Local News


Written by Ms Cele





စိန်ခေါ်သူ နယ်သာလန် နိုင်ငံသား နဲ့ ယှဉ်ပြိုင် ထိုးသတ် ဖို့ အဆင်သင့်ဖြစ် နေပြီဖြစ်တဲ့ အောင်လအန် ဆန်း

ပရိတ်သတ်ကြီးရေ အခုလာမယ့် အောက်တိုဘာ(၃၀)ရက်နေ့မှာ စိန်ခေါ်လာသူ Reinier နဲ့ မြန်မာ့အချစ်တော် စပါးအုံးကြီး အောင်လအန် ဆန်း တို့ စင်ကာပူနိုင်ငံမှာ ယှဉ်ပြိုင်ထိုးသတ် ကြတော့မှာ ဘဲဖြစ်ပါတယ်။အောင်လအန်ဆိုင်းနဲ့ ယှဉ်ပြိုင်ထိုးသတ်မဲ့ စိန်ခေါ်သူ နယ်သာလန် နိုင်ငံသား ရေနီယာဒီရီဒါ ကတော့ (၁၂)ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်တင် ထားတဲ့သူ တယောက်ဘဲဖြစ်ပါတယ်။

အောင်လအန်ဆန်းကလည်း ပြိုင်ဘက်ကို အကောင်းဆုံးပုံစံနဲ့ယှဉ်ပြိုင် ထိုးသက်မှာဖြစ်ပြီး အနိုင်ရရှိမယ်လို့ အပြည့်အဝယုံကြည် ထားတာကို တွေ့ရပါတယ်။ဒီနေ့မှာ ကတော့ အောင်လအန်ဆန်းက ဒီရီဒါနဲ့ယှဉ်ပြိုင် ထိုးသက်ဖို့ စင်ကာပူနိုင်ငံကိုရောက်ရှိနေပြီ ဘဲဖြစ်ပါတယ်။စင်ကာပူမှာ အကြိုလေ့ကျင့်မှု ပြုလုပ်ပြီး ထိုးသတ်ဖို့အသင့်ဖြစ်ပြီလို့လည်း ပြောကြားထားပါတယ်။

ပရိတ်သတ်ကြီးကရော မြန်မာ့စပါးအုံးကြီးအောင်လက လေလုံးထွားတဲ့ ဒီရီဒါကိုပထမအချီမှာဘဲ ပွဲသိမ်းလိုက်မလား ရင်ခုန်စရာကောင်းစွာနဲ့ စောင့်ကြည့်ပေးပါဦး။

About the author

Ms Cele

Leave a Comment