Celebrity


Written by Ms Cele





Credit

စိတ်ပင်ပန်းမှုတွေ အခက်အခဲတွေ ရှိနေပေမယ့် အေးချမ်းတဲ့နေရောလေးမှာ ကောင်းမှုကုလိုလ်များကို ပြုလုပ်လျက်ရှိတဲ့ ဘေဘီမောင်

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင် ကတော့ လက်တလော မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးလည်း ပြည်သူတွေနဲ့အတူ တစ်သွေးတစ်သားတည်း ရပ်တည်ခဲ့တာဖြစ်ပြီး ကိုယ်တိုင်လည်း လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတစ်ယောက်ပါ ။

ဒါ့အပြင် လမ်းမပေါ်မှာ ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေ ကိုလည်း အစားအသောက်များ လိုက်ဝေငှကာ တက်နိုင် သလောက် ထောက်ပံ့လှူဒါန်းမှုတွေကို ရရာနေရာကနေ အားဖြည့်ပါဝင်နေတာလည်း တွေ့ရပါတယ်။အခုလိုတတ်နိုင်သလောက် လိုအပ် တာတွေ ကူညီပေးနေတဲ့ အပြင် ဘုရားရှိခိုးကာ ဆုတောင်းပေးခြင်း တွေလည်း ပြုလုပ်ပေးခဲ့တာကို တွေ့ရပါတယ်။

အခုလည်း စိတ်ပင်ပန်းမှုတွေ အခက်အခဲတွေ ရှိနေပေမယ့် အေးချမ်းတဲ့ နေရောလေးမှာ ကောင်းမှုကုလိုလ် များကို ပြုလုပ်လျက်ရှိကြောင်း သူရဲ့ အကောင့်လေးမှာ ဝေမျှထားတာဖြစ်ပါတယ်။ အလှူပုံလေးတွေနဲ့အတူ ” မင်္ဂလာနံနက်ခင်းပါ ကုသိုလ်ကောင်းမှု့ဖြင့် အစပြုသော နေ့လေးဖြစ်ပါစေ နေ့ရက်တိုင်းမှာ ဓမ္မအသိဖြင့် ဘဝများငြိမ်းအေးကြပါစေ” ဆိုတဲ့စာလေးကို ရေးသားဝေမျှထားရာ ပရိသတ်ကြီးလည်း ဘေဘီရဲ့ အလှူလေး ကို သာဓုခေါ်နိုင်စေရန် ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

Photo Credit : Baby Maung Facebook Account
Credit

About the author

Ms Cele

Leave a Comment