Celebrity

စိတ္ပင္ပန္းမႈေတြ အခက္အခဲေတြရွိေနေပမယ့္ ေအးခ်မ္းတဲ့ ေနေရာေလးမွာ ေကာင္းမႈကုလိုလ္မ်ားကို ျပဳလုပ္လ်က္ရွိတဲ့ ေဘဘီေမာင္

Written by Ms Cele

စိတ္ပင္ပန္းမႈေတြ အခက္အခဲေတြရွိေနေပမယ့္ ေအးခ်မ္းတဲ့ ေနေရာေလးမွာ ေကာင္းမႈကုလိုလ္မ်ားကို ျပဳလုပ္လ်က္ရွိတဲ့ ေဘဘီေမာင္

ပရိသတ္ေတြရဲ့ ခ်စ္ခင္အားေပးမႈကို အခိုင္အမာရရွိထားတဲ့ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး ေဘဘီေမာင္ကေတာ့ ႐ုပ္ရွင္နဲ႔ဗီဒီယို ဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရင္း ပရိသတ္ေတြရဲ့ အားေပးမႈေတြကို သိမ္းပိုက္ရရွိထားတာ ျဖစ္ပါတယ္။ပရိသတ္ေတြအေပၚမွာလည္း တေလးတစားဆက္ဆံၿပီး လူတိုင္းအေပၚမွာလည္း ကူညီခ်င္စိတ္ရွိသူ ျဖစ္တာေၾကာင့္ အားလုံးက ခ်စ္ခင္ေနၾကတာပါ။

ဒါ့အျပင္ အေရးၾကဳံတဲ့ အခါတိုင္း မွာလည္း ျပည္သူေတြဘက္မွ ရပ္တည္ေပးသူ အႏုပညာရွင္ တစ္ဦးျဖစ္ပါတယ္။ ဒီလိုကာလမွာ ျပည္သူေတြကိုလည္း အစားအေသာက္မ်ား လိုက္ေဝငွကာ တက္နိုင္သေလာက္ ေထာက္ပံ့ လႉဒါန္းမႈေတြကို ရရာေနရာကေန အားျဖည့္ ပါဝင္ေနတာလည္း ေတြ႕ရပါတယ္။အခုလို တတ္နိုင္သေလာက္ လိုအပ္တာေတြ ကူညီေပးေနတဲ့အျပင္ ဘုရားရွိခိုးကာ ဆုေတာင္းေပးျခင္းေတြလည္း ျပဳလုပ္ေပးခဲ့တာကို ေတြ႕ရပါတယ္။

အခုလည္း စိတ္ပင္ပန္းမႈေတြ အခက္အခဲေတြရွိေနေပမယ့္ ေအးခ်မ္းတဲ့ ေနေရာေလးမွာ ေကာင္းမႈကုလိုလ္ မ်ားကို ျပဳလုပ္လ်က္ရွိေၾကာင္း သူရဲ့အေကာင့္ေလးမွာ ေဝမၽွထားတာျဖစ္ပါတယ္။ အလႉပုံေလးေတြနဲ႔အတူ ” မဂၤလာပါနံနက္ခင္းပါ ျမတ္စြာဘုရား၏ ေမတၱာဓါတ္ေၾကာင့္ တစ္ကမၻာလုံး ေဘးရန္ခပ္သိမ္း ကင္းၿငိမ္းၾကပါေစ ေရာဂါခပ္သိမ္း ကင္းၿငိမ္းၾကပါေစ ႏွလုံးစိတ္ဝမ္း ၿငိမ္းေအးၾကပါေစ ေမတၱာပို႔သလိုက္ ပါတယ္ေနာ္”ဆိုၿပီးေရးသား ေဝမၽွထားပါတယ္။

Credit:Cele Zone
Photo – Baby Maung

စိတ်ပင်ပန်းမှုတွေ အခက်အခဲတွေရှိနေပေမယ့် အေးချမ်းတဲ့ နေရောလေးမှာ ကောင်းမှုကုလိုလ်များကို ပြုလုပ်လျက်ရှိတဲ့ ဘေဘီမောင်

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်ကတော့ ရုပ်ရှင်နဲ့ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။ပရိသတ်တွေအပေါ်မှာလည်း တလေးတစားဆက်ဆံပြီး လူတိုင်းအပေါ်မှာလည်း ကူညီချင်စိတ်ရှိသူ ဖြစ်တာကြောင့် အားလုံးက ချစ်ခင်နေကြတာပါ။

ဒါ့အပြင် အရေးကြုံတဲ့ အခါတိုင်း မှာလည်း ပြည်သူတွေဘက်မှ ရပ်တည်ပေးသူ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။ ဒီလိုကာလမှာ ပြည်သူတွေကိုလည်း အစားအသောက်များ လိုက်ဝေငှကာ တက်နိုင်သလောက် ထောက်ပံ့ လှူဒါန်းမှုတွေကို ရရာနေရာကနေ အားဖြည့် ပါဝင်နေတာလည်း တွေ့ရပါတယ်။အခုလို တတ်နိုင်သလောက် လိုအပ်တာတွေ ကူညီပေးနေတဲ့အပြင် ဘုရားရှိခိုးကာ ဆုတောင်းပေးခြင်းတွေလည်း ပြုလုပ်ပေးခဲ့တာကို တွေ့ရပါတယ်။

အခုလည်း စိတ်ပင်ပန်းမှုတွေ အခက်အခဲတွေရှိနေပေမယ့် အေးချမ်းတဲ့ နေရောလေးမှာ ကောင်းမှုကုလိုလ် များကို ပြုလုပ်လျက်ရှိကြောင်း သူရဲ့အကောင့်လေးမှာ ဝေမျှထားတာဖြစ်ပါတယ်။ အလှူပုံလေးတွေနဲ့အတူ ” မင်္ဂလာပါနံနက်ခင်းပါ မြတ်စွာဘုရား၏ မေတ္တာဓါတ်ကြောင့် တစ်ကမ္ဘာလုံး ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ ရောဂါခပ်သိမ်း ကင်းငြိမ်းကြပါစေ နှလုံးစိတ်ဝမ်း ငြိမ်းအေးကြပါစေ မေတ္တာပို့သလိုက် ပါတယ်နော်”ဆိုပြီးရေးသား ဝေမျှထားပါတယ်။

Credit:Cele Zone
Photo – Baby Maung

About the author

Ms Cele

Leave a Comment