Celebrity

စား၀တ္ေနေရးအတြက္ လိုအပ္ေနသူေတြကို ေစတနာရွင္ေတြနဲ႕ စုေပါင္းကာ မြန္ျမတ္တဲ့အလွဴေလး ျပဳလုပ္လိုက္တဲ့ ေရဗကၠာဝင္း

Written by Ms Cele

စား၀တ္ေနေရးအတြက္ လိုအပ္ေနသူေတြကို ေစတနာရွင္ေတြနဲ႕ စုေပါင္းကာ မြန္ျမတ္တဲ့အလွဴေလး ျပဳလုပ္လိုက္တဲ့ ေရဗကၠာဝင္း

အသံခ်ိဳခ်ိဳေလးနဲ႔ သီခ်င္းေကာင္းေလး ေတြေၾကာင့္ ပရိသတ္ေတြၾကား ေရပန္းစား ေအာင္ျမင္ခဲ့တဲ့ အဆိုေတာ္ ေရဗကၠာဝင္း ကေတာ့ လက္ရွိ အေျခအေနေတြမွာ ျပည္သူပရိသတ္ေတြ နဲ႔အတူ ရပ္တည္ေနသူပဲ ျဖစ္ပါတယ္။ေတာ္လွန္ေရး တိုက္ပြဲႀကီးမွာ လူထုလႈပ္ရွားမႈေတြအျပင္ က်ရာတာဝန္ထမ္းရင္း တတ္နိုင္ သေလာက္ ပါဝင္ အားျဖည့္ေနၾကတဲ့ ျပည္သူေတြအားလုံးနဲ႔အတူ ေရဗကၠာဝင္းကလည္း အလႉေလးေတြနဲ႔ တစ္တပ္တစ္အားပါဝင္ေနတာပါ။

ဒါ့အျပင္ လတ္တေလာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြေၾကာင့္ စားဝတ္ေနေရး မေျပလည္ၾကသူမ်ားအား သူမရွာေဖြထားတဲ့ ေခၽြးနည္းစာမ်ားျဖင့္ လိုအပ္တဲ့ စားနပ္ရိကၡာမ်ား လႉဒါန္းေပးေနတာလည္း ျဖစ္ပါတယ္။ အခုလို ကုသိုလ္ေကာင္းမႈေတြ အျမဲျပဳလုပ္ေနတဲ့ ေရဗကၠာဝင္း ရဲ့ မြန္ျမတ္တဲ့ စိတ္ထားေလးကို ပရိသတ္အားလုံးက ခ်ီးက်ဴးေနၾကတာ ျဖစ္ပါတယ္။

ယေန႔မွာလည္း ေစတနာရွင္ ျပည္သူေတြနဲ႔ စုေပါင္းကာ လိုအပ္ေနတဲ့ အိမ္ေထာင္စုေတြ အတြက္ အေျခခံစားေသာက္ကုန္မ်ား နဲ႔ အဝတ္အထည္မ်ားကို လႉဒါန္းခဲ့ျပန္ပါတယ္။ လိုအပ္ေနသူ ေတြကို မၽွေဝလႉဒါန္းျခင္းကလည္း နည္းသည္မ်ားသည္ျဖစ္ေစ မြန္ျမတ္တဲ့ အလႉဒါနေလးပါပဲေနာ္။ ပရိသတ္ႀကီးအတြက္ ေရဗကၠာဝင္စရဲ့ အလႉေလးကို မၽွေဝေပးလိုက္ပါတယ္။

Credit:Cele Zone
Photo – Rebecca Win

စားဝတ်နေရေးအတွက် လိုအပ်နေသူတွေကို စေတနာရှင်တွေနဲ့ စုပေါင်းကာ မွန်မြတ်တဲ့အလှူလေး ပြုလုပ်လိုက်တဲ့ ရေဗက္ကာဝင်း

အသံချိုချိုလေးနဲ့ သီချင်းကောင်းလေး တွေကြောင့် ပရိသတ်တွေကြား ရေပန်းစား အောင်မြင်ခဲ့တဲ့ အဆိုတော် ရေဗက္ကာဝင်း ကတော့ လက်ရှိ အခြေအနေတွေမှာ ပြည်သူပရိသတ်တွေ နဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။တော်လှန်ရေး တိုက်ပွဲကြီးမှာ လူထုလှုပ်ရှားမှုတွေအပြင် ကျရာတာဝန်ထမ်းရင်း တတ်နိုင် သလောက် ပါဝင် အားဖြည့်နေကြတဲ့ ပြည်သူတွေအားလုံးနဲ့အတူ ရေဗက္ကာဝင်းကလည်း အလှူလေးတွေနဲ့ တစ်တပ်တစ်အားပါဝင်နေတာပါ။

ဒါ့အပြင် လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် စားဝတ်နေရေး မပြေလည်ကြသူများအား သူမရှာဖွေထားတဲ့ ချွေးနည်းစာများဖြင့် လိုအပ်တဲ့ စားနပ်ရိက္ခာများ လှူဒါန်းပေးနေတာလည်း ဖြစ်ပါတယ်။ အခုလို ကုသိုလ်ကောင်းမှုတွေ အမြဲပြုလုပ်နေတဲ့ ရေဗက္ကာဝင်း ရဲ့ မွန်မြတ်တဲ့ စိတ်ထားလေးကို ပရိသတ်အားလုံးက ချီးကျူးနေကြတာ ဖြစ်ပါတယ်။

ယနေ့မှာလည်း စေတနာရှင် ပြည်သူတွေနဲ့ စုပေါင်းကာ လိုအပ်နေတဲ့ အိမ်ထောင်စုတွေ အတွက် အခြေခံစားသောက်ကုန်များ နဲ့ အဝတ်အထည်များကို လှူဒါန်းခဲ့ပြန်ပါတယ်။ လိုအပ်နေသူ တွေကို မျှဝေလှူဒါန်းခြင်းကလည်း နည်းသည်များသည်ဖြစ်စေ မွန်မြတ်တဲ့ အလှူဒါနလေးပါပဲနော်။ ပရိသတ်ကြီးအတွက် ရေဗက္ကာဝင်စရဲ့ အလှူလေးကို မျှဝေပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Rebecca Win

About the author

Ms Cele

Leave a Comment