လူ ၇၀၀ စာ,, ဝမ်းလျော ဝမ်းပျက်အတွက် ဆေးနှင့်ဓါတ်ဆား လူကြီးနှင့်ကလေးငယ်တွေ အတွက် လူအယောက် ၃၀၀ စာ ,, ပုဇွန်ခြောက်ငန်ပြာရည်ချက် ၁၀ ပုံး(တစ်ပုံးကို လူတစ်ရာ့ငါးဆယ်စားသုံးနိုင်တယ်)

ဒါတွေကို ကျွန်တော်တို့ စစ်ဘေးရှောင်တွေ အတွက် လှုဖို့ ခဲရာခဲစစ် ကျွန်တော် အလှုခံ စုစည်းထားရတယ်။ ခရီးမှာ သယ်ယူသွားတော့လဲ ကျွန်တော် သွားလှု ကူညီဖို့အတွက် ယူလာတာပါပြောတော့လည်း အကြီးကြီး အစစ်အဆေးခံရတယ်(စိတ်ကိုအအေးချမ်းဆုံးထား စိတ်အရှည်ဆုံးထား ငါ သည်းခံတာ ငါ့အတွက်မဟုတ်ဘူး ဒုက္ခအကြပ်အတည်းဖြစ်နေသူတွေအတွက်) ဒီလို စိတ်ကို ထားတတ် နေတတ်နိုင်ပြီးမှ အကူအညီလိုသူတွေစီရောက်တယ်။

ကြိုက်သလိုစစ် အမှန်အတိုင်းပြောတယ် လှုဖို့ပစ္စည်းတွေပါလို့ ,,, ဘယ်ကလာတယ် ဘယ်ကိုသွားလှုမယ် ပေါ်တင်ပြောသွားတယ် ,, စစ်ဆေးရေးဂိတ်က အဲ့ဒိကို သွားလို့ မရဘူးဆိုရင် မသွားဘူး ရောက်နိုင်သလောက်သွားပြီး ရအောင်လှုတယ်။ ထင်သလောက်မလွယ်ပါဘူး တကယ်တမ်းလက်တွေ့မှာ။ ပြောချင်တာက ကိုယ်တွေမှာ လူလိုတွေးပြီး လူလိုကိုယ်ချင်းစာလို့ လူလို ကူညီတာ .. ဒါကို လူတွေပဲသိမယ်။

ငါ မပင်ပန်းပါဘူး
ငါ မမောပါဘူး
ငါ မညည်းတတ်ဘူး
ကူညီခြင်းမင်္ဂလာကို မီးတော့ မရှို့ပါနဲ့ ။

ငါ ချီးမွမ်းခံချင်လို့ လုပ်နေတာမဟုတ်သလိုပရဟိတရေစီးထဲမျောလိုက်နေတဲ့ကောင်လည်းမဟုတ်ပါဘူး… ငါ့ အတ္တကို သဒ္ဓါဘက်ပြောင်း​ စိတ် စေတနာထည့်ပြီး ငါ့ ခန္ဓာကို မောင်းနှင်နေတာပါ။ ငါ့မှာ ထူးအယ်လင်းဆိုတဲ့ အမည်ကြောင့် ငါ့ကိုအားပေးချစ်ခင်တဲ့ လူတိုင်းကို ဓါတ်ပုံအရိုက်ခံတယ် ။ လူတိုင်း(လူတိုင်းဆိုတာ အလွှာစုံကိုဆိုလိုပါတယ်)

ဆိုတော့ ထူးအယ်လင်းဆိုတာ တော်တော်များများသိကြပါတယ်… ဒါကြောင့် နေရာအနှံ့ သွားလို့ အဆင်ပြေတယ်… ငါသာ မမှန်ခဲ့ရင် မည်သူမဆို ငါ့ကိုဘယ်နေရာမှာမှ လက်ခံမှာမဟုတ်ဘူး။ ဒါပါပဲ မကူညီချင်နေပါ မနှောင့်ယှတ်ပါနဲ့။ ငါ အရှေ့မှာ ရေးပြထားတဲ့ရိက္ခာပစ္စည်းတွေကို နောက်တစ်ခေါက် သွားကူဖို့ ကြိုထပ်စုထားတာပါ။ မိတ်ဆွေ မင်း အား ယားနေရင် ငါနဲ့လိုက်ခဲ့ပါ ငါတို့ ဘယ်လို သွားရ ပြောဆိုရ နှိမ့်ချရသလဲဆိုတာ မင်း သိလာမယ်။”

Credit: YaungChi
Source – Htoo El Lynn’s Facebook

About the author

Ms Cele

Leave a Comment