Celebrity

စိတ္နာလို႔ ဘယ္ေတာ့ မွ သီခ်င္းဆို ၿပိဳင္ပြဲေတြ မၿပိဳင္ ေတာ့ဘူးလို႔ ေျပာ လိုက္တဲ့ ၿဖိဳးေက်ာ္ထိုက္

Written by Ms Cele

စိတ္နာလို႔ ဘယ္ေတာ့ မွ သီခ်င္းဆို ၿပိဳင္ပြဲေတြ မၿပိဳင္ ေတာ့ဘူးလို႔ ေျပာ လိုက္တဲ့ ၿဖိဳးေက်ာ္ထိုက္

ၿဖိဳးေက်ာ္ထိုက္ ကေတာ့ Melody World သီခ်င္းဆို ၿပိဳင္ပြဲကေန တဆင့္ ဂီတေလာကထဲကို စတင္ဝင္ေရာက္ ခဲ့တာ ျဖစ္ပါတယ္။ သူ႔ အေနနဲ႔ တစ္ကိုယ္ ေတာ္ အေခြေတြလည္း ထြက္ရွိခဲ့သူျဖစ္ သလို Single Song ေတြလည္း အမ်ားႀကီး ထြက္ရွိ ခဲ့တာ ေတြ႕ရပါတယ္။ သူကိုယ္တိုင္ သီဆို ထားတဲ့” သစၥာမရွိတဲ့ သစၥာ” ဆိုတဲ့ သီခ်င္းက ၿဖိဳးေက်ာ္ထိုက္ အတြက္ေတာ့ ပရိသတ္အခိုင္အမာ ရရွိခဲ့တဲ့ သီခ်င္းတစ္ပုဒ္ျဖစ္ပါတယ္။

လက္ရွိ ႏႈတ္ထြက္ လိုက္ရတဲ့ The Voice Myanmar သီခ်င္းဆိုၿပိဳင္ပြဲက သူ႔အတြက္ ေနာက္ဆုံး ၿပိဳင္ပြဲျဖစ္တယ္ လို႔လည္း သိရပါတယ္။ယခုရက္ပိုင္း မီဒီယာေတြ႕ဆုံမႈတစ္ခု မွာေတာ့ ၿဖိဳးေက်ာ္ထိုက္က သူ႔အေနနဲ႔ စိတ္နာလို႔ သီခ်င္းဆို ၿပိဳင္ပြဲေတြ ဘယ္ေတာ့မွ မၿပိဳင္ေတာ့ဘူးလို႔ ေျပာလာခဲ့တာပါ

ကၽြန္ေတာ္က အစကတည္းက Battle Round မွာကတည္းက ကၽြန္ေတာ္ မၿပိဳင္ေတာ့ဘူး လုပ္တာ….ဒါေပမယ့္ သူတို႔နဲ႔ စာခ်ဳပ္မွာလက္မွတ္ထိုး ထားရတာဆိုေတာ့ ဆက္ၿပိဳင္ျဖစ္ သြားတာေပါ့…. သူတို႔နဲ႔စာခ်ဳပ္မွာက အဆုံးထိၿပိဳင္ရမယ္ ဆိုတာက ပါတယ္ဆိုေတာ့ေလ ေနာက္ထပ္ သီခ်င္းဆိုၿပိဳင္ပြဲဆို တာေတာ့ ကၽြန္ေတာ့အတြက္ရွိလာေတာ့မွာ မဟုတ္ပါဘူး… ကၽြန္ေတာ့ ဘဝမွာ သီခ်င္းဆိုၿပိဳင္ပြဲ ၄ ခုအထိၿပိဳင္ဖူးတယ္ ….အခု The Voice ကေနာက္ဆုံးၿပိဳင္ပြဲပါပဲ… ေနာက္ဘယ္ေလာက္ပဲ ဆုေၾကးမ်ားမ်ား ကၽြန္ေတာ္တသက္လုံး ၿပိဳင္ျဖစ္ေတာ့မွာမဟုတ္ပါဘူး….အဲ့ဒီရဲ့ Feedback ကိုကၽြန္ေတာ္မခံနိုင္ဘူး…

ကၽြန္ေတာ္က လူပ်ိဳဆိုလည္း တမ်ိဳးေကာင္းတာေပါ့ …. အခုက မိန္းမနဲ႔ကေလးနဲ႔ဆိုေတာ့ ထိန္းခ်ဳပ္ရ တာေတြရွိတယ္ လူလြတ္ဆိုရင္ေတာ့ ဘာေျပာေကာင္းမလဲ…မိန္းမနဲ႔ကေလးနဲ႔ဆိုေတာ့ သည္းခံရတာေတြရွိတယ္ အဲ့ဒီေတာ့ အဆင္မေျပပါဘူး…ဒါေနာက္ဆုံးပါပဲ။

