Celebrity

စိတ္ဓာတ္က်လြန္းတဲ့ အခ်ိန္ေတြရိွခဲ့စဥ္က ေသမယ့္ လမ္းထက္ သီလရွင္ ဝတ္ျပီး တရားအား ထုတ္မယ့္ လမ္းစဥ္ကို လုိက္ခဲ့တဲ့ ထက္ထက္မိုးဦး

Written by Ms Cele

စိတ္ဓာတ္က်လြန္းတဲ့ အခ်ိန္ေတြရိွခဲ့စဥ္က ေသမယ့္ လမ္းထက္ သီလရွင္ ဝတ္ျပီး တရားအား ထုတ္မယ့္ လမ္းစဥ္ကို လုိက္ခဲ့တဲ့ ထက္ထက္မိုးဦး

မိုးကုတ္ျမိဳ့ေလး ကေန ျပကၡဒိန္ ေၾကာ္ျငာေတြ ရိုက္ကူးရင္း တစ္နိုင္ငံလံုး အတိုင္းအတာနဲ့ ေအာင္ျမင္လာခဲ့တဲ့ ထက္ထက္မိုးဦး ကေတာ့ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့ျပီး အနုပညာ အလုပ္ေတြ လက္မလည္ေအာင္ လုပ္ကိုင္ခဲ့ ေပမယ့္ လူမႈေရးကိစၥ၊ က်န္းမာေရးကိစၥေတြရိွ လာခ်ိန္မွာေတာ့ အနုပညာေလာကကေန ေပ်ာက္ကြယ္သြားတဲ့ အထိျဖစ္ခဲ့ဖူးတာပဲ ျဖစ္ပါတယ္။ ေအာင္ျမင္သူ မင္းသမီး တစ္လက္ဆိုေပမယ့္ ေလာကဓံရဲ့ အထုအေထာင္းေတြေၾကာင့္ စိတ္ညစ္လြန္း၊ စိတ္ဓာတ္က်လြန္းတဲ့ အခ်ိန္ေတြရိွခဲ့ဖူးတဲ့ ထက္ထက္မိုးဦးက ေသမယ့္လမ္းထက္ သီလရွင္ဝတ္ျပီး တရားအားထုတ္မယ့္ လမ္းစဥ္ကို လုိက္ခဲ့ေၾကာင္ အခုလိုပဲ ေျပာျပလာပါတယ္။

“ေအာင္ျမင္တဲ့အခ်ိန္မွာ ကိုယ့္နားမွာ ဝိုင္းဝိုင္းလည္ေနေတာ့ ေမ့ေလ်ာ့ေနတတ္တယ္။ထက္လည္း ခပ္ငယ္ငယ္တုန္းက ေအာင္ျမင္မႈထိပ္ဆုံးေရာက္တဲ့အခ်ိန္ သာယာခဲ့ဖူးပါတယ္။ ေအာင္ျမင္ခဲ့တဲ့အခ်ိန္၊ ျပည့္စုံခဲ့တဲ့အခ်ိန္တုန္းက အလႉအတန္းေတြ အမ်ားႀကီးလုပ္ခဲ့တာ၊ ဘုရားတည္၊ ေက်ာင္းေဆာက္၊ အလႉႀကီးေတြ ေပးခဲ့တာ၊ စာသင္ေက်ာင္းေတြေဆာက္တာ၊ ရွင္ျပဳရဟန္းခံတာ စသျဖင့္ အမ်ားႀကီးလုပ္ခဲ့တဲ့အတြက္ က်ရႈံးတဲ့အခ်ိန္မွာ အဲဒါေလးေတြ ေတြးၿပီးခံသာခဲ့ရတယ္။ “က်ရႈံးတဲ့အခ်ိန္မွာ” ဘဝတစ္ေကြ႕မွာ အဆိုးကို ရင္ဆိုင္ရတဲ့အခါ၊ဘဝ တစ္ဆစ္ခ်ိဳးမွာ အတိမ္းအေစာင္းျဖစ္တဲ့ အခါ ခံႏိုင္ရည္ရွိ ရတယ္။ သည္းခံရတယ္။လူေတြရဲ႕အထင္ေသးတဲ့အၾကည့္၊ အေျပာအဆို အသုံးအႏႈန္းေတြကို ခံႏိုင္ရည္ရွိရတယ္။”

