Celebrity
Written by Ms Cele
စည်းစိမ် တစ်ဝက် ပုံပေး ပြီး လက်ထပ် ခွင့်တောင်းခံ ရတဲ့ အကြောင်း ပြောပြ လာ တဲ့ မမဆောင်း
မမဆောင်းနာမည်နဲ့ လူမှုကွန်ယက်မှာ ပရိသတ်တွေရဲ့ အားပေး မှုကို ရရှိထားတဲ့ သရုပ်ဆောင် မင်းသမီး ဆောင်းအိန္ဒြေထွန်း ကတော့ ဇာတ်ကားများ စွာကို ရိုက်ကူး သရုပ်ဆောင်ပြီး အားပေးတဲ့ ပရိတ်သတ် အခိုင်အမာ ရရှိထားတဲ့သူလည်း ဖြစ်ပါတယ်။ မီဒီယာများနဲ့တွေ့ဆုံ လျှင်လည်း ဟန်ဆောင်မှုကင်းပြီး ဒဲ့ဒိုးပြောဆိုတတ် တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်း ကို ရရှိထားသူ တစ်ဦးပါ။
မမဆောင်းကတော့ အလှူအတန်းပြု လုပ်ရာမှာ ဝါသနာပါသူ တစ်ဦးဖြစ်သလို သူမရဲ့ ရိုးသားတဲ့ အင်တာဗျူးဖြေဆိုဟန်တွေကြောင့် လည်း လူမှုကွန်ယက်မှာ လူအများ စိတ်ဝင်စားခြင်းကို ခံနေရတာဖြစ်ပါတယ်။ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ မမဆောင်းက သူမကို စည်းစိမ်တဝက်ပုံပေးပြီး လက်ထပ်ခွင့် တောင်းခံရတဲ့အကြောင်း ပြောပြလာခဲ့တာပါ။
“ပိုက်ဆံလိမ်ခံရတာတွေ ရှိတယ် သရုပ်ဆောင်ထဲ ကပဲ အမနာမည်တော့ မပြောတော့ ပါဘူး ပိုက်ဆံသူ့ ဆီမှာ သိန်း ၅၀ လောက်ပါသွားတယ် ကိုယ်က ရိုးတော့လေ ကိုယ့်ကိုလိမ် နေမှန်းလည်း ကိုယ်မသိဘူး အဲ့လိုပြောပြရမှာကို အားနာတယ် အဲ့ဒီမောင်လေးကိုလေ ပြောလည်း မပြောပြချင်ပါဘူး
သူလည်း အခုပြန်ဆပ် သင့်သလောက် ဆပ်ပြီးပါပြီ အမလည်း တချို့ဟာတွေ ၁၀ သိန်း ၁၅ သိန်းလောက် မယူဖြစ်တော့ဘူး
အမပြောချင်တာက အမက အရမ်းရိုးတဲ့ အခါကျတော့ သူများကို အရမ်းယုံတယ် အမ အခုလိုပြောတာ အမစိတ်ဆိုးလို့ပြောတာ မဟုတ်ဘူး မေးလာတဲ့သူရှိလို့ ဘဝမှာကြုံခဲ့ဖူးလားဆိုလို့ ပြောပြတာပါ ကိုယ်တောင်သူ့ကို ၁၅ သိန်းမုန့်ဖိုးပြန်ပေး လိုက်သေးတယ်
လိုင်းပေါ်ကနေ လူတစ်ယောက်က သူ့စည်းစိမ် ကို တဝက်ခွဲပြီး ပေးမယ် ဘာညာနဲ့ အဲ့လိုမျိုး Propose အတင်းလုပ်တာ တွေတော့ ရှိတယ် ကိုယ့်ကို အတဲ့ပုံစံမျိုးကြီး ထင်နေလား မသိပါဘူး
အဲ့လိုပုံစံမျိုးနဲ့ပြောတော့ ကိုယ်ကရိုးပေမယ့် အတော့မအဘူးပေါ့နော် မမဆောင်းက သူတို့က အတဲ့ပုံစံမျိုးဆက်ဆံ တာရှိတယ် ကိုယ်က ကိုယ့်ဘာသာကြည့်ရှောင်ရတာပေါ့နော် ” လို့ဆိုလာခဲ့တာဖြစ်ပါတယ်
မမဆောင်းကတော့ သူ့ကို လူတွေကအတဲ့စာရင်းထဲသွင်းထားပြပေမယ့် သူမဟာ ရိုးသာရိုးတာဖြစ်ပြီး မအ တဲ့အကြောင်း ရှင်းပြလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်
Writer – Magic(Shwe Yaung Myanmar)
About the author
Ms Cele
Leave a Comment