Celebrity


Written by Ms Cele





Credit: Cele Zone
Photo – Htet Aung Shine

စားသောက်ကုန်များကို လူတိုင်းဝယ်ယူနိုင်တဲ့ ငွေကျပ်(၅၀) နှုန်းနဲ့ ရောင်းချပေးတဲ့အစီအစဉ်မှာ ပါဝင်ကူညီအားဖြည့်ပေးခဲ့တဲ့ ထက်အောင်ရှိုင်း

အခြေအနေဆိုးတွေကို အချိန် ကြာမြင့်စွာ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူ ပြည်သားတွေအဖို့ အဆင်မပြေမှု ‌တွေလည်း ပိုပြီး ကြုံတွေ့လာကြရပါတယ် ။ လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားရတာ​ကြောင့် အခြေခံ လုပ်သားပြည်သူတွေ အဖို့တော့ အတော်လေး ဘဝကို ရုန်းကန်းဖြတ်သန်းနေရတဲ့ အချိန်တွေပါပဲ ။

ဒါကြောင့်လည်း ပြည်သူတွေအချင်းချင်း ဒီလို အဆင်မပြေမှုတွေအတွက် ခုဆိုရင် အစားအေသာက်တွေ ၊ ဆေးဝါးတွေ အခမဲ့ လှူဒါန်းပေးလာကြတာကိုတွေ့ရပါတယ် ။ တစ်ချို့ကလည်း လူတန်းစားမရွေး ဝယ်ယူနိုင်တဲ့ ဈေးနှုန်း အကြွေတွေနဲ့ ရောင်းချပေးလျက်ရှိပါတယ် ။

မနေ့က ဆိုရင်လည်း စားသောက်ကုန်များကို လူတိုင်း ဝယ်ယူနိုင်တဲ့ ငွေကျပ် (၅၀) နှုန်းနဲ့ ရောင်းချပေးခဲ့တာကို တွေ့ရပါတယ် ။ မင်းသားချောလေး ထက်အောင်ရှိုင်းကလည်း ဒီအစီအစဉ်လေးမှာ တက်တက်ကြွကြွ ပါဝင်ကူညီခဲ့ကြောင်းဝေမျှထားပါတယ် ။ ပုံတွေ ကြည့်ပြီး ကြည်နူးပီတိဖြစ်ကာ လေးစားမိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Credit: Cele Zone
Photo – Htet Aung Shine

About the author

Ms Cele

Leave a Comment