Celebrity


Written by Ms Cele





Source: Chit Thu Wai’s fb

စားချင်တာစားပြီး အဆင်ပြေနေကြောင်း ပြသတဲ့ သမီးကြီး မယ်ခေတ်ရဲ့ အမူအရာလေးကြောင့် သဘောကျ မဆုံးဖြစ်နေတဲ့ မေမေချစ်သုဝေ

ပရိသတ်ကြီးရေ ပြည်သူချစ် အနုပညာရှင် ဇနီးမောင်နှံ ဖြစ်ကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေက သာယာလှပပြီး နားလည်မှု အပြည့်အဝရှိတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက အနုပညာ အလုပ်တွေမှာ အောင်မြင်မှုတွေ များစွာရရှိ ထားသလို မိသားစုနဲ့ ပက်သတ်ပြီးလည်း ကံကောင်းခြင်းတွေ များစွာကို ရရှိပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေ တို့ရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကလဲ အရမ်းကို ချစ်စရာကောင်းပြီး လိမ္မာလွန်း တာကြောင့် ပရိသတ်တွေက လင်းလင်းတို့ကိုသာမက သူတို့တစ်မိသားစုလုံးကိုပါ ချစ်နေကြရတာပဲ ဖြစ်ပါတယ်။

ခေတ်နဲ့သစ် ကတော့ တဖြည်းဖြည်းအရွယ်ရောက် ကြီးပြင်းလာသလို သူတို့လေးတွေရဲ့ စကားအပြောအဆိုနဲ့ ဟန်ပန်အမူအယာ လေးတွေကလည်း တစ်နေ့တစ်ခြား ချစ်စရာကောင်း လာတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ချစ်သုဝေက စားချင်တာ စားပြီး အဆင်ပြေနေကြောင်း ပြသတဲ့ သမီးကြီးခေတ်ခေတ်ရဲ့ ဟန်ပန်လေးကြောင့် သဘောကျမဆုံးဖြစ်နေပြီး အခုလိုပဲ ဗီဒီယိုလေးနဲ့တကွ ချပြလာပါတယ်။

ချစ်သုဝေတို့ ကတော့ တစ်ယောက် တစ်မျိုးစီ ချစ်စရာကောင်းလွန်းတဲ့ သမီးတွေကြောင့် ပျင်းချိန်တောင်ရှိမယ် မထင်ပါဘူးနော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းလွန်းတဲ့ ခေတ်လေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်နော်။

Source: Chit Thu Wai’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment