Celebrity

စား၀တ္ေနေရးခက္ခဲေနတဲ့ ျပည္သူေတြကို အစားအေသာက္မ်ားလွဴဒါန္းခဲ့တဲ့ လင္းေအာင္ေခတ္

Written by Ms Cele

စား၀တ္ေနေရးခက္ခဲေနတဲ့ ျပည္သူေတြကို အစားအေသာက္မ်ားလွဴဒါန္းခဲ့တဲ့ လင္းေအာင္ေခတ္

လင္းေအာင္ေခတ္ ကေတာ့ ဒီလူထုလႈပ္ရွားမႈႀကီးမွာ ျပည္သူေတြနဲ႔အတူ ရဲရဲဝံ့ဝံ့ ပူးေပါင္းပါဝင္ကာ ရရာေနရာမ်ိဳးစုံကေန ကူညီအားျဖည့္ ေနတာလည္း ျဖစ္ပါတယ္။ဒါ့အျပင္ လူထုလႈပ္ရွားမႈေတြမွာ ျဖစ္ပ်က္ေနတဲ့ အရာေတြကိုလည္း အခ်ိန္နဲ႔တစ္ေျပးညီေဖာ္ျပကာ ဘက္ေပါင္းစုံကေန ပါဝင္ခဲ့တာေၾကာင့္ ပရိသတ္ေတြကလည္း အရင္ထက္ေတာင္ ပိုမိုအားေပးလာၾကတာေတြ႕ရပါတယ္။

​ေန႔စဥ္တိုင္းလည္း သူကိုယ္တိုင္ လမ္းမေပၚ ထြက္ကာ ဆႏၵေဖာ္ထုတ္မႈေတြမွာ နည္းမ်ိဳးစုံနဲ႔ပါဝင္ခဲ့သလို ေရွ႕တန္းကေန ေနကာ ၿဖိဳခြင္းသမၽွကို ကာကြယ္ ခုခံေပးခဲ့တာလည္းေတြ႕ရပါတယ္။ဒါ့အျပင္ေႏြဦးေတာ္လွန္ေရးႀကီးမွာ အသက္ဆုံးရႈံးသြားၾကတဲ့ သူရဲေကာင္းေတြရဲ့ မိသားစုေတြဆီလည္း ကိုယ္တိုင္ သြားေရာက္ကာ အလႉေငြမ်ားလႉဒါန္းရင္း အားေပးႏွစ္သိမ့္ခဲ့တာလည္းျဖစ္ပါတယ္။

အခုလည္း သူငယ္ခ်င္းေတြနဲ႔ စုေပါင္းၿပီ စားဝတ္ေနေရး အခက္အခဲျဖစ္ေနတဲ့ ျပည္သူေတြကို အခက္အခဲေတြၾကားကေန ကိုယ္တိုင္သြား ေရာက္ကာ လိုအပ္တဲ့ အစားအေသာက္ ပစၥည္းမ်ားကိုလႉဒါန္းခဲ့တာေတြ႕ရပါတယ္။ အလႉပုံေလးေတြၾကည့္ၿပီး ၾကည္ႏူးပီတိျဖစ္မိသလို ေလးစားမိတာ အမွန္ပါပဲေနာ္။အခုလိုျပည္သူ အခ်င္းခ်င္းစည္းလုံးညီညြတ္ၿပီး တတ္နိုင္သေလာက္ ကူညီေဖးမေနၾကတာလည္းတကယ္ကို ၾကက္သီးထစရာေကာင္းေလာက္ေအာင္ ပါပဲေနာ္။

Credit:Cele Zone
Photo – Lin Aung Khit

စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေကို အစားအသောက်များလှူဒါန်းခဲ့တဲ့ လင်းအောင်ခေတ်

လင်းအောင်ခေတ် ကတော့ ဒီလူထုလှုပ်ရှားမှုကြီးမှာ ပြည်သူတွေနဲ့အတူ ရဲရဲဝံ့ဝံ့ ပူးပေါင်းပါဝင်ကာ ရရာနေရာမျိုးစုံကနေ ကူညီအားဖြည့် နေတာလည်း ဖြစ်ပါတယ်။ဒါ့အပြင် လူထုလှုပ်ရှားမှုတွေမှာ ဖြစ်ပျက်နေတဲ့ အရာတွေကိုလည်း အချိန်နဲ့တစ်ပြေးညီဖော်ပြကာ ဘက်ပေါင်းစုံကနေ ပါဝင်ခဲ့တာကြောင့် ပရိသတ်တွေကလည်း အရင်ထက်တောင် ပိုမိုအားပေးလာကြတာတွေ့ရပါတယ်။

​နေ့စဉ်တိုင်းလည်း သူကိုယ်တိုင် လမ်းမပေါ် ထွက်ကာ ဆန္ဒဖော်ထုတ်မှုတွေမှာ နည်းမျိုးစုံနဲ့ပါဝင်ခဲ့သလို ရှေ့တန်းကနေ နေကာ ဖြိုခွင်းသမျှကို ကာကွယ် ခုခံပေးခဲ့တာလည်းတွေ့ရပါတယ်။ဒါ့အပြင်နွေဦးတော်လှန်ရေးကြီးမှာ အသက်ဆုံးရှုံးသွားကြတဲ့ သူရဲကောင်းတွေရဲ့ မိသားစုတွေဆီလည်း ကိုယ်တိုင် သွားရောက်ကာ အလှူငွေများလှူဒါန်းရင်း အားပေးနှစ်သိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

အခုလည်း သူငယ်ချင်းတွေနဲ့ စုပေါင်းပြီ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို အခက်အခဲတွေကြားကနေ ကိုယ်တိုင်သွား ရောက်ကာ လိုအပ်တဲ့ အစားအသောက် ပစ္စည်းများကိုလှူဒါန်းခဲ့တာတွေ့ရပါတယ်။ အလှူပုံလေးတွေကြည့်ပြီး ကြည်နူးပီတိဖြစ်မိသလို လေးစားမိတာ အမှန်ပါပဲနော်။အခုလိုပြည်သူ အချင်းချင်းစည်းလုံးညီညွတ်ပြီး တတ်နိုင်သလောက် ကူညီဖေးမနေကြတာလည်းတကယ်ကို ကြက်သီးထစရာကောင်းလောက်အောင် ပါပဲနော်။

Credit:Cele Zone
Photo – Lin Aung Khit

About the author

Ms Cele

Leave a Comment