Celebrity
Written by Ms Cele
Credit
စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေကို ကူညီနေတဲ့ တမိုးအောက်မြန်မာပရဟိတအသင်းကို အလှူငွေများလှူဒါန်းလိုက်တဲ့ ပြည်သူချစ်မင်းသားကြီး ရန်အောင်
ဝါရင့်သရုပ်ဆောင်ကြီးဖြစ်တဲ့ရန်အောင် ကတော့ အနုပညာနယ်ပယ်မှာ ဆယ်စုနှစ်တခုကြာရပ်တည်ခဲ့ပြီး အကယ်ဒမီထူးချွန်ဆုများစွာလည်း ရရှိထားတဲ့သူတစ်ယောက်ပါ။ အကယ်ဒမီများရှင်ရန်အောင် ကတော့ ယနေ့အချိန်ထိလည်း အောင်မြင်နေဆဲဖြစ်ပြီး ပရိသတ်အားပေးချစ်ခင်ရတဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။
ရန်အောင်ကတော့ အခုလို ကိုဗစ်ကာလကြီးမှာအနုပညာ အလုပ်တွေ ရပ်နားထားရပေမယ့် စိန်ရွှေရတနာတွေကို live လွှင့်ပြီးစျေးရောင်းနေတာလည်းဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အနုပညာအချို့ကလည်းဝယ်ယူအားပေးတာကိုတွေ့ရပါတယ်။ရန်အောင်ကတော့ လူထုလှုပ်ရှားမှူကြီးမှာလုံးဝမပါဝင်ခဲ့ပေမယ့်အလှူအတန်းတွေပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။
ဒီနေ့မှာတော့ရန်အောင်ကအနုပညာရှင်တွေနဲ ့စီးပွားရေးလုပ်ငန်းရှင်တွေဖွဲ့စည်းထားတဲ့ တမိုးအောက်မြန်မာပရဟိတအသင်းကို အလှူငွေ(၁၀)သိန်းလှူဒါန်းပေးခဲ့တာဘဲဖြစ်ပါတယ်။မွန်မြတ်လှတဲ့အလှူလေးအတွက်သာဓုခေါ်ပေးပါဦးနော်။
Credit
About the author
Ms Cele
Leave a Comment