Celebrity


Written by Ms Cele







Credit:CeleChitThu

စိတ်ဆိုးနေတဲ့ သူမကို သီချင်းနဲ့ ရော ပန်းစည်းနဲ့ပါ လာချော့တဲ့ ချစ်သူကြောင့် ဝမ်းသာ ပျော်ရွှင်နေတဲ့ ဘေဘီမောင်

မြန်မာဆန်ဆန်လေး တွေကို နန်းဆန်စွာ ဝတ်ဆင်ပြီး ချောမော လှပလွန်းတဲ့ သရုပ်ဆောင် ဘေဘီမောင်ကို ပရိသတ်တွေနဲ့ အထူးတလည် မိတ်ဆက် ပေးဖို့မလိုလောက်ဘူး ထင်ပါတယ်။

ဘေဘီမောင် ကတော့ အနုပညာ လုပ်ငန်းတွေ သာမက Online Sale ရောင်းချရင်း နဲ့လည်း ပရိသတ်တွေနဲ့ ပိုမိုရင်းနှီး လာတာကို တွေ့ရမှာပါပဲနော်။ သူမရဲ့ အချစ်ရေးဟာဆိုရင် အဆိုတော် သားဂန်းနဲ့အတူ သာယာတဲ့ အချစ်ရေး လေးကို ပိုင်ဆိုင်ထားတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။

သူမတို့စုံတွဲ ဟာဆိုရင် ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတဲ့ သူတစ်ဦးပါပဲနော်။ သူမရဲ့ အားလပ်ချိန်တိုင်းမှာ ချစ်သူသားဂန်း နဲ့အတူ အမှတ်တရ ပုံရိပ်လေးတွေနဲ့ ဗီဒီယို ဖိုင်လေးကို လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။

ဒီနေ့ မှာတော့ ဘေဘီမောင်က”ပန်းပေးရင် အလှမ်းဝေးတယ်လို့ ငယ်ငယ်တုန်းကပြောတာကြားဘူးတယ်။ တကယ် တော့ ပန်းပေး တာဟာ အလှမ်းနီးတာ ပါကွာ😍မောင်က သီချင်းနဲ့တင် မဟုတ်ဘူး ပန်းပေးပြီးချော့ တတ်နေပြီ အမွှေပေါ့”လို့ဆိုပြီး ချစ်သူ သားဂန်း ပေးတဲ့ ပန်းလေးတွေနဲ့ လှပ ကျော့ရှင်းစွာ ရိုက်ထားတဲ့ ပုံရိပ်လေးတွေနဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်ပေးလာ ခဲ့တာပဲဖြစ်ပါတယ်။

ဘေဘီမောင် တို့ချစ်သူစုံတွဲ လေးကို ကြည့်ပြီး ပရိသတ် တွေလည်း ကြည်နူး မိမယ်လို့ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေ အားလုံး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ဆုတောင်း ပေးလိုက်ပါတယ်နော်။

Credit:CeleChitThu

About the author

Ms Cele

Leave a Comment