သီခ်င္းဆိုၿပိဳင္ပြဲကို စိတ္လည္း ကုန္တယ္ ေနာက္ၿပီး ကံမေပးတာလည္းပါတယ္…. Comment ေတြမွာၾကည့္ရင္ သိနိုင္ပါတယ္ စန္းမရွိဘူးတို႔ တရာဖိုးသုံးပုဒ္ ဆိုတယ္ ဆိုတဲ့ မန္႔ေတြလည္း သိရပါတယ္ သီခ်င္းဆိုတာ တရာဖိုး သုံးပုဒ္လို႔ အတန္းအစား သတ္မွတ္လို႔မရပါဘူး ကၽြန္ေတာ္တို႔ဆိုတဲ့ သီခ်င္းေတြက တရာဖိုးသုံးပုဒ္ သတ္မွတ္လို႔မရပါဘူး.. ကိုစိုးသူသီခ်င္းကို ကၽြန္ေတာ္ဆိုသလို ျပန္ေျပာင္းၿပီးဆိုၾကည့္ပါ သိပါလိမ့္မယ္ …. ဒီသီခ်င္းက လူငယ္ေတြမသိနိုင္ေတာ့တဲ့သီခ်င္းမို႔လို႔ ကၽြန္ေတာ္က ျပန္ေဖာ္ထုတ္ဆိုတာပါ…တရာဖိုးသုံးပုဒ္လို႔ ေဝဖန္တာမ်ိဳးေတာ့ မလုပ္သင့္ပါဘူး…

ကၽြန္ေတာ္တို႔နိုင္ငံက လူေတြက ကိုေဆာင္းဦးလွိုင္ေျပာ သလိုပဲ ဆဲရင္း ဆဲရင္း ဆင္းရဲသြားၾကတဲ့သူေတြလို႔ ေျပာရမလိုျဖစ္ေနတယ္ ျမန္မာနိုင္ငံမွာေနၾကတဲ့သူေတြအခ်င္းခ်င္း ဘာမွ ထိခိုက္နစ္နာေအာင္လုပ္ထားတာမ်ိဳးလည္းမရွိပဲနဲ႔ ဘလိုင္းႀကီးဆဲေရးေနတာက အဆင္မေျပဘူး လို႔ကၽြန္ေတာ္ျမင္မိပါတယ္

ေနာက္ၿပီး ေန႔တိုင္းကၽြန္ေတာ့္မွာ အဆဲခံ ေနရတာ ၾကာလာေတာ့လည္း ေပါက္တယ္ … ေကာင္းလည္းအဆဲခံရတယ္ … အလႉလုပ္ … ပရဟိတလုပ္ေတာ့လည္း ဒီေကာင္ဗန္းျပ တာပါဆိုၿပီး အမ်ိဳးမ်ိဳးျမင္ေနၾကေတာ့ ကၽြန္ေတာ္က ဘာဆက္ လုပ္ရမလဲ လို႔ ေတြးမိတယ္ ေနာက္ဆုံးဆဲတဲ့သူေတြၾကေတာ့လည္း Fake Account ေတြနဲ႔ဆိုေတာ့ ေျပာရခက္တယ္ ” လို႔ ၿဖိဳးေက်ာ္ထိုက္က သူၾကဳံခဲ့ရတဲ့ အခက္အခဲေတြကို ေျပာျပလာခဲ့တာ ပဲျဖစ္ပါတယ္ေနာ္။အဆုံးထိဖတ္ရႈေပးၾကလို႔ ေက်းဇူးတင္ပါတယ္ေနာ္။

Credit:Shwe Yaung Myanmar

စိတ်နာလို့ ဘယ်တော့ မှ သီချင်းဆို ပြိုင်ပွဲတွေ မပြိုင် တော့ဘူးလို့ ပြော လိုက်တဲ့ ဖြိုးကျော်ထိုက်

ဖြိုးကျော်ထိုက် ကတော့ Melody World သီချင်းဆို ပြိုင်ပွဲကနေ တဆင့် ဂီတလောကထဲကို စတင်ဝင်ရောက် ခဲ့တာ ဖြစ်ပါတယ်။ သူ့ အနေနဲ့ တစ်ကိုယ် တော် အခွေတွေလည်း ထွက်ရှိခဲ့သူဖြစ် သလို Single Song တွေလည်း အများကြီး ထွက်ရှိ ခဲ့တာ တွေ့ရပါတယ်။ သူကိုယ်တိုင် သီဆို ထားတဲ့” သစ္စာမရှိတဲ့ သစ္စာ” ဆိုတဲ့ သီချင်းက ဖြိုးကျော်ထိုက် အတွက်တော့ ပရိသတ်အခိုင်အမာ ရရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

လက်ရှိ နှုတ်ထွက် လိုက်ရတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲက သူ့အတွက် နောက်ဆုံး ပြိုင်ပွဲဖြစ်တယ် လို့လည်း သိရပါတယ်။ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှုတစ်ခု မှာတော့ ဖြိုးကျော်ထိုက်က သူ့အနေနဲ့ စိတ်နာလို့ သီချင်းဆို ပြိုင်ပွဲတွေ ဘယ်တော့မှ မပြိုင်တော့ဘူးလို့ ပြောလာခဲ့တာပါ