” ကိုယ္တိုင္လည္း စိတ္ညစ္လြန္းလို႔ ကိုယ့္ကိုယ္ ကိုယ္ သတ္ေသဖို႔ ခဏခဏ စဥ္းစားခဲ့တယ္။ ဒါေပမဲ့လည္း ေသသြားတာနဲ႔ ၿပီးမွာမဟုတ္ဘူး။ ကိုယ့္ေနာက္မွာ လိုက္ေနတဲ့ အရိပ္မည္းႀကီးနဲ႔ မေသခ်င္တဲ့အတြက္ေၾကာင့္ သီလရွင္ဝတ္ခဲ့တယ္။ တရားအားထုတ္ၿပီး ၄, ၅ လ ေနမွ စိတ္တည္ၿငိမ္ခဲ့တယ္။ အားလုံးကို ဥေပကၡာျပဳႏိုင္လာတယ္။ အခုပရိသတ္ေတြျပန္ၿပီး အသိအမွတ္ျပဳေပးလာတဲ့ အခ်ိန္မွာေတာ့ ဘဝအေတြ႕အႀကဳံေတြက ပညာေပးတဲ့အတြက္ အရမ္းကို ေနတတ္သြားပါၿပီ။ေအာင္ျမင္မႈေတြေနာက္က အလွည့္အေျပာင္းေလာကဓံေတြနဲ႔ အၿပဳံးမပ်က္ ဆက္ေလွ်ာက္ေနတဲ့ အမ်ိဳးသမီးပါရွင့္ ။” ဆိုျပီး ရင္ဖြင့္ေျပာျပလာပါတယ္။

ထက္ထက္မိုးဦး ကေတာ့ ေအာင္ျမင္ျခင္း၊ က်ရႈံးျခင္းတို့ကို လက္ေတြ့ ခံစားျပီးခ်ိန္မွာေတာ့ ဘဝရဲ့အေတြ့အၾကံဳေတြကေန ျပန္လည္သင္ခန္းစာယူျပီး အခုဆိုရင္ အျပံုးမပ်က္ ေနတတ္သြားျပီပဲ ျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ထက္ထက္ကို ခ်စ္တဲ့ ပရိသတ္ေတြက အမ်ားၾကီးဆက္ခ်စ္ေပးေနတာမို့ ထက္ထက္္တစ္ေယာက္ အားလုံးကို ဥေပကၡာျပဳနိုင္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

စိတ်ဓာတ်ကျလွန်းတဲ့ အချိန်တွေရှိခဲ့စဉ်က သေမယ့် လမ်းထက် သီလရှင် ဝတ်ပြီး တရားအား ထုတ်မယ့် လမ်းစဉ်ကို လိုက်ခဲ့တဲ့ ထက်ထက်မိုးဦး

မိုးကုတ်မြို့လေး ကနေ ပြက္ခဒိန် ကြော်ငြာတွေ ရိုက်ကူးရင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်လာခဲ့တဲ့ ထက်ထက်မိုးဦး ကတော့ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီး အနုပညာ အလုပ်တွေ လက်မလည်အောင် လုပ်ကိုင်ခဲ့ ပေမယ့် လူမှုရေးကိစ္စ၊ ကျန်းမာရေးကိစ္စတွေရှိ လာချိန်မှာတော့ အနုပညာလောကကနေ ပျောက်ကွယ်သွားတဲ့ အထိဖြစ်ခဲ့ဖူးတာပဲ ဖြစ်ပါတယ်။ အောင်မြင်သူ မင်းသမီး တစ်လက်ဆိုပေမယ့် လောကဓံရဲ့ အထုအထောင်းတွေကြောင့် စိတ်ညစ်လွန်း၊ စိတ်ဓာတ်ကျလွန်းတဲ့ အချိန်တွေရှိခဲ့ဖူးတဲ့ ထက်ထက်မိုးဦးက သေမယ့်လမ်းထက် သီလရှင်ဝတ်ပြီး တရားအားထုတ်မယ့် လမ်းစဉ်ကို လိုက်ခဲ့ကြောင် အခုလိုပဲ ပြောပြလာပါတယ်။

