Celebrity

စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းသစ်မှာ ပါဝင်သီဆိုမယ့် အဆိုတော်ကို ချစ်တဲ့ စိတ်နဲ့ ဝန်းရံ အားပေးဖို့ အဆင်သင့် ပဲလို့ဆိုလာတဲ့ နန်းဆုရတီစိုး

Written by Ms Cele

စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းသစ်မှာ ပါဝင်သီဆိုမယ့် အဆိုတော်ကို ချစ်တဲ့ စိတ်နဲ့ ဝန်းရံ အားပေးဖို့ အဆင်သင့် ပဲလို့ဆိုလာတဲ့ နန်းဆုရတီစိုး





စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းသစ်မှာ ပါဝင်သီဆိုမယ့် အဆိုတော်ကို ချစ်တဲ့ စိတ်နဲ့ ဝန်းရံ အားပေးဖို့ အဆင်သင့်် ပဲလို့ဆိုလာတဲ့ နန်းဆုရတီစိုး

သက်ရှိအရုပ်မလေး တစ်ရုပ်လို ချစ်စရာ ကောင်းလွန်းတဲ့ နန်းဆုရတီစိုး ကတော့ လူလေးချစ်စရာ ကောင်းရုံသာမက ချိုသာတဲ့ အသံလေး ကိုလည်း ပိုင်ဆိုင်ထားတာမို့ သရုပ်ဆောင် လောကမှာရော ဂီတလောကမှာပါ အောင်မြင်နေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ နန်းဆုရတီစိုးကတော့ အခုဆိုရင် အသက်အရွယ် တစ်ခုကိုရောက်ရှိနေပြီ ဆုပေမယ့် ငယ်ရွယ်သူတွေ လိုက်လို့ မမှီနိုင်အောင် လှပနုပျိုနေဆဲ ဖြစ်ပါတယ်။ နန်းဆုကလည်း သူမရဲ့ ပရိသတ်တွေအတွက် အနုပညာ အလုပ် တစ်ခုတည်း ကိုသာ အာရုံစိုက် လုပ်ကိုင် နေရင်း တစ်ကိုယ်တည်း အပျိုကြီးအဖြစ် ရပ်တည် နေဆဲ ဖြစ်ပါတယ်။

အနုပညာလောက မှာ ကျင်လည်နေတာ ဆယ်စုနှစ်ကျော်တိုင် ရှိနေပြီဖြစ်တဲ့ နန်းဆုရတီစိုးက ဒီကနေ့မှာတော့ သူမဝန်းရံအား ပေးရမယ့် အဆိုတော်လေး တစ်ယောက်အကြောင်း ပြောပြလာပါတယ်။ နန်းဆုရတီစိုးက မကြာခင်မှာ ထွက်ရှိမယ့် စိုင်းစိုင်းခမ်းလှိုင်ရဲ့ Red Light ဆိုတဲ့ သီချင်း သစ်လေးမှာ ပါဝင်သီဆိုမယ့် အဆိုတော် ကို ချစ်တဲ့စိတ်နဲ့ ဝန်းရံအားပေးဖို့ အဆင်သင့်ဖြစ်နေကြောင်း “ကိုယ့်အချစ်နဲ့ဆိုတာ သိကတည်းက ဝန်းရံဖို့စောင့်နေတာကြာပါပြီရှင်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် My Day မှာ ပြောလာတာပ ဖြစ်ပါတယ်။

နန်းဆုရတီစိုးကတော့ စိုင်းစိုင်းခမ်းလှိုင် ရဲ့ သီချင်းသစ်မှာ ပါဝင်သီဆိုမယ့် အဆိုတော်က သူမသိပြီးသားသူ တစ်ယောက်ဖြစ်ကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Red Light သီချင်းမှာ စိုင်းစိုင်းနဲ့အတူတူ သီဆိုမယ့် အဆိုတော်က ဘယ်သူများဖြစ်မလဲ စိတ်ဝင်စား နေလောက်ပြီ ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment