Celebrity

စိန္နဲ႔ျမ ကြပ္ထားတဲ့ တန္ဖိုးႀကီး ေရႊလက္စြပ္ တစ္ကြင္းကို အိတုန္အတြက္ လက္ေဆာင္ေပးခဲ့တဲ့ ေနဆန္းတို႕ဇနီးေမာင္ႏွံ

Written by Ms Cele

စိန္နဲ႔ျမ ကြပ္ထားတဲ့ တန္ဖိုးႀကီး ေရႊလက္စြပ္ တစ္ကြင္းကို အိတုန္အတြက္ လက္ေဆာင္ေပးခဲ့တဲ့ ေနဆန္းတို႕ဇနီးေမာင္ႏွံ

အႏုပညာ သမားေတြဟာ ပရိသတ္ေတြ ကို ေဖ်ာ္ေျဖရသလို အခ်င္းခ်င္းကိုလည္း ရိုင္းပင္းကူညီၿပီး စည္းလုံးၾကသူေတြပါ။ ဇာတ္ပို႔သ႐ုပ္ေဆာင္ အခ်င္းခ်င္းျဖစ္ၾကတဲ့ ေနဆန္းနဲ႔ အိအိတုန္တို႔ ဟာလည္း ခင္မင္ရင္းႏွီးၾကသူေတြျဖစ္ၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္လည္း မိသားစုေတြလို ေနၾကသူေတြပါ။ ကိုယ္ပိုင္စီးပြားေရး လုပ္ေနတဲ့အိတုန္ရဲ့ ကုန္ပစၥည္းေတြကို အားေပးတဲ့အျပင္ တန္ဖိုးႀကီးလက္စြပ္ တစ္ကြင္းပါ လက္ေဆာင္ ထပ္ေပးခဲ့တဲ့ ေနဆန္းတို႔ ဇနီးေမာင္ႏွံကို အိတုန္က ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။

အရင္လိုအလုပ္ေတြ အမ်ားႀကီး မလုပ္ရေတာ့တဲ့အခါ တစ္ဝမ္းတစ္ခါး အတြက္ ႀကိဳးစား႐ုန္းကန္ ေနရတဲ့အခ်ိန္မွာ ဒီလိုအျပန္အလွန္ ရိုင္းပင္းမႈေလးေတြဟာ ခ်စ္စရာပါ။ အိတုန္ကလည္း Online Shop ေလး ေထာင္ထားတဲ့အျပင္ ေနဆန္းတို႔ကလည္း ခ်စ္တီးထမင္း ဆိုင္ဖြင့္လွစ္ကာ ကိုယ္ပိုင္လုပ္ငန္းအသီးသီးမွာ ေအာင္ျမင္ေပ်ာ္ရႊင္ေနခဲ့ၾကပါတယ္။

တန္ဖိုးရွိတဲ့ လက္ေဆာင္ေလး အတြက္ ” ကိုေနဆန္းမေခ်ာစုတို႔ရဲ့ လက္ေဆာင္ေလး အရမ္းႀကိဳက္တယ္ ခ်စ္မႀကီးရယ္ အရမ္းလည္းေက်းဇူးတင္ပါတယ္ ခ်စ္မႀကီးရယ္ ပစၥည္းေတြလည္း အားေပး လက္ေဆာင္ေတြလည္း ျပန္ေပးလိုက္လို႔ေက်းဇူးပါ ခ်စ္မႀကီး နယူးခ်စ္တီး ထမင္းဆိုင္ႀကီးလည္း ဒီထက္မကေအာင္ျမင္ၿပီး အတိုက္အခိုက္ေတြ ကင္းေဝးပါေစခ်စ္မေရ ဒါေလးေတြလည္း ခ်စ္မဆီအားေပးလို႔ ရတယ္ေလ လွတာမွအရမ္းပဲ ” ဆိုၿပီး အိတုန္က ေက်းဇူးတင္ စကားေျပာခဲ့ပါတယ္။

Credit:Cele Zone
Source: Ei Tone

စိန်နဲ့မြ ကွပ်ထားတဲ့ တန်ဖိုးကြီး ရွှေလက်စွပ် တစ်ကွင်းကို အိတုန်အတွက် လက်ဆောင်ပေးခဲ့တဲ့ နေဆန်းတို့ဇနီးမောင်နှံ

အနုပညာ သမားတွေဟာ ပရိသတ်တွေကို ဖျော်ဖြေရသလို အချင်းချင်းကိုလည်း ရိုင်းပင်းကူညီပြီး စည်းလုံးကြသူတွေပါ။ ဇာတ်ပို့သရုပ်ဆောင် အချင်းချင်းဖြစ်ကြတဲ့ နေဆန်းနဲ့ အိအိတုန်တို့ ဟာလည်း ခင်မင်ရင်းနှီးကြသူတွေဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက်လည်း မိသားစုတွေလို နေကြသူတွေပါ။ ကိုယ်ပိုင်စီးပွားရေး လုပ်နေတဲ့အိတုန်ရဲ့ ကုန်ပစ္စည်းတွေကို အားပေးတဲ့အပြင် တန်ဖိုးကြီးလက်စွပ် တစ်ကွင်းပါ လက်ဆောင် ထပ်ပေးခဲ့တဲ့ နေဆန်းတို့ ဇနီးမောင်နှံကို အိတုန်က ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

အရင်လိုအလုပ်တွေ အများကြီး မလုပ်ရတော့တဲ့အခါ တစ်ဝမ်းတစ်ခါး အတွက် ကြိုးစားရုန်းကန် နေရတဲ့အချိန်မှာ ဒီလိုအပြန်အလှန် ရိုင်းပင်းမှုလေးတွေဟာ ချစ်စရာပါ။ အိတုန်ကလည်း Online Shop လေး ထောင်ထားတဲ့အပြင် နေဆန်းတို့ကလည်း ချစ်တီးထမင်း ဆိုင်ဖွင့်လှစ်ကာ ကိုယ်ပိုင်လုပ်ငန်းအသီးသီးမှာ အောင်မြင်ပျော်ရွှင်နေခဲ့ကြပါတယ်။

တန်ဖိုးရှိတဲ့ လက်ဆောင်လေး အတွက် ” ကိုနေဆန်းမချောစုတို့ရဲ့ လက်ဆောင်လေး အရမ်းကြိုက်တယ် ချစ်မကြီးရယ် အရမ်းလည်းကျေးဇူးတင်ပါတယ် ချစ်မကြီးရယ် ပစ္စည်းတွေလည်း အားပေး လက်ဆောင်တွေလည်း ပြန်ပေးလိုက်လို့ကျေးဇူးပါ ချစ်မကြီး နယူးချစ်တီး ထမင်းဆိုင်ကြီးလည်း ဒီထက်မကအောင်မြင်ပြီး အတိုက်အခိုက်တွေ ကင်းဝေးပါစေချစ်မရေ ဒါလေးတွေလည်း ချစ်မဆီအားပေးလို့ ရတယ်လေ လှတာမှအရမ်းပဲ ” ဆိုပြီး အိတုန်က ကျေးဇူးတင် စကားပြောခဲ့ပါတယ်။

Credit:Cele Zone
Source: Ei Tone

About the author

Ms Cele

Leave a Comment