ကျွန်တော်က အစကတည်းက Battle Round မှာကတည်းက ကျွန်တော် မပြိုင်တော့ဘူး လုပ်တာ….ဒါပေမယ့် သူတို့နဲ့ စာချုပ်မှာလက်မှတ်ထိုး ထားရတာဆိုတော့ ဆက်ပြိုင်ဖြစ် သွားတာပေါ့…. သူတို့နဲ့စာချုပ်မှာက အဆုံးထိပြိုင်ရမယ် ဆိုတာက ပါတယ်ဆိုတော့လေ နောက်ထပ် သီချင်းဆိုပြိုင်ပွဲဆို တာတော့ ကျွန်တော့အတွက်ရှိလာတော့မှာ မဟုတ်ပါဘူး… ကျွန်တော့ ဘဝမှာ သီချင်းဆိုပြိုင်ပွဲ ၄ ခုအထိပြိုင်ဖူးတယ် ….အခု The Voice ကနောက်ဆုံးပြိုင်ပွဲပါပဲ… နောက်ဘယ်လောက်ပဲ ဆုကြေးများများ ကျွန်တော်တသက်လုံး ပြိုင်ဖြစ်တော့မှာမဟုတ်ပါဘူး….အဲ့ဒီရဲ့ Feedback ကိုကျွန်တော်မခံနိုင်ဘူး…

ကျွန်တော်က လူပျိုဆိုလည်း တမျိုးကောင်းတာပေါ့ …. အခုက မိန်းမနဲ့ကလေးနဲ့ဆိုတော့ ထိန်းချုပ်ရ တာတွေရှိတယ် လူလွတ်ဆိုရင်တော့ ဘာပြောကောင်းမလဲ…မိန်းမနဲ့ကလေးနဲ့ဆိုတော့ သည်းခံရတာတွေရှိတယ် အဲ့ဒီတော့ အဆင်မပြေပါဘူး…ဒါနောက်ဆုံးပါပဲ။

သီချင်းဆိုပြိုင်ပွဲကို စိတ်လည်း ကုန်တယ် နောက်ပြီး ကံမပေးတာလည်းပါတယ်…. Comment တွေမှာကြည့်ရင် သိနိုင်ပါတယ် စန်းမရှိဘူးတို့ တရာဖိုးသုံးပုဒ် ဆိုတယ် ဆိုတဲ့ မန့်တွေလည်း သိရပါတယ် သီချင်းဆိုတာ တရာဖိုး သုံးပုဒ်လို့ အတန်းအစား သတ်မှတ်လို့မရပါဘူး ကျွန်တော်တို့ဆိုတဲ့ သီချင်းတွေက တရာဖိုးသုံးပုဒ် သတ်မှတ်လို့မရပါဘူး.. ကိုစိုးသူသီချင်းကို ကျွန်တော်ဆိုသလို ပြန်ပြောင်းပြီးဆိုကြည့်ပါ သိပါလိမ့်မယ် …. ဒီသီချင်းက လူငယ်တွေမသိနိုင်တော့တဲ့သီချင်းမို့လို့ ကျွန်တော်က ပြန်ဖော်ထုတ်ဆိုတာပါ…တရာဖိုးသုံးပုဒ်လို့ ဝေဖန်တာမျိုးတော့ မလုပ်သင့်ပါဘူး…

ကျွန်တော်တို့နိုင်ငံက လူတွေက ကိုဆောင်းဦးလှိုင်ပြော သလိုပဲ ဆဲရင်း ဆဲရင်း ဆင်းရဲသွားကြတဲ့သူတွေလို့ ပြောရမလိုဖြစ်နေတယ် မြန်မာနိုင်ငံမှာနေကြတဲ့သူတွေအချင်းချင်း ဘာမှ ထိခိုက်နစ်နာအောင်လုပ်ထားတာမျိုးလည်းမရှိပဲနဲ့ ဘလိုင်းကြီးဆဲရေးနေတာက အဆင်မပြေဘူး လို့ကျွန်တော်မြင်မိပါတယ်

နောက်ပြီး နေ့တိုင်းကျွန်တော့်မှာ အဆဲခံ နေရတာ ကြာလာတော့လည်း ပေါက်တယ် … ကောင်းလည်းအဆဲခံရတယ် … အလှူလုပ် … ပရဟိတလုပ်တော့လည်း ဒီကောင်ဗန်းပြ တာပါဆိုပြီး အမျိုးမျိုးမြင်နေကြတော့ ကျွန်တော်က ဘာဆက် လုပ်ရမလဲ လို့ တွေးမိတယ် နောက်ဆုံးဆဲတဲ့သူတွေကြတော့လည်း Fake Account တွေနဲ့ဆိုတော့ ပြောရခက်တယ် ” လို့ ဖြိုးကျော်ထိုက်က သူကြုံခဲ့ရတဲ့ အခက်အခဲတွေကို ပြောပြလာခဲ့တာ ပဲဖြစ်ပါတယ်နော်။အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော်။

Credit:Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment