Celebrity


Written by Ms Cele









Credit:Han Nyein Oo

စိန်တွေရွှေတွေ Liveလွှင့်ရောင်းတဲ့အပေါ် အောင်သမာဓိပိုင်ရှင် ဒဲ့ပြောပြီ

ဦးအောင်မင်္ဂလာပါဗျ.. မင်္ဂလာပါ.. မေးစရာလေးရှိလို့ပါ.. အေးမေးပါဗျာ..ခုတလော Live လွင့်ပီးစိန်တွေရွှေတွေရောင်းနေကြတဲ့ကိစ္စလေးမေးချင်လို့ပါ..မေးပါဘာသိချင်တာလည်း..ဦးအောင်တို့အောင်သမာဓိကရောLive လွင့်ပီးရောင်းသေးလား?? ရောင်းပါတယ်.. ဒီလိုရောင်းတော့ Live ရောင်းနေတုန်းဝယ်ရင်ဈေးလျှော့ပေးတာတွေရှိလားဗျ..မရှိခဲ့ပါဘူး..ဒ ါပေမဲ့တခုတော့ရှိတယ် Liveရောင်းနေချိန်မှာဒီဇိုင်းအောက်နေတဲ့ရွှေထည်(၅၀)လောက်ကိုတော့..အရော့လက္ခတွေမယူတော့ဘဲ..ရွှေဘိုးနဲ့ဘဲရောင်းပေးတာရှိခဲ့ပါတယ်..

ဘာလို့အဲလိုရောင်းနိုင်တာပါလဲ??ဒီဇိုင်းအောက်နေတော့မဟုတ်လည်းဖျက်ရင်ကိုယ်လည်းဘာမှမရတော့ဘူးလေ..ကြိုက်လို့ဝယ်တဲ့သူကြတော့..သက်သာသွားတာပေါ့..အဲဒီဖျက်မဲ့အထည်ရဲ့ရွှေအရည်သွေးတွေကရောကောင်ရဲ့လားဗျ.ပြန်ဝယ်ပေးရင်ရောဈေးတူဝယ်ပေးရဲ့လာ?..ကောင်းပါတယ်ဈေးတူဝယ်ပေးပါတယ်..ဆိုင်မှာက (၁၅ပဲနဲ့ ၁၆ပဲ) ရွှေရည်ကောင်းနှစ်မျိုးဘဲထားရောင်းတော့..ပြန်ရောင်းလည်း ဘာမှရှုံးစရာမရှိတော့ဘူးပေါ့..ရွှေဈေးတက်ရင်မြတ်တောင်မြတ်အုံးမှာပါ..

အောင်သမာဓိကဘာကြောင့် ရွှေတွေစိန်တွေလျှော့ဈေးမရောင်းရတာလည်း??ကိုယ်ပိုင်စိန်တွင်းရွှေတွင်းမရှိလို့ပါ.. ရှင်းပြပါအုန်းဗျ..လျှော့ရအောင်ကိုယ်တွင်းကထွက်လို့.. အလကားရရင်တော့လျှော့ပေးလို့ရမှာပေါ့..ဒီလိုမှမဟုတ်ဘဲလျှော့တယ်ဆိုရင်တော့..တခုခုမှားနေလို့ပါ..ရွှေဆိုင်စိန်ဆိုင်တွေဟာဘယ်သူမှတွင်းမရှိကြလေတော့..လိုအပ်လာရင်ဈေးကွက်မှာဘဲပြန်ဝယ်ရပါတယ်..ရွှေနဲ့စိန်ဈေးကွက်မှာတော့လျှော့ဈေးနဲ့ရောင်းတယ်ဆိုတာမကြားဘူးပါဘူး..

ဒီလိုဆိုရင်လျှော့ရောင်းနေကြတာဘာ့ကြောင့်ပါလည်း.. ဒါတော့ရောင်းတဲ့သူတွေဘဲမေးကြည့်ပေါ့..Live မှာဝယ်ရင်တစ်ဝက်လျှော့.. ဆစ်ရင်ဆစ်သလိုရနေကြတယ်တစ်ကယ်ရောဟုတ်ရဲ့လာ??ဆစ်လို့ရနေတယ်ဆိုတာစိန်ထည်တွေများပါတယ်..များသောအားဖြင့်ဈေးဝယ်တွေဟာစိန်နားမလည်တဲ့သူများတော့..မူလတန်ဘိုးဘယ်လောက်တန်လို့ဘယ်လောက်လျှော့ပေးတယ်ဆိုတာ ဈေးဝယ်သူနားမလည်တာခက်နေတာပါ..ဥပမာသိန်း (၁၀၀)တစ်ရာတန်ကို တဝက်လျှော့သိန် (၅၀)နဲ့ရောင်းတယ်ပေါ့.. အဲဒီပစ္စည်းကိုသူများသွားရောင်းရင်(သို့)

သူ့ဆိုင်ကသိန်း (၁၀၀)နဲ့ပြန်ဝယ်ပေးရင်တော့ သိန်း (၅၀) တကယ်မြတ်ရင်တော့အဟုတ်ပေါ့..ဒီလိုမဟုတ်ဘဲနဲ့… ပြန်ရောင်းရင်သိန်း (၅၀)အောက်လျှော့ရရင်တော့.. ခံရပီပေါ့.,Live မှာစိန်ထည်တွေသိန်းထောင်ချီဝယ်နေကြတယ်ဆိုတာဟုတ်ပါသလား??အောင်သမာဓိ Live မှာရော စိန်ထည်ပစွည်းတမျိုးထည်းသိန်းပေါင်း(၃/၄/၅)ထောင်းရောင်ရဘူးလားဗျ??မရောင်းရဘူးပါဘူး..သိနေတဲ့မိတ်ဆွေရင်တွေကဆိုင်မှာသူရောက်စဉ်ကမြင်ဘူးပီးသားပစ္စည်းကိုပြန်ဝယ်သွားတာ..သိန်နှစ်ရာဘိုးဘဲတခုတော့ ရောင်းဘူးပါတယ်.,.ဒီလိုဆိုရင်မင်းသမီးတွေနဲ့ Live မှာ ရောင်းနေရတဲ့စိန်ထည်းပစ္စည်းတွေ သိန်(၄/၅)ထောင်းရောင်းရတာ အမှန်ရောဖြစ်ပါမလား??ဒါတော့ရောင်းပေးတဲ့မင်းသမီးဝယ်သူတွေနဲ့ဆိုင်ရှင်တွေဘဲအတိအကျသိကြမှာပါ…

ဦးအောင်ရဲ့အမြင်လေးပြောပါအုန်း..တကယ်ချမ်းသာပြီးတကယ်ဝယ်နိုင်သူဘယ်သူမဆိုပေါ့..မြေ၊ကား၊စိန်၊တွေကိုကိုယ်တိုင်မမြင်ရဘဲ..လက်တွေ့မကြည့်ရမမြင်ရဘဲဝယ်တယ်ဆိုတဲ့လူမရှိသလောက်ရှားပါတယ်.. ရှိရင်တော့အတော်ထူးတာပါဘဲ..Live မှာဝယ်တဲ့ပစ္စည်းတွေဟာစိတ်မချရဘူးလို့ဆိုလိုတာလား??ဒီလိုတော့မဟုတ်ပါဘူး.. စိန်ကျောက်ရဲ့အရည်အသွေးကဘာလည်း..ရွှေဘယ်လောက်သားပါလည်း.. အရည်သွေးစစ်ထားတဲ့စာရွက်ပါရဲ့လား..ပြန်ရောင်းရင် ဘယ်လိုပြန်ဝယ်ပေးမှာလည်း.. ဒါတွေသိပီးရင်နားလည်းသူကိုရောတိုင်ပင်ပြီးပီလား?? ဒါတွေပြည့်စုံရင်ဝယ်လို့ရပါတယ်…,အောင်သမာဓိမှာ Live မှာဘယ်လောက်ထိအများဆုံးရောင်ရဘူးလည်း??မရောင်ရပါဘူး.. Live မှာပြတဲ့ပစ္စည်းတွေကကြော်ငြာတဲ့သဘောပါဘဲ..ကြည့်တဲ့သူတွေက ကြိုက်ရင်ဆက်သွယ်လာကြမှ.. ဝန်ထမ်းတွေနဲ့ဗိုက်ဘာကနေထပ်ပြ အသေးစိတ်ပြန်ကြည့်ပီးမှ ရောင်းရတာပါ.,

ဒီလို Live. မှာသိန်းထောင်ချီရောင်းနေရတာတွေကို အခွန်ဘယ်လိုဆောင်ကြပါသလည်း.. ဒါကတော့အခွန်ဝန်ထမ်းဝယ်ဆိုတဲ့ သူတွေနဲ့ ဆိုင်ရှင်တွေမေးကြည့်ပေါ့..အောင်သမာဓီရွှေဆိုင်ကရောအခွန်တွေဘယ်လိုဆောင်ပါသလဲ.. ဆိုင်ခွဲ(၄/၅)ဆိုင်ဘဲရှိပေမဲ့အထက်မြန်မာပြည်မှာတော့ အများဆုံးဆောင်နိုင်လို့ (ပထမ) ဆုရထားပါတယ်..ဘာများဖြည့်စွက်ပြောချင်ပါသေးလည်း.??စိန်တွေရွှေတွေအကြောင်းနားမလည်ဘဲ.. လျှော့ဈေးမက်နေရင်တော့ ငါးမျှားချိတ်ဟတ်မိတဲ့ငါးလို ဖြစ်တတ်ပါတယ်..မှတ်ချက်= “လူအ မကုန်၊ လူကုန် မအ”စာတစ်လုံးရဲ့ ကိုယ်တိုင်မေးကိုယ်တိုင်ဖြေ အင်တာဗျူးပါ..

Aung San Win (အောင်သမာဓိ စိန်ရွှေရတနာဆိုင် တည်ထောင်သူ/ပိုင်ရှင်)
Credit:Han Nyein Oo

About the author

Ms Cele

Leave a Comment