“အောင်မြင်တဲ့အချိန်မှာ ကိုယ့်နားမှာ ဝိုင်းဝိုင်းလည်နေတော့ မေ့လျော့နေတတ်တယ်။ထက်လည်း ခပ်ငယ်ငယ်တုန်းက အောင်မြင်မှုထိပ်ဆုံးရောက်တဲ့အချိန် သာယာခဲ့ဖူးပါတယ်။ အောင်မြင်ခဲ့တဲ့အချိန်၊ ပြည့်စုံခဲ့တဲ့အချိန်တုန်းက အလှူအတန်းတွေ အများကြီးလုပ်ခဲ့တာ၊ ဘုရားတည်၊ ကျောင်းဆောက်၊ အလှူကြီးတွေ ပေးခဲ့တာ၊ စာသင်ကျောင်းတွေဆောက်တာ၊ ရှင်ပြုရဟန်းခံတာ စသဖြင့် အများကြီးလုပ်ခဲ့တဲ့အတွက် ကျရှုံးတဲ့အချိန်မှာ အဲဒါလေးတွေ တွေးပြီးခံသာခဲ့ရတယ်။ “ကျရှုံးတဲ့အချိန်မှာ” ဘဝတစ်ကွေ့မှာ အဆိုးကို ရင်ဆိုင်ရတဲ့အခါ၊ဘဝ တစ်ဆစ်ချိုးမှာ အတိမ်းအစောင်းဖြစ်တဲ့ အခါ ခံနိုင်ရည်ရှိ ရတယ်။ သည်းခံရတယ်။လူတွေရဲ့အထင်သေးတဲ့အကြည့်၊ အပြောအဆို အသုံးအနှုန်းတွေကို ခံနိုင်ရည်ရှိရတယ်။”

” ကိုယ်တိုင်လည်း စိတ်ညစ်လွန်းလို့ ကိုယ့်ကိုယ် ကိုယ် သတ်သေဖို့ ခဏခဏ စဉ်းစားခဲ့တယ်။ ဒါပေမဲ့လည်း သေသွားတာနဲ့ ပြီးမှာမဟုတ်ဘူး။ ကိုယ့်နောက်မှာ လိုက်နေတဲ့ အရိပ်မည်းကြီးနဲ့ မသေချင်တဲ့အတွက်ကြောင့် သီလရှင်ဝတ်ခဲ့တယ်။ တရားအားထုတ်ပြီး ၄, ၅ လ နေမှ စိတ်တည်ငြိမ်ခဲ့တယ်။ အားလုံးကို ဥပေက္ခာပြုနိုင်လာတယ်။ အခုပရိသတ်တွေပြန်ပြီး အသိအမှတ်ပြုပေးလာတဲ့ အချိန်မှာတော့ ဘဝအတွေ့အကြုံတွေက ပညာပေးတဲ့အတွက် အရမ်းကို နေတတ်သွားပါပြီ။အောင်မြင်မှုတွေနောက်က အလှည့်အပြောင်းလောကဓံတွေနဲ့ အပြုံးမပျက် ဆက်လျှောက်နေတဲ့ အမျိုးသမီးပါရှင့် ။” ဆိုပြီး ရင်ဖွင့်ပြောပြလာပါတယ်။

ထက်ထက်မိုးဦး ကတော့ အောင်မြင်ခြင်း၊ ကျရှုံးခြင်းတို့ကို လက်တွေ့ ခံစားပြီးချိန်မှာတော့ ဘဝရဲ့အတွေ့အကြုံတွေကနေ ပြန်လည်သင်ခန်းစာယူပြီး အခုဆိုရင် အပြုံးမပျက် နေတတ်သွားပြီပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ထက်ထက်ကို ချစ်တဲ့ ပရိသတ်တွေက အများကြီးဆက်ချစ်ပေးနေတာမို့ ထက်ထက််တစ်ယောက် အားလုံးကို ဥပေက္ခာပြုနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment